နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု – လက်ရှိကျန်းမာနေချိန်သည် သင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်

ကျန်းမာရေးဆိုင်ရာ စာစောင်များ
Featured Image

လူကြီးမင်း၏ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးလိုအပ်ချက်များသည်လည်း ပြောင်းလဲလာပါသည်။ မိမိဘဝ၏ ကွဲပြားသော အသက်အရွယ်အပိုင်းအခြားအလိုက် အချို့သော ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါသည်။ ထိုရောဂါများတွင် ကင်ဆာရောဂါအမျိုးမျိုး၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးကြောကျဉ်းရောဂါများ ပါဝင်ပါသည်။ လူတိုင်းသည် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သည့် အလေ့အကျင့်ကို မပျက်မကွက် မွေးမြူသင့်ပြီး၊ ဤလေ့ကျင့်ခန်းကို မိမိနှင့် မိမိသားစု၏ ကောင်းမွန်သော ကျန်းမာရေးအတွက် တစ်သက်တာ ကတိကဝတ်တစ်ခုအဖြစ် လုပ်ဆောင်သင့်ပါသည်။

ဘန်ကောက်မြို့ရှိ ဆေးရုံအများစုသည် အသက်အရွယ်အလိုက် အဓိကထား စစ်ဆေးသည့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု အမျိုးအစားပေါင်းများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အမျိုးသား၊ အမျိုးသမီး နှင့် အသက်အရွယ်အလိုက် သီးသန့်ရေးဆွဲထားသော ဤနှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများသည် သင့်အသက်အရွယ်အလိုက် အကောင်းဆုံး ကျန်းမာရေးအခြေအနေတွင် ရှိနေစေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ကျန်းမာရေးစစ်ဆေးမှုများသည် အချို့သော အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်ပုံ ရှိမရှိ သေချာစေရန်၊ ကြိုတင်ကာကွယ်ကုသမှုများ ပြုလုပ်ရန်နှင့် လူနာများတွင် စိုးရိမ်ဖွယ်ရာ ရောဂါလက္ခဏာများ ပြသခြင်း မရှိစေရန် ပိုမိုအဓိကထား စစ်ဆေးပေးပါသည်။

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သည့် အကြိမ်တိုင်းတွင် သင့်ဆရာဝန်သည် သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း (lipid profile) ကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။ ဤစစ်ဆေးမှုသည် သင့်၏ ကောင်းသော ကိုလက်စထရော (HDL)၊ မကောင်းသော ကိုလက်စထရော (LDL) နှင့် ထရိုင်ဂလီးစရိုက် (triglycerides) အဆင့်များကို စစ်ဆေးပေးပြီး၊ အသက်အရွယ် ဆက်လက်ကြီးရင့်လာသည်နှင့်အမျှ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် သွေးကြောကျဉ်းရောဂါများ ဖြစ်ပွားနိုင်ခြေကို ဆရာဝန်များက ဆုံးဖြတ်ရာတွင် ကူညီပေးပါသည်။

နှစ်စဥ်ကျန်းမာရေး စစ်ဆေးခြင်း

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ဖြင့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်ခြင်း

လက်ရှိတွင် သင်သည် အသက်အရွယ်ကြောင့်ဖြစ်တတ်သော ရောဂါများနှင့် ဝေဒနာများကို ခံစားနေရခြင်းမရှိသေးသော်လည်း သင့်ဆရာဝန်သည် သင်၏ နေထိုင်မှုပုံစံနှင့် မိသားစု ဆေးရာဇဝင်တို့ကို မေးမြန်းပါလိမ့်မည်။ သင်ဖြေကြားခဲ့သည့် အဖြေများသည် အနာဂတ်တွင် ထိုသို့သော ပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားမှု ရှိမရှိကို ဆရာဝန်များအတွက် သိရှိစေမည်ဖြစ်ပါသည်။ သင့်အဖြေများနှင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု ရလဒ်များပေါ် မူတည်၍ သင့်နေထိုင်မှုပုံစံတွင် အချို့သော ပြောင်းလဲမှုများကို ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။

