Scoliosis (ကျောရိုးစောင်းခြင်း) – ကျောရိုးကောက်ကွေးမှု ပိုမိုဆိုးရွားလာသောအခါ ထိုင်းနိုင်ငံရှိ အဆင့်မြင့်ကုထုံး
ကျန်းမာရေးဆိုင်ရာ စာစောင်များ
Scoliosis (ကျောရိုးစောင်းခြင်း) သည် များသောအားဖြင့် လူပျိုဖော်၊ အပျိုဖော်မဝင်မီ အရွယ်ကြီးထွားမှု မြန်ဆန်သည့် အချိန်တွင် တွေ့ရလေ့ရှိသည်။ လူပျိုဖော်ဝင်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်၏ ၃ ရာခိုင်းနှုန်းခန့်တွင်လဲ ဖြစ်ပွားလေ့ရှိပါသည်။ ရောဂါလက္ခဏာမှာ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာနိုင်သော်လည်း မကုသဘဲထားပါက နောင်တစ်ချိန်တွင် ခန္ဓာကိုယ်ပုံစံ ပျက်ယွင်းခြင်း၊ အတွင်းအင်္ဂါများကို ထိခိုက်ခြင်းနှင့် ပုံမှန်လှုပ်ရှားသွားလာမှုကို ထိခိုက်စေပြီး အလုပ်မလုပ်နိုင်သည်အထိ ဖြစ်စေနိုင်ပါသည်။
ကျောရိုးစောင်းရောဂါအချို့မှာ အလိုအလျောက် ပြန်ကောင်းသွားနိုင်သလို အချို့မှာလည်း ကျောရိုးထိန်းကိရိယာ (Brace) တပ်ဆင်ရုံဖြင့် ထိရောက်စွာ ပျောက်ကင်းနိုင်ပါသည်။ သို့သော် ပိုမိုပြင်းထန်သည့် ရောဂါအခြေအနေများအတွက် ထိုင်းနိုင်ငံတွင် ကျောရိုးစောင်း ခွဲစိတ်ကုသမှု ခံယူခြင်းသည် အကောင်းဆုံး ကုသမှုနည်းလမ်း ဖြစ်ပါသည်။
Scoliosis (ကျောရိုးစောင်းခြင်း) ၏ လက္ခဏာများ
မိဘတိုင်း ကျောရိုးစောင်းရောဂါ၏ လက္ခဏာများကို သိရှိထားသင့်ပါသည်။ ရောဂါအခြေအနေ လျော့နည်းပါက နာကျင်မှုမရှိသလို အပြင်ပန်းလက္ခဏာများလည်း မပြတတ်သဖြင့် အောက်ပါလက္ခဏာများအနက် တစ်ခုခုကို ကလေးတွင် စတင်တွေ့ရှိရပါက ရောဂါအခြေအနေ ပိုမိုဆိုးရွားနေပြီဖြစ်နိုင်ပါသည်။
အဓိကတွေ့ရှိရသည့် လက္ခဏာများမှာ –
ပုခုံး သို့မဟုတ် ခါး မညီခြင်း
တင်ပါးဆုံ တစ်ဖက်က အခြားတစ်ဖက်ထက် ပိုမိုမြင့်နေခြင်း
ပုခုံးရိုးတစ်ဖက်က အခြားတစ်ဖက်ထက် ပိုမိုမောက်ထွက်နေခြင်း
ထိုင်းနိုင်ငံတွင် Scoliosis (ကျောရိုးစောင်းခြင်း) ကို ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် ထိရောက်မှုအရှိဆုံး နည်းလမ်းဖြစ်သော်လည်း ကျောရိုးစောင်းရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ အလိုအလျောက် ပြန်လည်သက်သာသွားတတ်ပါသည်။ ပုံမှန်အားဖြင့် ဆရာဝန်သည် ရောဂါလက္ခဏာ စတင်တွေ့ရှိချိန်မှစ၍ ရောဂါအခြေအနေကို စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ပါသည်။ ကျောရိုးကွေးကောက်မှု ပမာဏကို တိုင်းတာ၍ မူလအခြေအနေအဖြစ် မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ယင်းတိုင်းတာချက်ကို အသုံးပြု၍ ရောဂါတိုးလာခြင်း သို့မဟုတ် သက်သာလာခြင်း ရှိ/မရှိ ဆုံးဖြတ်မည် ဖြစ်ပါသည်။
