ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး – ဘန်ကောက်မြို့ရှိ ကျောရိုးဆစ်အထူးကုဆေးရုံကြီး

ကျန်းမာရေးဆိုင်ရာ စာစောင်များ
ခါးနာခြင်း ဝေဒနာ

Table of Contents

နာတာရှည် ခါးနာခြင်း ဝေဒနာ များသည် လူတိုင်းလိုလို၏ သာမန် နေ့စဉ် လှုပ်ရှားသွားလာမှုများကို သက်ရောက်မှု ရှိစေနိုင်ပါသည်။ မိမိ၏ ကျောရိုးဆစ် ပြဿနာများမှာ နာတာရှည် ဖြစ်လာပြီး နေ့စဉ် လှုပ်ရှားသွားလာ ကုသမှုများကို အဟန့်အတား ဖြစ်စေသည့်အခါ မိမိ၏ ရောဂါအတွက် မှန်ကန်သော ကုသမှုကို ပေးနိုင်မည့် ဘန်ကောက်မြို့ရှိ အကောင်းဆုံး ကျောရိုးဆစ် အထူးကု ဆေးရုံကြီးကို ရှာဖွေ ကုသမှု ခံယူရန် လိုအပ်လာမည် ဖြစ်ပါသည်။

အရိုးနှင့် အဆစ် အထူးကု ဆေးကုသမှု – ဝေ့ဌာနီ ဆေးရုံကြီး အထူးပြု ဘာသာရပ်

အတိတ်ကာလက ဘန်ကောက်မြို့ရှိ ဆေးရုံ အများစုသည် ကျောရိုးဆစ်ဆိုင်ရာ ကုသမှုများနှင့် ဝန်ဆောင်မှုများကို တစ်ပြေးညီ အဆင့်ဖြင့်သာ ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြပါသည်။ သို့သော် ဝေ့ဌာနီ ဆေးရုံကြီးသည် အရိုးနှင့် အဆစ် အထူးကု ဆေးကုသမှုကို သီးသန့် အထူးပြု ဘာသာရပ်အဖြစ် အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ထို့ကြောင့် မိမိတို့၏ အရိုးနှင့် အဆစ် အထူးကု ဆေးခန်း၏ ဝန်ဆောင်မှု အဆင့်အတန်းကို ထိပ်တန်း အဆင့်သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပါသည်။

ဝေ့ဌာနီ ဆေးရုံကြီးသည် အရိုးနှင့် အဆစ်အထူးကု ဌာနကို သီးခြား အထူးပြု ကုသပေးသည့် အထူးကုဌာန (၄) ခု ခွဲခြား၍ စနစ်တကျ ဖွဲ့စည်းထားရှိပါသည် –

  • အရိုးနှင့် အဆစ် အထူးကုဌာန (Orthopedics Center)
  • တင်ပါးဆုံနှင့် ဒူးဆစ် အထူးကုဌာန (Hip and Knee Center)
  • ကျောရိုးဆစ် အထူးကုဌာန (Spine Center)
  • အဆင့်မြင့် ပြန်လည်သန်စွမ်းရေး အထူးကုဌာန (Advanced Rehabilitation Center)

အဆိုပါ အထူးကုဌာနများကို ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး၏ ပင်မ အဆောက်အအုံ ဘေးတွင် သီးသန့် ဆောက်လုပ်ထားသော အဆောက်အအုံသစ်တွင် ဖွင့်လှစ်ထားရှိပါသည်။ ထို အဆောက်အအုံသစ်ကို “King of Bones” ဟု အမည်ပေးထားပါ အဆိုပါ အမည်မှာ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ပြုစုကုသမှုအပေါ် သဘောကျ ကျေနပ်ခဲ့ကြသော ပြည်ပမှ လာရောက် ကုသသူ လူနာများက ကင်ပွန်းတပ် ခေါ်ဆိုခဲ့ကြခြင်း ဖြစ်ပါသည်။