ဤအကြံပြုချက်များကို သေချာစွာ နားထောင်ပြီး လိုက်နာရန် အရေးကြီးပါသည်။ ဆရာဝန်သည် သိပ္ပံပညာနှင့် ဆေးပညာဆိုင်ရာ ဗဟုသုတများပေါ် အခြေခံ၍ ဘက်လိုက်မှုမရှိဘဲ ဆေးပညာဆိုင်ရာ ရှုထောင့်မှ လေ့လာတွေ့ရှိချက်များအတိုင်း အကြံပြုပေးခြင်း ဖြစ်ပါသည်။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ အသက်အရွယ်အရ ပြောင်းလဲလာပုံ

သင်၏ အသက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိလာချိန်တွင် ကျန်းမာရေးစစ်ဆေးမှု၏ အဓိကဦးတည်ချက်သည် ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် အထွေထွေကျန်းမာရေး စိတ်ချရမှုရှိစေခြင်းတို့မှ သီးခြားရောဂါများနှင့် ဝေဒနာများ ရှိမရှိ စမ်းသပ်ရှာဖွေခြင်းသို့ ပြောင်းလဲသွားပါလိမ့်မည်။ အသက် ၃၅ နှစ်ကျော်ပြီးနောက် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးသည် သွေးတွင်းမှတစ်ဆင့် ကင်ဆာရောဂါ အရိပ်အမြွက်ကို ရှာဖွေစစ်ဆေးသည့် ပြီးပြည့်စုံသော ကင်ဆာရောဂါရှာဖွေရေး ဓာတ်ခွဲခန်းစစ်ဆေးမှုကို ခံယူရပါမည်။

ဤကျန်းမာရေးစစ်ဆေးမှုများသည် သင့်အသက်အရွယ်ပေါ် မူတည်၍ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် နာတာရှည်ဝေဒနာ အများစုသည် အသက် ၃၅ နှစ်မှ ၆၀ နှစ်ကြားတွင် ဖြစ်ပွားလေ့ရှိပါသည်။ အမျိုးသမီးများအတွက် မိသားစု ဆေးရာဇဝင်သည် နှစ်စဉ် ရင်သား ဓာတ်မှန် စတင်ရိုက်ကူးသင့်သည့် အသက်အရွယ်ကို ဆုံးဖြတ်ရာတွင် ဆရာဝန်အား ကူညီပေးမည်ဖြစ်သော်လည်း ဆရာဝန်အများစုက အမျိုးသမီးများအနေဖြင့် အသက် ၅၀ အရွယ်တွင် စတင်ရိုက်ကူးရန် အကြံပြုကြပါသည်။

အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးအတွက် သွေးစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပြီး အသည်းလုပ်ဆောင်ချက် စစ်ဆေးမှုများနှင့် ကင်ဆာအမှတ်အသား စစ်ဆေးမှု (tumor marker tests) အမျိုးအစား အများအပြားကို ခံယူရပါမည်။ သင် အသက်ကြီးလာသည်နှင့်အမျှ ဆရာဝန်သည် သင့်ဟော်မုန်းပမာဏ၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် ကယ်လ်ဆီယမ် ပမာဏများကို ပိုမိုအာရုံစိုက် စစ်ဆေးပေးပါလိမ့်မည်။ သဘာဝအတိုင်း ဇရာထက်သန်လာမှုကြောင့် လျော့နည်းသွားသော ပမာဏများကို အစားထိုးရန်အတွက် ဖြည့်စွက်စာများ သို့မဟုတ် ဟော်မုန်းကုထုံးများကို အကြံပြုနိုင်ပါသည်။

