Health Article

သင့်ရဲ့ သိုင်းရွိုက် (Thyroid Gland) ပုံမှန်ရှိရဲ့လားဆန်းစစ်ကြည့်ရအောင်။

Share:

သိုင်းရွိုက်မူမမှန် (Thyroid disease) ရောဂါဆိုတာ လူကြီးလူငယ်၊ ကျားမမရွေးဖြစ်ပွားတတ်တဲ့ရောဂါတစ်မျိုးပါ။ သိုင်းရွိုက်ဟော်မုန်း (Thyroid Hormone) ဟာခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအတော်များများကို သက်ရောက်မှုရှိစေပါတယ်။ ဒါ့ကြောင့် သိုင်းရွိုက် (Thyroid gland) ပုံမှန်မဟုတ်ဘူးဆိုရင် အောက်ပါလက္ခဏာတွေပြလာလေ့ရှိပါတယ်။

  • မောပန်းလွယ်ခြင်း၊ ရင်တုန်ခြင်း
  • ဆံပင်ကျွတ်ခြင်း၊ လက်သည်းများပျက်စီးခြင်း
  • ခန္ဓာကိုယ် ၀ လာခြင်း၊ ပိန်သွားခြင်း
  • ခံတွင်းပျက်ခြင်း၊ မကြာခဏဗိုက်ဆာခြင်း
  • စိတ်အပြာင်းအလဲမြန်ခြင်း
  • အိပ်မပျော်ခြင်း၊ အမြဲအိပ်ငိုက်နေခြင်း
  • သာမန်ထက် အပူအအေးကိုပိုမိုခံစားမိနေခြင်း
  • ဝမ်းမမှန်ခြင်း
  • ရာသီသွေးမူမမှန်ဖြစ်ခြင်း

သိုင်းရွိုက်မူမမှန် (Thyroid disease) တဲ့လူနာအများစုမှာ လည်ပင်းမှာအကျိတ်လေးပေါ်လာတတ်ပေမယ့် အချို့မှာတော့ ပုံမှန်အတိုင်းပဲရှိနေတတ်ပါတယ်။
🏥ဒါ့ကြောင့် အထက်ပါလက္ခစာတွေခံစားလာရပြီဆိုရင် သက်ဆိုင်ရာအထူးကုဆရာဝန် (Endocrinologist) နဲ့တိုင်ပင်ပြီး ဟော်မုန်းစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating




Related Posts