Health Article

“ဓာတ် မ တည့် မှု (Allergy Testing) ကို ဘန် ကောက် မှာ အ သေး စိတ် စစ် ဆေး ကြ ရ အောင်”

Share:

လူ အ များ စု က တော့ ဓာတ် မ တည့် မှု (Allergy) ၏  လက္ခဏာ များ ကို သိ ရှိ ကောင်း သိ ရှိ ပြီး ဖြစ် ပါ လိမ့် မည်။ ပွင့် လင်း မြင် သာ သော ခေတ် နှင့် အ ညီ ဓာတ် မ တည့် မှု( Allergy ) ၏  လက္ခဏာ များ ကို ကိုယ် တိုင် ကိုယ် ကျ မ ဟုတ် သော် အ ခြား သူ များ တွင် ဖြစ် ပွား သည် ကို မြင် တွေ့ ပြီး ဖြစ် ပါ လိမ့် မည်။ သို့ သော် မိ မိ ကိုယ် မိ မိ မည် သည့် အ ရာ များ နှင့် ဓာတ် မ တည့် ကြောင်း အ သေး စိတ် သိ ရှိ ပါ က မိမိ ၏ လူ နေ မှု ပုံ စံ နှင့် အ စား အ သောက် ကို မည် သို့ ထိန်း ညှိ ရ မည် ကို ပို ၍ သ ဘော ပေါက် နား လည် ပေ မည်။

ပတ် ဝန်း ကျင် ရှိ မိ မိ နှင့် ဓာတ် မ တည့် သော အ ရာ များ နှင့် အ စား အ သောက် များ အား ရှောင် ရှား ခြင်း ဖြင့် ဓာတ် မ တည့် မှု ဖြစ် စဉ် (Allergy) ကို ရှောင် ရှား နိုင် ပေ မည်။ ထို သို့ရှောင် ရှား နိုင် ရန် အ တွက် မိမိ ကိုယ် မိမိ မည် သည့် အရာ များ နှင့် ဓာတ် မ တည့် သည် ကို ကြို တင် သိ ရှိ ထား ဖို့ အ ထူး လို အပ် လှ ပေ သည်။

ဓာတ်မတည့် မှု အမျိုးမျိုး (Types of Allergies)

အ များ ဆုံး တွေ့ ရှိ ရ သော ဓာတ် မ တည့် မှု အ မျိုး အ စား များ မှာ အ စား အ သောက် ၊ အ ရေ ပြား ဆိုင် ရာ နှင့် လေ မှ သယ် ဆောင် လာ သော အ ရာ များ (ဥ ပ မာ – ပန်း ဝတ် မှုန်) နှင့် ဓာတ် မ တည့် ခြင်း တို့ ဖြစ် သည်။

အ စား အ သောက် နှင့် ဓာတ် မ တည့် ခြင်း ဖြစ် ပေါ် ပါ က အ ရေ ပြား ယား ယံ ခြင်း ၊ ယောင် ယမ်း ခြင်း သာ မ က အ သက် ရှူ ခက် ခဲ ခြင်း ၊ မူး ဝေ ခြင်း ၊ ဝမ်း ဗိုက် အောင့် ခြင်း နှင့် အ တူ ပျို့ အန် ခြင်း ၊ ဝမ်း အ ဆက် မ ပျက် သွား ခြင်း ၊ နှာ ခမ်း ၊ လျှာ နှင့် မျက် နှာ မှ လည် ပင်း ထိ တိုင် နီ ရဲ ဖူး ယောင် ခြင်း များ အ ထိ ဖြစ် စေ နိုင် ပါ သည်။

အ ရေ ပြား ဓာတ် မ တည့် မှု တွင် အ များ အား ဖြင့် အင် ပြင် ထ ခြင်း ၊ ယား ယံ ခြင်း ၊ နှာ ခေါင်း ပိတ် ခြင်း ၊ နှာ ရည် ယို ခြင်း ၊ မျက် လုံး များ ယား ယံ ကာ မျက် ရည် ယို ခြင်း အ ထိ ဖြစ် စေ နိုင် သည်။

လေ မှ သယ် ဆောင် လာ သော အ ရာ များ နှင့် ဓာတ် မ တည့် ခြင်း မှာ လည်း အ ထက် ပါ အ တိုင်း တူ ညီ သော ဖြစ် စဉ် များ ကို ပေါ် ပေါက် စေ သော ကြောင့် မိ မိ သည် မည် သည့် အ ရာ နှင့် ဓာတ် မ တည့် သည် ကို အ တိ အ ကျ သိ ရန် အ ရေး ကြီး လှ သည်။ ဓာတ် မ တည့် မှု လက္ခဏာ  များ သည် ဆင် တူ ယိုး မှား သ ဖြင့် ယင်း တို့ ကို သိ ရုံ ဖြင့် မည် သည့် အ ရာ နှင့် ဓာတ် မ တည့် ကြောင်း ခွဲ ခြား ရန် မှာ လွန် စွာ ခက် ခဲ ပေ သည်။

ဓာတ် မ တည့် မှု ကို အ သေး စိတ် စစ် ဆေး ခြင်း ဖြင့် အ ဖြေ ရှာ မယ် (Allergy Testing can provide Answers)