ရောဂါကို စောစီးစွာ တွေ့ရှိပါက ကျောရိုးကွေးကောက်မှု ပိုမိုဆိုးရွားမလာစေရန် ကာကွယ်သည့်အနေဖြင့် ကျောရိုးထိန်းကိရိယာ (Back brace) တပ်ဆင်ရန် ညွှန်ကြားနိုင်ပါသည်။ သို့သော် ကျောရိုးထိန်းကိရိယာသည် ဖြစ်ပေါ်ပြီးသား ကွေးကောက်မှုကို ပြန်လည်ဖြောင့်တန်းသွားအောင် ကုသပေးနိုင်မည် မဟုတ်ပါ။
ထိုင်းနိုင်ငံတွင် ကျောရိုးစောင်း ခွဲစိတ်ကုသခြင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီဆေးရုံကြီးသည် Scoliosis (ကျောရိုးစောင်းခြင်း) အတွက် ထိရောက်သော ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ကလေးများနှင့် လူကြီးများအတွက် ကျောရိုးစောင်း ခွဲစိတ်ကုသသည့် နည်းလမ်း အမျိုးမျိုးရှိပါသည်။
လက်ရှိတွင် Anterior Vertebral Body Tethering Procedure (AVBT) ဟုခေါ်သော ကျောရိုးခွဲစိတ်မှု နည်းပညာသစ် တစ်ခုရှိပါသည်။ ၎င်းသည် ကလေးများ၌ ဖြစ်ပွားသော ကျောရိုးစောင်းရောဂါကို ကုသရန် အရိုးဆက်ခြင်း မပါဝင်သော စနစ် (fusion-less system) နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှုကို ထိန်းညှိသည့် နည်းပညာများကို ပေါင်းစပ်အသုံးပြုထားခြင်း ဖြစ်ပါသည်။ ယင်းနည်းလမ်းကြောင့် ကျောရိုးသည် ပိုမိုကျန်းမာသော ပုံစံအတိုင်း ပုံမှန် ဖွံ့ဖြိုးကြီးထွားနိုင်မည် ဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်သည် ခိုင်ခံ့ပြီး ကွေးညွှတ်လွယ်သော ကြိုး/ပေါ်လီမာ (Polyethylene-terephthalate) ကို အသုံးပြု၍ ကျောရိုးကွေးကောက်မှုကို ပြုပြင်ပေးမည် ဖြစ်ပါသည်။ ထို့အပြင် ကျောဘက်ရှိ တစ်ရှူးများ ထိခိုက် ဒဏ်ရာရရှိမှု နည်းပါးသဖြင့် အမြန်ဆုံး ပြန်လည်သက်သာလာစေပါသည်။ ခွဲစိတ်ပြီးနောက် လူနာအများစုသည် ပုံမှန်အားဖြင့် ရက်သတ္တပတ် (၆) မှ (၈) ပတ်အတွင်း အားကစား ပြန်လည်ကစားနိုင်ကြပါသည်။
ခန္ဓာကိုယ် ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပြီး ကျောရိုးစောင်းရောဂါ ပြင်းထန်စွာ ခံစားနေရသော ကလေးများတွင် ကျောရိုးတစ်လျှောက် ဒေါက်ချောင်းများ တပ်ဆင်သည့် စနစ် (growing systems) ကို အသုံးပြု၍ ခွဲစိတ်ကုသပါသည်။ ကလေး၏ ဖွံ့ဖြိုးကြီးထွားမှုနှင့် အညီ ဖြစ်စေရန်အတွက် ကာလတစ်ခုစီတိုင်းတွင် ဒေါက်ချောင်းများကို ပိုမိုရှည်ထွက်အောင် နောက်ထပ် ခွဲစိတ်မှု တစ်ခုဖြင့် ပြုပြင်ပေးရပါသည်။ ဤနည်းလမ်းသည် ကျောရိုးကွေးကောက်မှု ပိုမိုဆိုးရွားမလာစေရန်နှင့် ကလေး၏ ထိခိုက်မှုကို ကာကွယ်ပေးပါသည်။
