Health Article

နှလုံးအဆို့ရှင်မလုံခြင်းရောဂါကုသမှုမှာ "အဆို့ရှင်အစားထိုး & တာထက်စာရင် & အဆို့ရှင်ပြုပြင်တဲ့ခွဲစိတ်မှု & ကပိုကောင်းပါတယ်။

Share:

နှလုံးအဆို့ရှင်မလုံခြင်းရောဂါဆိုတာဟာ လူတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးရောဂါတစ်ခုပါ။ အရင်တုန်းကတော့ နှလုံးအဆိုရှင်ရောဂါဖြစ်လာပြီဆိုရင် အဆို့ရှင်အစားထိုးခွဲစိတ်မှု ပြုလုပ်ပြီး ကုသလေ့ရှိပါတယ်။ အဆို့ရှင်အစားထိုးခွဲစိတ်မှုဟာ ဘေးထွက်ဆိုးကျိုးများရှိတတ်ပြီး တစ်သက်လုံးဆေးများသောက်သုံးပြီး ထိန်းသိမ်းရပါတယ်။

အခုအချိန်မှာတော့ အဆို့ရှင်တစ်ခုလုံးလဲစရာ မလိုတော့ပဲ “နှလုံးအဆို့ ပြုပြင်ခြင်းခွဲစိတ်မှု” Heart-valve Repair Surgery ကို ပြုလုပ်လို့ရနေပြီဖြစ်ပါတယ်။ 

ဝေ့ဌာနီဆေးရုံကြီးရဲ့ နာမည်ကြီးနှလုံးခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာ တာဝီးဆပ် (Dr. Taweesak Chotivatanapong) မှအခုလိုရှင်းပြထားပါတယ်။

နှလုံးအဆို့ရှင်မလုံခြင်းရောဂါဆိုတာ နှလုံးရဲ့အဆို့ရှင်မှာ အပေါက်ဖြစ်နေခြင်း၊ မလုံခြင်းဖြစ်နေခြင်းကိုခေါ်ပါတယ်။ပုံမှန်ဆိုရင် နှလုံးကသွေး(၅)လီတာလောက် ထုတ်ပေးနိုင်ရာကနေ အဆို့ရှင်မလုံခြင်းကြောင့် (၂)လီတာလောက်ဟာ ရောက်သင့်တဲ့ နေရာမရောက်ပဲ လျှံကြကုန်ပါတယ်။ အဲဒီအခါ နှလုံးကအလုပ်ပို့လုပ်ရလေ့ရှိပါတယ်။ အပေါက်သေးသေးမပုံတာဆိုကိစ္စမရှိပေမယ့် ပိုပြီးဆိုးလာတဲ့အခါ အောက်ပါလက္ခဏာတွေခံစားရခိုင်ပါတယ်။

  • ပင်ပန်းလွယ်ခြင်း
  • ခေါင်းမူးခြင်း
  • သတိလစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးတုန်ခြင်း
  • ခြေလက်များဖောရောင်ခြင်းတို့ ဖြစ်လာပါမယ်။

နှလုံးအဆို့ရှင်မလုံခြင်း (Heart-valve Regurgitation) ဟာအရွယ်အမျိုးမျိုးမှာဖြစ်ပွားခိုင်ပါတယ်။ အဓိကကကော့မွေးရာပါအပေါက်ပါနေခြင်း၊ Rheumatic Disease လို့ခေါ်တဲ့ ရောဂါ၊ အသက်ကြီးလာလို့နှလုံးပျက်စီး လာတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

အဆို့ရှင်ရောဂါဖြစ်လာပြီဆိုရင် ခွဲစိတ်ကုသနည်း (၂) မျိုးနဲ့ကုသနိုင်ပါတယ်။

၁။ Heart-valve Replacement Surgery နှလုံးအဆို့ရှင်အစားထိုးလဲလှယ်ခြင်း

နှလုံးအဆို့ရှင်နဲ့ဆင်တူတဲ့ အဆို့ရှင်တစ်ခု(သတ္တု၊ တိရစ္ဆာန်၏နှလုံးအဆို့ရှင်) ကိုအစားထိုးတပ်ဆင်တဖြစ်ပါတယ်။ ပိုးဝင်ခြင်းနှင့်နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်နိုင်ချေရှိပါတယ်။ လူနာအနေနဲ့ သွေးမခဲအောင် သွေးကျဲဆေးကိုတစ်သက်လုံးသောက်သုံးသွားရပါမယ်။

၂။ Heart-valve Repair Surgery နှလုံးအဆို့ရှင်ပြုပြင်ခြင်း

နဂိုမူလ ရှိပြီးသားနှလုံးအဆို့ရှင်ကို ဖာထေးပြုပြင်ခြင်းခွဲစိတ်မှုဖြစ်ပါတယ်။ ပြင်ပပစ္စည်းထည့်သွင်းတာမဟုတ်တဲ့အတွက် မူလနှလုံး စွမ်းဆောင်ရည်ကိုပြန်လည်ရရှိစေပြီး ဘေးထွက်ဆိုးကျိုးများလည်း အလွန်လျော့နည်းသွားမှာဖြစ်ပါတယ်။ ခက်ခဲတဲ့ခွဲစိတ်မှုတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံမှာတောင်ခွဲနိုင်တဲ့ ဆရာဝန်ရှားပါတယ်။ ဝေ့ဌာနီရဲ့ ဒေါက်တာတာဝီးဆပ် ကတော့ Heart-valve Repair Surgery ကိုလူနာပေါင်းများစွာ ခွဲစိတ်အောင်မြင်ခဲ့တဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။

  • Readers Rating
  • Rated 3.6 stars
    3.6 / 5 (6 )
  • Your Rating




Related Posts