ကယ်လ်ဆီယမ်ဓာတ် လျော့နည်းခြင်းသည် အရိုးပွရောဂါကို ဖြစ်စေနိုင်ပါသည်။ ဆရာဝန်သည် အရိုးသိပ်သည်းဆနှင့် အရိုးပြုန်းတီးမှုပမာဏကို ဓာတ်မှန်ရိုက်ကူးမှု အမျိုးအစားတစ်မျိုးဖြစ်သော ထိခိုက်နာကျင်မှုမရှိသည့် DEXA scan ဖြင့် တိကျစွာ တိုင်းတာစစ်ဆေးနိုင်ပါသည်။ DEXA ဆိုသည့် အတိုကောက်စာလုံးသည် Dual-Energy X-ray Absorptiometry ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဟော်မုန်းမမျှတမှုများသည် သင်၏ လူနေမှုဘဝအရည်အသွေးကို ထိခိုက်စေနိုင်သော လက္ခဏာရပ် အားလုံးအတွက် တာဝန်ရှိပါသည်။ ဤပြဿနာနှစ်ခုစလုံးသည် ကုသမှုများဖြင့် စီမံခန့်ခွဲရန်နှင့် ပြုပြင်ရန် အတော်အတန် လွယ်ကူပါသည်။

ဤအသက်အရွယ်အပိုင်းအခြားသည် ဆရာဝန်က နှလုံးကို ပိုမိုအာရုံစိုက် စစ်ဆေးပေးသည့် အရွယ်လည်းဖြစ်ပါသည်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို တွေ့ရှိပါက ဆရာဝန်သည် Exercise Stress test၊ EKG နှင့် CCTA စစ်ဆေးမှုအပါအဝင် နှလုံးဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ရန်နှင့် နှလုံးအထူးကုနှင့် ဆက်လက်ပြသရန် အကြံပြုနိုင်ပါသည်။

ဘန်ကောက်မြို့ရှိ One-stop ကျန်းမာရေးစမ်းသပ်စစ်ဆေးရေးဌာန

သင်၏ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုအတွင်း ပေးအပ်သော အကြံပြုချက်များသည် သင့်တစ်သက်တာလုံး ကျန်းမာသော လမ်းကြောင်းပေါ်တွင် ရှိနေစေရန် ကူညီပေးပါလိမ့်မည်။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းသည် အသက်အန္တရာယ်ရှိသော ရောဂါများ ဖြစ်ပွားခဲ့ပါကလည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် အခွင့်အရေး အမြင့်ဆုံးကို ရရှိစေပါသည်။ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းနှင့် ကုသမှုခံယူခြင်းတို့သည် ကင်ဆာရောဂါနှင့် လက္ခဏာမပြသော အခြားသော ရောဂါအများအပြားကို အောင်မြင်စွာ တိုက်ထုတ်နိုင်သည့် အခွင့်အရေးကို ပေးစွမ်းနိုင်ပါသည်။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး သည် သင့်ဘဝ၏ အသက်အရွယ် အပိုင်းအခြားတိုင်းတွင် သင်၏ ကျန်းမာရေးအပြင် မိသားစု၏ ကျန်းမာရေးကိုပါ စောင့်ကြည့်စစ်ဆေးပေးနိုင်သော One-stop ကျန်းမာရေး စစ်ဆေးမှုကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး မှ ဆရာဝန်များနှင့် ဝန်ထမ်းများသည် သင်နှင့် သင့်ချစ်ခင်ရသူများ၏ ကျန်းမာရေးနှင့် ပျော်ရွှင်မှုကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မည့် စစ်ဆေးမှုများကို ပြုလုပ်ရန် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများတွင် နောက်ဆုံးပေါ် နည်းပညာများနှင့် စက်ကိရိယာများကို အသုံးပြုထားပါသည်။

အသေးစိတ်အချက်အလက်များအတွက် စုံစမ်းရန်-

Executive Healthcare Center, ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – 02-734-0000 လိုင်းခွဲ 1111
မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447

Readers’ Rating

0.0 out of 5 stars (based on 0 reviews)