အရိုးဆက်ခြင်း နည်းလမ်း (fusion procedure) ကို ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမှု ရပ်တန့်သွားသော လူနာများတွင် အသုံးပြုပါသည်။ ကျောရိုးတပ် ဒေါက်ချောင်းစနစ်ဖြင့် ခွဲစိတ်ထားသော လူနာများသည် လူငယ်ပိုင်း အရွယ်သို့ ရောက်ရှိပါက အရိုးဆက်ခြင်း နည်းလမ်းကို ပြုလုပ်လေ့ရှိကြပါသည်။ ဤခွဲစိတ်မှုတွင် တစ်ဆက်တည်းရှိသော ကျောရိုးဆစ် အနည်းငယ်ကို ဆက်ပေးလိုက်ခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အရိုးတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည် ဖြစ်ပါသည်။
ဝေ့ဌာနီဆေးရုံသည် ကျောရိုးစောင်းရောဂါကို အောင်မြင်စွာ ကုသပေးခဲ့သည့် စံချိန်ကောင်းများစွာ ရှိထားပါသည်။ အားနည်းချက်မှာ ကုသမှုကြောင့် ကျောရိုးကွေးညွှတ် လှုပ်ရှားနိုင်မှု အတိုင်းအတာ အနည်းငယ် လျော့နည်းသွားနိုင်ခြင်း ဖြစ်ပါသည်။ သို့သော်လည်း နောက်ဆုံးပေါ် ခွဲစိတ်မှု နည်းပညာ တိုးတက်လာမှုများကြောင့် ခွဲစိတ်ဆရာဝန်များသည် ဆက်ပေးရသည့် ကျောရိုးဆစ် အရေအတွက်ကို လျှော့ချနိုင်ခဲ့သဖြင့် လူနာများ၏ ကျောရိုးလှုပ်ရှားနိုင်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်စေခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် Scoliosis (ကျောရိုးစောင်းခြင်း) ကို ထိရောက်စွာ ကုသခြင်း
ထိုင်းနိုင်ငံတွင် ကျောရိုးစောင်းရောဂါအတွက် အထိရောက်ဆုံး ကုသမှု ပေးနိုင်သည့် အကောင်းဆုံး ဆေးရုံများအနက် တစ်ခုမှာ ဝေ့ဌာနီဆေးရုံ ဖြစ်ပါသည်။ သင့်ကလေးတွင် ကျောရိုးစောင်းရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက ဝေ့ဌာနီဆေးရုံ၏ ကျောရိုးအထူးကုဌာန (Spine Center) တွင် တိုင်ပင်ဆွေးနွေးရန် ရက်ချိန်းရယူနိုင်ပါသည်။
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ ( FAQ)
ကျောရိုးစောင်းရောဂါ၏ လက္ခဏာများမှာ အဘယ်နည်း။
ကျောရိုးစောင်းရောဂါ လက္ခဏာများသည် ကျောရိုးကွေးကောက်မှု ပမာဏပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အဓိကတွေ့ရှိရသည့် လက္ခဏာများမှာ ပုခုံး မညီခြင်း၊ ပုခုံးရိုးတစ်ဖက်က ပိုမိုမောက်ထွက်နေခြင်း၊ တင်ပါးဆုံ သို့မဟုတ် ခါး ပြင်ညီမညီခြင်းနှင့် ခန္ဓာကိုယ် တစ်ဖက်သို့ အနည်းငယ် သိမ်းစောင်းနေခြင်းတို့ ဖြစ်ကြပါသည်။ အချို့သော သူများ (အထူးသဖြင့် လူကြီးများ) တွင် ကျောဘက် နာကျင်မှုကိုလည်း ခံစားရနိုင်ပါသည်။
ကျောရိုးစောင်းရောဂါကို အဘယ်အရာက ဖြစ်စေသနည်း။
