Carpal Tunnel Syndrome ၏လက္ခဏာများ- လက်ကောက်ဝတ်နာကျင်ခြင်းနှင့် လက်တွင်ထုံကျင်ခြင်း။
ကွန်ပြူတာ သို့မဟုတ် ဖုန်းအသုံးပြုခြင်း ကြာရှည်စွာလုပ်ခြင်းသည် အလုပ်ခွင်တွင် တွေ့ရလေ့ရှိသည့် Carpal Tunnel Syndrome (CTS)

Hallux Valgus ခေါ်ခြေမအရိုး ပုံပျက်ခြင်းဆိုတာ ပုံပါအတိုင်း ခြေမအရိုးဟာ ပုံမှန်အတည့်အတိုင်းရှိမနေဘဲ ခြေချောင်းငယ်များဘက်ကိုစောင်းသွားတာကိုခေါ်ခြင်းဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခြေမအရိုးမှတဖြည်းဖြည်းနာကျင်လာပြီး ခြေမအရိုးဟာလဲတဖြည်းဖြည်းသိသာစွာငေါထွက်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ နေ့စဉ်ဘဝအတွက်စိတ်အနှောက်အယှက်ဖြစ်ရသလို မိမိကိုယ်ကိုယုံကြည်မှုလဲကျဆင်းလာနိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ အစပျိုးဆဲအဆင့်မှာပဲရှိသေးသူများအတွက် ဒေါက်ဖိနပ်အမြင့်များ၊ ခြေထောက်နှင့်မတော်သောဖိနပ်များစီးခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့အဆင့်ရောက်လာပြီဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။
ဝေ့ဌာနီဆေးရုံကြီးမှာတော့ Minimally Invasive Surgery နည်းလမ်းကိုအသုံးပြုပြီး ခွဲစိတ်ရာ သေးငယ်စွာနဲ့ ခွဲစိတ်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါကMessenger မှဖြစ်စေ၊ Myanmar Viber Hotline: +66 819 845 111 မှဖြစ်စေဆက်သွယ်နိုင်ပါတယ်။