ဘန်ကောက်မြို့ရှိ အဆင့်မြင့်မားသော ကျောရိုးဆစ် ဆေးကုသမှုအချို့

Spine Center (ကျောရိုးဆစ် အထူးကုဌာန) သည် သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၏ အတွေ့အကြုံ၊ ဗဟုသုတများနှင့် အောက်ပါ ခေတ်မီ နည်းပညာရပ်များကို ပေါင်းစပ်ထားပါသည်။ ကျောရိုးဆစ် ဝေဒနာများအတွက် ခွဲစိတ်ကုသမှုနှင့် ခွဲစိတ်ရန်မလိုသော ပြုစုကုသမှုများကို ဘက်ပေါင်းစုံမှ အပြည့်အဝ ပံ့ပိုးကူညီပေးလျက် ရှိပါသည် –

  • O-arm Navigation စနစ်
  • စက်ရုပ်နည်းပညာ (Robotics)
  • မှန်ပြောင်းသုံး ခွဲစိတ်နည်းပညာ (Endoscopy)
  • အဏုကြည့်မှန်ဘီလူးသုံး ခွဲစိတ်နည်းပညာ (Microscopy)
  • ခွဲစိတ်စဉ် အာရုံကြော စောင့်ကြည့်စစ်ဆေးသည့် နည်းပညာ (Intra-Operative Neuromonitoring)

ကျောရိုးဆစ် အထူးကုဌာနသည် လူနာ၏ ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို ပြန်လည်ကောင်းမွန်စေရန်၊ ထိန်းသိမ်းပေးရန်နှင့် တိုးတက်စေရန်အတွက် အထူးကု ဆရာဝန်ပေါင်းစုံ ပါဝင်သော ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဖြင့် အဆိုပါ နည်းပညာများကို အသုံးပြု၍ ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။

ကျောရိုးဆစ် အထူးကုဌာန၏ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများမှာ –

ကျောရိုးဆစ်ကြား အပြားခွဲဖြတ်ခြင်း သို့မဟုတ် မှန်ဘီလူးသုံး ကျောရိုးဆစ်ကြား အပြားခွဲဖြတ်ခြင်း (Discectomy or Microdiscectomy)

ဤသည်မှာ ကျွံထွက်နေသော ကျောရိုးဆစ်ကြား အပြားကို ဖယ်ရှားသည့် ကုသမှု ဖြစ်ပါသည်။ အဆိုပါ အပြားကို ဖယ်ရှားပေးခြင်းဖြင့် အာရုံကြောပေါ် ဖိအားသက်ရောက်မှုကို သက်သာစေပြီး နာကျင်မှုကို လျှော့ချပေးကာ လှုပ်ရှားသွားလာမှုကို ပုံမှန်အတိုင်း ပြန်လည် ရရှိစေပါသည်။ မှန်ဘီလူးသုံး ကျောရိုးဆစ်ကြား အပြားခွဲဖြတ်ခြင်း (Microdiscectomy) သည် ထိခိုက်ဒဏ်ရာ အနည်းဆုံး ခွဲစိတ်နည်းပညာ ဖြစ်ပြီး ဝေဒနာကို လျင်မြန်စွာ သက်သာစေပါသည်။

ကျောရိုးဆစ်ကြား အပြား အစားထိုးခြင်း (Disc Replacement)

ကျောရိုးဆစ်ကြား အပြား အစားထိုးခြင်းသည် ကျောရိုးဆစ် ဆက်သည့် ခွဲစိတ်မှုအစားထိုး ဆောင်ရွက်သည့် ကုသမှု ဖြစ်ပါသည်။ ထိခိုက်ထားသော သို့မဟုတ် ထွက်နေသော ကျောရိုးဆစ်ကြား အပြားနေရာတွင် အတုတစ်ခုဖြင့် အစားထိုးပေးခြင်း ဖြစ်ပါသည်။

ကျောရိုးမ အာရုံကြောထွက်ပေါက် ချဲ့ပေးခြင်း (Foraminotomy)

