Health Article

An Overview of Total Knee Replacement in Thailand

Share:

Total Knee Arthroplasty ခေါ်သော ဒူးဆစ်အစားထိုး ခွဲစိတ်မှုသည် ပျက်စီးသွားသော အရိုးနုနှင့် ဒူးဆစ်တစ်ဝိုက်ရှိ အောက်ခြေအရိုးအချို့ကို plastic spacer နှင့် သတ္တုဖြင့် အစားထိုးသည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ ပါးလွှာသော အရိုးမျက်နှာပြင်နေရာကိုသာ အစားထိုးထားသောကြောင့် ဤလုပ်ထုံးလုပ်နည်းကို “ဒူးမျက်နှာပြင်ပုံဖော်ခြင်း” ဟု ပိုမိုတိကျစွာဖော်ပြနိုင်သည်။

ဒူးဆစ်သည် လူ့ခန္ဓာကိုယ်တွင် အကြီးဆုံးအဆစ်ဖြစ်သောကြောင့် နေ့စဉ်လှုပ်ရှားမှုများလုပ်ဆောင်ရန်အတွက် ဒူးကျန်းမာရေးကို ထိန်းသိမ်းရန် အရေးကြီးပါသည်။ ပထမဆုံး ဒူးအစားထိုး ခွဲစိတ်မှုကို 1968 ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် သဘာဝအတိုင်း ဖြစ်နေအောင် ဖန်တီးပြုလုပ်လာခဲ့ကြသည်။ ခေတ်မီနည်းပညာများဖြင့် ဒူးအစားထိုးခွဲစိတ်မှုသည် အအောင်မြင်ဆုံးသော ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည်။

ဘယ်အချိန်မှာ စုစုပေါင်း ဒူးခေါင်းအစားထိုးဖို့ လိုအပ်ပါသလဲ။

နာတာရှည်ဒူးနာနှင့် မသန်မစွမ်းဖြစ်သူများအတွက ဒူးအစားထိုးခွဲစိတ်မှု လိုအပ်ပါသည်။ ခွဲစိတ်ကုသရန် လိုအပ်သော ဒူးနာအများစုသည် အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးကြောင့်ဖြစ်သည်။ ထိုအခြေအနေများထဲမှ တစ်ခုမှာ အရိုးအဆစ်ရောင်ခြင်း ၊ အသက် 50 နှစ်အထက် လူများကို ပုံမှန်အားဖြင့် အရိုးများကို ခိုင်ခံ့စေသော ဒူးအရိုးနုများ ကွဲအက်ခြင်း ဖြစ်သည်။ autoimmune ရောဂါကြောင့်ဖြစ်သော rheumatoid arthritis သို့မဟုတ် ပြင်းထန်သောဒူးဒဏ်ရာရရှိခြင်း သို့မဟုတ် ကျိုးသွားခြင်းကြောင့်ဖြစ်သော အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့သော အခြားသောပုံစံများသည်လည်း နာတာရှည်ဒူးနာခြင်းကို ဖြစ်သွားစေနိုင်ပါသည်။

နာတာရှည် ဒူးနာခြင်း သို့မဟုတ် ဒူးကို ပုံမှန်အတိုင်း ကြာရှည်စါာ မလှုပ်ရှားနိုင်လျှင် ဒူးအစားထိုး ခွဲစိတ်မှုကို စဉ်းစားရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် ဒူးနာခြင်း သို့မဟုတ် အဆစ်များတောင့်တင်းခြင်းအားကြောင့် သင်နေ့စဉ်လုပ်ဆောင်မှုများထိခိုက်ခြင်း၊ အိပ်နေစဉ် သို့မဟုတ် အနားယူနေစဉ် ဒူးနာခြင်း သို့မဟုတ် ပြန်လည်သန်စွမ်းခြင်း လေ့ကျင့်ခန်းများ သို့မဟုတ် ဆေးထိုးကုသခြင်းကဲ့သို့သော ဒူးနာကျင်မှုကို ကုသခြင်းတို့မှာ ထိရောက်မှုမရှိပါက ဆရာဝန်မှ ဒူးခေါင်းအစားထိုးခြင်းကို အကြံပြုပါလိမ့်မည်။