ကျောရိုးစောင်းရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ အဖြစ်အများဆုံး အမျိုးအစားမှာ ဖြစ်ပွားရသည့် အကြောင်းအရင်း အတိအကျကို မသိရှိနိုင်သော အမျိုးအစား (Idiopathic scoliosis) ဖြစ်ပါသည်။ အခြားသော အမျိုးအစားများမှာ မွေးရာပါ ကျောရိုးဖွံ့ဖြိုးမှု မမှန်ကန်ခြင်း သို့မဟုတ် အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ပုံမှန်မဟုတ်သည့် ရောဂါအခြေအနေများကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
ကျောရိုးစောင်းရောဂါအတွက် မည်သည့် ကုသမှုများ ရှိသနည်း။
ကုသမှု နည်းလမ်းသည် လူနာ၏ အသက်အရွယ်၊ ကျောရိုးကွေးကောက်သည့် အမျိုးအစားနှင့် ပမာဏ၊ သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း ရှိ/မရှိ ပေါ်တွင် မူတည်ပါသည်။ ကုသမှုများတွင် ပုံမှန် စောင့်ကြည့်စစ်ဆေးခြင်း၊ အရွယ်ကြီးထွားချိန်တွင် ကျောရိုးထိန်း ဒိုင်း တပ်ဆင်ခြင်းနှင့် ပိုမိုပြင်းထန်သော သို့မဟုတ် ပိုမိုဆိုးရွားလာသော ကျောရိုးကွေးကောက်မှုများအတွက် ခွဲစိတ်ကုသခြင်းတို့ ပါဝင်ပါသည်။ ကျောရိုးစောင်းရောဂါ ခံစားနေရသော လူကြီးများအနေဖြင့် နာကျင်မှုကို သက်သာစေရန်နှင့် နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများကို ပုံမှန်ပြုလုပ်နိုင်စေရန် ရည်ရွယ်သည့် ကုသမှုများကိုလည်း ခံယူနိုင်ပါသည်။
ကျောရိုးစောင်း ခွဲစိတ်ကုသမှုကို မည်သည့်အချိန်တွင် ပြုလုပ်ရန် လိုအပ်သနည်း။
ကျောရိုးကွေးကောက်မှု ပြင်းထန်ပါက၊ ဆက်လက်၍ ပိုမိုဆိုးရွားလာပါက သို့မဟုတ် ခွဲစိတ်မှုမဟုတ်သော နည်းလမ်းများဖြင့် ကုသသော်လည်း သိသာလိုလားအပ်သော အကျိုးကျေးဇူး မရရှိပါက ကျောရိုးစောင်း ခွဲစိတ်ကုသမှုကို ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ခွဲစိတ်ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကျောရိုးကွေးကောက်မှုကို ပြုပြင်ပေးရန်၊ ကျောရိုးကို ခိုင်ခံ့တည်ငြိမ်စေရန်နှင့် ပိုမိုဆိုးရွားမလာစေရန် ကာကွယ်ပေးရန် ဖြစ်ပါသည်။ ခွဲစိတ်ရန် ဆုံးဖြတ်ချက်သည် ကျောရိုးကွေးကောက်မှု ပမာဏ၊ အသက်အရွယ်၊ ရောဂါလက္ခဏာများနှင့် အထွေထွေ ကျန်းမာရေးအခြေအနေ စသည့် အချက်များပေါ်တွင် မူတည်ပါသည်။
အသေးစိတ် သိရှိလိုသည်များကို ဆက်သွယ်ရန် – ကျောရိုးအထူးကုဌာန ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000, လိုင်းခွဲ 5500 မြန်မာဘာသာ ဟော့လိုင်း – (+66)63-853-2447
Medically Reviewed by
DR. KITIDATE BOONCHAI
Orthopedics
Spine Surgery
Readers’ Rating
4.0 out of 5 stars (based on 1 review)