ဤသည်မှာ ကျောရိုးမကြီးမှ အာရုံကြောမကြီးများ ခွဲထွက်သွားသည့် မြောင်းအတွင်းရှိ အရိုး သို့မဟုတ် အသားစ အစိတ်အပိုင်းများကို ဖယ်ရှားပေးသည့် ကုသမှု ဖြစ်ပါသည်။

ကျောရိုးဆစ် ကွင်းထုတ်ခြင်းနှင့် အပေါက်ဖောက်ခြင်း (Laminectomy and Laminotomy)

Laminectomy သည် ကျောရိုးမြောင်းအတွင်း နေရာကျယ်သွားစေရန်နှင့် ဖိအားနှင့် နာကျင်မှုကို သက်သာစေရန် ကျောရိုးဆစ် နောက်ဘက်ရှိ အရိုးပြားပါးကို ဖယ်ရှားပေးခြင်း ဖြစ်ပါသည်။ Laminotomy သည် ကျောရိုးမကြီးကို ဖုံးအုပ်ထားသော အရိုးကွင်း၏ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားပေးခြင်း ဖြစ်ပါသည်။ ယင်း ကုသမှု နှစ်မျိုးစလုံးသည် ကျောရိုး အာရုံကြောပေါ်ရှိ ဖိအားများကို လျှော့ချပေးပြီး ခါးနာခြင်း ဝေဒနာ ကို သက်သာစေပါသည်။

ကျောရိုးစောင်းခြင်းကို ပြုပြင်ကုသခြင်း (Scoliosis Correction)

ကလေးများတွင် ဖြစ်ပွားသော ကျောရိုးစောင်းခြင်းကို ပြုပြင်ကုသရန် ဆရာဝန်များ အသုံးပြုနိုင်သည့် နည်းလမ်း အများအပြား ရှိပါသည်။ ကလေးသည် ကြီးထွားဆဲ အရွယ်ဖြစ်ပါက ကျောရိုးစောင်းခြင်းသည် အလိုအလျောက် ပြန်လည် ကောင်းမွန်သွားလေ့ ရှိသောကြောင့် ရောဂါအခြေအနေကို စောင့်ကြည့်စစ်ဆေးခြင်းဖြင့်သာ ကုသမှုကို စတင်လေ့ ရှိပါသည်။

ပိုမို ဆိုးရွားသော ရောဂါအခြေအနေများတွင် ကျောရိုးထိန်း ကိရိယာ (Brace) ဝတ်ဆင်ရန် လိုအပ်နိုင်ပါသည်။ အဆိုးရွားဆုံး အခြေအနေများတွင်မူ ကျောရိုးဆစ် ဆက်ခြင်း (Spinal Fusion)၊ ဆန့်ထွက်နိုင်သော ဒေါက်ချောင်း ထည့်သွင်းခြင်း (Expanding Rod) သို့မဟုတ် ကျောရိုးဆစ် ကြိုးဖြင့် ချည်နှောင်ခြင်း (Vertebral Body Tethering) စသည့် နည်းလမ်း (၃) မျိုးအနက် တစ်ခုခုကို အသုံးပြု၍ ခွဲစိတ်ကုသမှု ပေးရပါသည်။ ခွဲစိတ်ရန် လိုအပ်သော ကျောရိုးစောင်း ကုသမှုသည် ကျောရိုး မတ်မတ် ပြန်ဖြစ်စေရန် အချိန်ယူရသည့် ကုသမှုဖြစ်ပြီး လအနည်းငယ်မှ ၁ နှစ်အထိ ကြာမြင့်နိုင်ပါသည်။

ကျောရိုးဆစ် ဆက်ခြင်း (Spinal Fusion)