ဓာတ် မ တည့် ခြင်း (Allergy) ကို သွေး မှ တစ် ဆင့် အ သေး စိတ် အ ဖြေ ရှာ ခြင်း ဖြင့် မိ မိ မည် သည့် အ ရာ နှင့် ဓာတ် မ တည့် သည် ကို ဒွိ ဟ ဖြစ် နေ စ ရာ မ လို တော့ ဘဲ အ တိ အ ကျ သိ ရုံ သာ မ က ထို အ ရာ ကို ရှောင် ရှား ခြင်း ဖြင့် ပို မို ကျန်း မာ သော ဘ ဝ ကို ပိုင် ဆိုင် နိုင် မည် ဖြစ် သည်။ ထို့ အ ပြင် Anaphylaxis ဟု ခေါ် သော အ ကြီး မား အ ပြင်း ထန် ဆုံး ဓာတ် မ တည့် မှု ဖြစ် စဉ် ကြီး ရန် မှ လည်း ကာ ကွယ် ပေး နိုင် ပေ မည်။

ဓာတ် မ တည့် မှု (Allergy Testing) ကို ဘန် ကောက် မှာ အ သေး စိတ် စစ် ဆေး ဖို့ စီ စဉ် မယ်

အ သေး စိတ် စစ် ဆေး မယ် လို့ ဆုံး ဖြတ် ပြီး ရင် တော့ ဒီ စစ် ဆေး မှု သည် အ ချိန် ယူ ရ မည် ဆို သည် ကို ဦး စွာ လက် ခံ ပါ။ သင် ၏ ဆ ရာ ဝန် က သင် ၏ ဓာတ် မ တည့် မှု ရာ ဇ ဝင် ကို သင် နှင့် အ သေး စိတ် ဆွေး နွေး ပါ မည် ၊ သင် ၏ စား သောက် နေ ထိုင် မှု ပုံ စံ သာ မ က သင် ၏ ဆေး ကု သ မှု သ မိုင်း ကြောင်း ၊ သင့် မိ သား စု ၏ ဓာတ် မ တည့် မှု ရာ ဇ ဝင် များ အ ထိ အ သေး စိတ် မေး မြန်း ပါ မည်။ အ ဘယ် ကြောင့် ဆို သော် ဓာတ် မ တည့် မှု သည် လူ နာ အ များ စု တွင် မျိုး ရိုး လိုက် တတ် သော ကြောင့် ဖြစ် သည်။

ဆ ရာ ဝန် က မည် သည့် ဓာတ် မ တည့် မှု အ မျိုး အ စား ဖြစ် နိုင် ခြေ ကို သတ် မှတ် ပြီး ပါ က သွေး စစ် ခြင်း (Blood Test) ဖြင့် အ စား အ သောက် နှင့် လေ မှ သယ် ဆောင် လာ သော အ ရာ များ နှင့် ဓာတ် မ တည့် ခြင်း ကို အ သေး စိတ် သိ ရှိ နိုင် သ ကဲ့ သို့ Patch Test  ဟု ခေါ် သော အ ရေ ပြား ပေါ် တွင် အ ထူး ပြု လုပ် ထား သော တိပ် အ သေး လေး များ ကပ် ၍ စမ်း သပ် ခြင်း နည်း ဖြင့် လည်း မိ မိ တွင် မည် သည့် အ ရေ ပြား ရော ဂါ ခံ စား နေ ရ ကြောင်း အ သေး စိတ် အ ဖြေ ရှာ နိုင် ပေ သည်။

အ ဖြေ သိ ရ သည် နှင့် ဆ ရာ ဝန် က မည် သည့် ဓာတ် မ တည့် မှု ဖြစ် ပေါ် စေ သော အ ရာ ကို ရှောင် ရှား ရ မည် သို့ မ ဟုတ် မည် သည့် ကု သ မှု ကို ခံ ယူ သင့် ကြောင်း ဆက် လက် အ ကြံ ပေး ညွှန် ကြား မည် ဖြစ် သည်။

ဓာတ် မ တည့် မှု (Allergy Testing) ကို ဘန် ကောက် မြို့ တွင်  အ သေး စိတ် စစ် ဆေး လို ပါ က ဝေ့ ဌာ နီဆေး ရုံ ကြီး သို့ လာ ရောက် ရန် ဖိတ် ခေါ် ပါ ရ စေ။ ဓာတ် မ တည့် မှု ကို ကောင်း မွန် မြန် ဆန် စွာ အ ချိန် ပေး ကု သ မှု ပေး နိုင် သော အ ထူး ကု ဆ ရာ ဝန် ကြီး များ ရှိ ရာ ဝေ့ ဌာ နီ ဆေး ရုံ တွင် သင် ၏ ဓာတ် မ တည့် အ ကြောင်း ကို အ သေး စိတ် လာ ရောက် စစ် ဆေး ရန် လေး စား စွာ ဖိတ် ခေါ် အပ် ပါ သည်။

  • Readers Rating
  • Rated 3.8 stars
    3.8 / 5 (2 )
  • Your Rating



Related Posts