Total Knee Replacement Process ၏ အဆင့်များ

အရိုးအခြေအနေစစ်ဆေးခြင်း

ဒူးတစ်ခုလုံး အစားထိုးလဲလှယ်ရန် လိုအပ်နိုင်သည့်အခြေအနေဖြစ်ပါက ပထမအဆင့်မှာ ဒူးဆစ်ရိုးဆိုင်ရာ အထူးကုဆရာဝန်တစ်ဦးနှင့် ဆွေးနွေးသင့်ပါသည်။ သင့်ဒူးအခြေအနေနှင့် နာကျင်မှုကမည်မျှထိ နေ့စဥ◌်လှုပ်ရှားမှုကို တားဆီးနေသည်ကို စတင်စစ်ဆေးပါမည်။

စစ်ဆေးနေစဉ်အတွင်း သင့်ဆရာဝန်သည် သင့်ကျန်းမာရေးမှတ်တမ်းကို ကြည့်ရှုပြီး သင့်ဒူးကြံ့ခိုင်မှု၊ ရွေ့လျားမှုနှင့် တဖက်နှင့်တဖက်ညီမျှမှုတို့ကို ပဏမအနေဖြင့် စစ်ဆေးမည်ဖြစ်သည်။ ထို့ပြင် သင့်ဒူးဆစ်၏ ကြည်လင်ပြတ်သားသော ပုံများကို ရရှိရန် ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် MRI စကင်န်ကိုလည်း လုပ်ဆောင်နိုင်သည်။

ခွဲစိတ်မှုအတွက်ပြင်ဆင်ခြင်း။

ခွဲစိတ်ရန် အဆင်ပြေသည်နှင့်တကွ၊ သင့်ဆရာဝန်သည် ခွဲစိတ်စဥ◌်နှင့် အပြီးတွင် နောက်ဆက်တွဲပြဿနာများဖြစ်စေနိုင်သော ကျန်းမာရေးပြဿနာများ မရှိစေရန်အတွက် စစ်ဆေးမှုများကိုလည်းသေချာစွာစစ်ဆေးမည်ဖြစ်သည်။ ၎င်းတွင် ဆီးနှင့် သွေးစစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ ပါဝင်နိုင်သည်။ ခွဲစိတ်ခြင်းမစခင်တွင် အချို့သော ဆေး၀◌ါးများကို ခေတ္တရပ်နားထားရန်လည်းလိုအပ်ပါသည်။

ဒူးအစားထိုးခြင်းလုပ်ငန်းစဥ◌်

ဆေးရုံကိုရောက်တဲ့အခါ ဆရာဝန်တွေက ခွဲစိတ်နည်းနဲ့ အသုံးပြုမယ့် အစားထိုးပစ္စည်းမျာအကြာင်းကိုပါ မခွဲခင်မှာ အသေးစိတ် ဆွေးနွေးပေးမှာဖြစ်လို့ ကြိုတင်သိရှိထားနိုင်ခြင်းဖြင့် စိတ်ပူပန်မှုကို လျော့ချနိုင်သည်။ ထို့နောက် ခွဲစိတ်မှုမတိုင်မီ မေ့ဆေးပေးပါမည်။

ခွဲစိတ်မှုသည် 1-2 နာရီကြာမည်ဖြစ်ပြီး ခွဲစိတ်ခန်းမှထွက်လာသောအခါ မေ့ဆေးပြယ်ပြီးသည့်တိုင် လူနာကြပ်မတ်ဆောင်တွင် ခေတ္တစောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။ ထို့နောက်ဆေးရုံတွင် တစ်ညတက်ရန်လိုအပ်ပါသည်။