ဤသည်မှာ ကျောရိုးဆစ်ကို ပိုမို ခိုင်ခံ့စေရန် ကျောရိုးဆစ် နှစ်ခုကို ချိတ်ဆက်ပေးသည့် ခွဲစိတ်ကုသမှု နည်းပညာ ဖြစ်ပါသည်။ လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ် မူတည်၍ မတူညီသော နည်းပညာများကို အသုံးပြုပါသည်။ လူနာကိုယ်တိုင်၏ အရိုး သို့မဟုတ် လှူဒါန်းသူ၏ အရိုးပစ္စည်းများကို အရိုးအစားထိုးရန် အသုံးပြုနိုင်ပါသည်။ ထို့အပြင် သံချောင်းများနှင့် ဝက်အူများ ပါဝင်သော ကိရိယာများကိုလည်း အသုံးပြုနိုင်ပါသည်။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးမှ ဆရာဝန်များ အသုံးပြုသည့် နည်းပညာအချို့မှာ –

  • ရှေ့ပိုင်းမှ ကျောရိုးဆစ် ဆက်ခြင်း (Anterior Lumbar Interbody Fusion – ALIF)
  • နောက်ပိုင်းမှ ကျောရိုးဆစ် ဆက်ခြင်း (Posterior Lumbar Interbody Fusion – PLIF)
  • ဘေးစောင်း အပေါက်မှ ကျောရိုးဆစ် ဆက်ခြင်း (Transforaminal Lumbar Interbody Fusion – TLIF)
  • ဘေးဘက်မှ ကျောရိုးဆစ် ဆက်ခြင်း (Lateral Interbody Fusion – LIF)

စတီးရွိုက် ထိုးဆေးဖြင့် ကုသခြင်း (Steroid Injection)

ခါးနှင့် ပေါင်နောက်ကြော နာကျင်သည့် ဝေဒနာ (Sciatica Pain) ကို သက်သာစေရန် ခါးရိုး စတီးရွိုက် ထိုးဆေးများကို အသုံးပြုလေ့ ရှိပါသည်။ အဆိုပါ ထိုးဆေးများသည် ခါးနှင့် ပေါင်နောက်ကြော နာကျင်မှုအတွက် ခွဲစိတ်ရန်မလိုသော ပထမဦးစားပေး ကုသမှုများအနက် တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။ စတီးရွိုက် ဆေးဝါးကို ကျောရိုးမကြီးနှင့် အာရုံကြောမကြီးများ ဝန်းရံထားသော နေရာအတွင်းသို့ တိုက်ရိုက် ထိုးသွင်းပေးခြင်း ဖြစ်ပါသည်။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး၏ ပြီးပြည့်စုံသော ကျောရိုးဆစ် ဆေးကုသမှု

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး၊ ကျောရိုးဆစ် အထူးကုဌာနမှ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အဖွဲ့အစည်းလိုက် ကုသမှုစနစ်သည် မြို့တော်အတွင်း အပြည့်စုံဆုံး ကျောရိုးဆစ် ဆေးကုသမှုကို ပေးအပ်နိုင်ရန် ရည်ရွယ်စုံစည်းထားခြင်း ဖြစ်ပါသည်။

၎င်းတို့တွင် ကျောရိုးဆစ် အထူးကုဌာနမှ ပေးအပ်သော ဝန်ဆောင်မှု အဆင့်အတန်းကို ပေါ်လွင်စေသည့် အောင်မြင်သော ခွဲစိတ်ကုသမှု မှတ်တမ်းပေါင်းများစွာ ရှိပါသည် –

  • လည်ပင်းရိုး ခွဲစိတ်ကုသမှုပေါင်း (၃,၀၀၀) ကျော်
  • မှန်ပြောင်းသုံး ခွဲစိတ်ကုသမှုပေါင်း (၃,၅၀၀) ကျော်
  • ကျောရိုးဆစ်ကြား အပြား ထွက်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုပေါင်း (၅၀၀) ကျော်
  • ကျောရိုးဆစ် ခွဲစိတ်ကုသမှုပေါင်း (၅,၀၀၀) ကျော်

လူကြီးမင်းတွင် ကျောရိုးဆစ်ဆိုင်ရာ ပြဿနာများ ရှိနေပါက ဝေ့ဌာနီ ဆေးရုံကြီး၏ ကျောရိုးဆစ် အထူးကုဌာနသို့ ဆက်သွယ်၍ ရက်ချိန်း ရယူနိုင်ပါသည်။ ဘန်ကောက်မြို့ရှိ အကောင်းဆုံး ကျောရိုးဆစ် အထူးကု ဆေးရုံကြီးများအနက် တစ်ခုဖြစ်သော အဆိုပါ ဆေးရုံတွင် အပြည့်စုံဆုံး ကျောရိုးဆစ်ဆိုင်ရာ ဆေးကုသမှု ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။

မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQs)

ဘန်ကောက်မြို့ရှိ ကျောရိုးဆစ် အထူးကု ဆေးရုံကို ရွေးချယ်ရာတွင် အဓိက ဘာတွေကို ကြည့်ရမလဲ။

ဘန်ကောက်မြို့တွင် ကျောရိုးဆစ် အထူးကု ဆေးရုံတစ်ရုံကို ရွေးချယ်သည့်အခါ ကျောရိုးဆစ် အထူးကု ဆရာဝန်ကြီးများ၏ အတွေ့အကြုံ၊ ရောဂါရှာဖွေ စစ်ဆေးနိုင်သည့် နည်းပညာ၊ ကုသမှု နည်းလမ်းစုံလင်မှု၊ ခွဲစိတ်ကုသနိုင်သည့် စွမ်းဆောင်ရည်နှင့် ပြန်လည်သန်စွမ်းရေး ကူညီပေးနိုင်မှု စသည်တို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဘက်စုံပြည့်စုံသော ကျောရိုးဆစ် အထူးကုဌာနတစ်ခုသည် ကုသမှု နည်းလမ်းတစ်ခုတည်းပေါ်တွင် မမှီခိုဘဲ လူနာ၏ ရောဂါအခြေအနေအပေါ် မူတည်၍ ရောဂါဇာစ်မြစ်ကို စစ်ဆေးဖော်ထုတ်ပြီး သင့်လျော်သော ကုသမှုကို အကြံပြုပေးနိုင်ပါသည်။

ကျောရိုးဆစ် အထူးကု ဆရာဝန်နှင့် မည်သည့်အချိန်တွင် ပြသသင့်သနည်း။

လည်ပင်း သို့မဟုတ် ကျောပြင် နာကျင်မှုသည် သက်သာမသွားဘဲ ဆက်လက်ဖြစ်ပွားနေပါက၊ မကြာခဏ ပြန်ဖြစ်နေပါက၊ နေ့စဉ် လှုပ်ရှားသွားလာမှုများကို အဟန့်အတား ဖြစ်စေပါက သို့မဟုတ် ထုံကျဉ်ခြင်း၊ ဓာတ်လိုက်သကဲ့သို့ကျဥ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် လက်နှင့် ခြေထောက်များဆီသို့ နာကျင်မှု ပျံ့နှံ့သွားခြင်း စသည့် ဝေဒနာများနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်ပါက ကျောရိုးဆစ် အထူးကု ဆရာဝန်နှင့် ပြသရန် စဉ်းစားသင့်ပါသည်။ အထူးကု ဆရာဝန်သည် အဆိုပါ ဝေဒနာများမှာ ကျောရိုးဆစ်မှ စတင်ဖြစ်ပွားခြင်း ဟုတ်မဟုတ် စစ်ဆေးဆုံးဖြတ်ပေးနိုင်ပြီး သင့်လျော်သော ကုသမှု နည်းလမ်းကို ဖော်ထုတ်ပေးနိုင်ပါသည်။

ကျောရိုးဆစ် ရောဂါတိုင်းသည် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပါသလား။