Vejthani ဆေးရုံ၏ ကျွမ်းကျင်ဒူးဆစ်ခွဲစိတ်ဆရာဝန်များသည် ၎င်းတို့၏ အဆစ်ခွဲစိတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှုလက်မှတ်များ ရရှိထားသည်။ ခွဲစိတ်မှုကို တိကျသေချာစွာ ပြီးမြောက်အောင်မြင်စေရန်အတွက် ကွန်ပျူတာအကူအညီနှင့် စက်ရုပ်အကူအညီ ခွဲစိတ်မှုနည်းပညာများ အပါအဝင် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုပါသည်။ ကျွန်ုပ်တို့၏ သေးငယ်သော နည်းပညာသစ် အစားထိုးခွဲစိတ်မှုများကြောင့် လူနာများသည် ခွဲစိတ်ပြီးနောက် 6-12 နာရီအတွင်း လမ်းလျှောက်နိုင်ပါသည်။.

ခွဲစိတ်ပြီးနောက်

ခွဲစိတ်မှုအောင်မြင်သော်လည်း ဒူးဆစ်ပိုမိုပြန်လည်ကောင်းမွန်စေရန် ပြန်လည်သန်စွမ်းရေးစသည့် လေ့ကျင့်ခန်းများကို ဆက်လုပ်ရမည်ဖြစ်ပါသည်။ ယင်းအပိုင်းသည်လည်း ခွဲစိတ်ခြင်းကဲ့သို့လွန်စွာအရေးကြိီးပါသည်။ နာကျင်မှုများမရှိစေသလို ခွဲပြီး ပိုးများ ၀◌င်ရောက်ခြင်းမှ ကာကွယ်ရန် ခွဲပြီးနောက်ပိုင်း ဆရာ၀◌န်မှ ဆေး၀◌ါးများ ဆက်လက်ပေးထားဦးမည်ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ချုပ်ရိုးချုပ်ရိုးများကို ခွဲစိတ်ပြီးနောက် နှစ်ပတ်ခန့်အကြာတွင် ဖယ်ရှားပါနိုင်ပါသည်။

သင်ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ၊ သင်သည်လည်း တဖြည်းဖြည်း ပိုမိုရွေ့လျားလာနိုင်သည်။ သင်၏ ဒူးဆစ်အသစ်ကို အားကောင်းစေရန် သင့်ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာပြီး သင့်လျော်သော လေ့ကျင့်ခန်းများကို လုပ်ဆောင်ရန် လိုအပ်သည်။ ခွဲစိတ်မှုအပြီး ၃ပတ်မှ ၆ပတ်အတွင်း ပုံမှန်နေ့စဥ်လှုပ်ရှားမှုအများစုကို သင်ပြန်လုပ်နိုင်ပါမည်။

Vejthani ဆေးရုံတွင် ဒူးခေါင်းအစားထိုးခြင်း ၀◌န်ဆောင်မှု

Vejthani ဆေးရုံရှိဒူးခေါင်းနဲ့အရိုးစင်တာသည် ထိုင်းနိုင်ငံတွင် ဒူးဆစ်အစားထိုး လိုအပ်နေသူတိုင်းအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကုသမှုပေးနေသော စင်တာတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ခေတ်မီစက်ကိရိယာများကို အရည်အသွေးမြင့် လူနာစောင့်ရှောက်မှုပေးနိုင်ရန် အတွေ့အကြုံရှိသော ခွဲစိတ်ဆရာဝန်များနှင့် ဝန်ထမ်းများမှ အထူးစီမံစောင့်ရှောက်မှုပေးပါသည်။ စုစုပေါင်း ဒူးအစားထိုးခွဲစိတ်မှုအကြောင်း ပိုမိုသိရှိရန်နှင့် ရက်ချိန်းယူရန် ကျွန်တော်တို့ မြန်မာစင်တာကို တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

မြန်မာဗိုင်ဘာဖုန်း +66 8 19845111

  • Readers Rating
  • Rated 3.8 stars
    3.8 / 5 (2 )
  • Your Rating



Related Posts