ကျောရိုးဆစ် ရောဂါ အများစုကို ဆေးဝါးဖြင့် ကုသခြင်း၊ ပြန်လည်သန်စွမ်းရေး ကာယ လေ့ကျင့်ခန်း ပေးခြင်း (Physical Therapy)၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကြွက်သားလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ နေထိုင်မှုပုံစံနှင့် အိုင်အမူအရာ ပြုပြင်ခြင်း စသည့် ခွဲစိတ်ရန်မလိုသော နည်းလမ်းများဖြင့် စတင် ကုသနိုင်ပါသည်။ ဝေဒနာများ ပြင်းထန်လာပါက၊ အာရုံကြောဆိုင်ရာ ပြဿနာများ စတင်ဖြစ်ပေါ်လာပါက သို့မဟုတ် ပုံမှန် ထိန်းသိမ်းကုသမှုများဖြင့် လုံလောက်သော တိုးတက်မှု မရှိပါက ကျောရိုးဆစ် ခွဲစိတ်ကုသမှုမှာ ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါသည်။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးတွင် မည်သည့် ကျောရိုးဆစ် ခွဲစိတ်ကုသမှု အမျိုးအစားများ ရရှိနိုင်သနည်း။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးတွင် ကျောရိုးဆစ်ကြား အပြားခွဲဖြတ်ခြင်း သို့မဟုတ် မှန်ပြောင်းသုံး ကျောရိုးဆစ်ကြား အပြားခွဲဖြတ်ခြင်း၊ ကျောရိုးဆစ်ကြား အပြား အစားထိုးခြင်း၊ အာရုံကြောထွက်ပေါက် ချဲ့ပေးခြင်း၊ ကျောရိုးဆစ် ကွင်းထုတ်ခြင်း သို့မဟုတ် အပေါက်ဖောက်ခြင်းနှင့် ကျောရိုးစောင်းခြင်း ခွဲစိတ်ကုသခြင်း အပါအဝင် ကျောရိုးဆစ် ရောဂါအခြေအနေအပေါ် မူတည်၍ မတူညီသော ခွဲစိတ်ကုသမှု နည်းလမ်းများကို ပေးအပ်လျက်ရှိပါသည်။ သင့်လျော်သော ခွဲစိတ်ကုသမှု နည်းလမ်းမှာ ရောဂါအမျိုးအစား ရှာဖွေတွေ့ရှိချက်၊ ရောဂါ ပြင်းထန်မှု အခြေအနေနှင့် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ်တွင် မူတည်ပါသည်။

ဘန်ကောက်မြို့တွင် ကျောရိုးဆစ် ကုသမှုအတွက် ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးကို အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။

ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီးတွင် အမျိုးမျိုးသော ကျောရိုးဆစ် ဝေဒနာများအတွက် ရောဂါရှာဖွေခြင်း၊ ခွဲစိတ်ရန်မလိုသော ပြုစုကုသမှု၊ ကျောရိုးဆစ် ခွဲစိတ်ကုသမှုနှင့် ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုများကို စနစ်တကျ ပေးအပ်လျက်ရှိသော သီးသန့် ကျောရိုးဆစ် အထူးကုဌာန ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများကို အထူးပြုဌာနတစ်ခုတည်းတွင် အပြည့်အဝ ရရှိနိုင်ခြင်းကြောင့် လူနာတစ်ဦးချင်းစီ၏ ရောဂါအခြေအနေနှင့် ပြန်လည်ကောင်းမွန်လာမှု လိုအပ်ချက်များအပေါ် မူတည်၍ ကုသမှု အစီအစဉ်များကို ထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းပေးနိုင်ပါသည်။

အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –
ကျောရိုးဆစ် အထူးကုဌာန၊ ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – 02-7340000, လိုင်းခွဲ – 5500
မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447

Medically Reviewed by

DR. KITIDATE BOONCHAI
DR. KITIDATE BOONCHAI

Orthopedics

Spine Surgery

Readers’ Rating

0.0 out of 5 stars (based on 0 reviews)