အူမကြီးကင်ဆာအားစတင်တွေ့ရှိသောအဆင့် – ခွဲစိတ်ရာအနည်းဆုံးဖြင့် ကုသနိုင်သော အူမကြီးနှင့်အစာဟောင်းအိမ်ခွဲစိတ်ကုသမှု

ကျန်းမာရေးဆိုင်ရာ စာစောင်များ
Featured Image

ကင်ဆာ အများစုနှင့် အူသိမ်နှင့်အစာဟောင်းအိမ်ကင်ဆာသည် colorectal adenoma ဟုခေါ်သော အစာအိမ်ဟောင်းနံရံရှိ သေးငယ်သောအကြိတ်မှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ မကုသခဲ့ပါက အစာအိမ်ဟောင်းနံရံမှတဆင့် အဆိုပါအကြိတ်သည် ပြန့်နှံသွား၍အူမကြီးကင်ဆာ ကိုဖြစ်စေနိုင်ကြောင်း ဝေ့ဌာနီဆေးရုံကြီးမှ Dr. Auchai Kanjanapitak ရှင်းပြခဲ့ပါသည်။

ရောဂါလက္ခဏာများသည် မစင်ထဲတွင်သွေးပါခြင်း၊ မစင်တုံးသေးသွားခြင်း၊ ဝမ်းသွားချိန်ပြောင်းလဲသွားခြင်း၊ အစာအိမ်သက်သောင့်သက်သာမရှိခြင်းတို့ဘဲဖြစ်ပါတယ်။ အူမကြီးကင်ဆာသည် အူမကြီး၏အကြိတ်နေရာပေါ် မူတည်၍ ရောဂါလက္ခဏာအပြောင်းလဲရှိနိုင်ပါတယ်။အစာဟောင်းအိမ်မှသွေးထွက်ခြင်းနှင့်အကြောင်းရင်းရှာမရသောသွေးအားနည်းခြင်း
တို့သည်အစာဟောင်းအိမ်ကင်ဆာကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။မိသားစုတွင်ကင်ဆာရှိဖူးသူများ၊အဝလွန်သူများနှင့်ဆေးလိပ်သော
က်သုံးသူများတွင်အူမကြီးကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။

အူမကြီးကင်ဆာစစ်ဆေးခြင်းကို ဝမ်းထဲတွင်သွေးပါ မပါစစ်ဆေးခြင်း၊ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။အများဆုံးစစ်ဆေးခြင်းကတော့ အူမကြီးကိုမှန်ပြောင်းကြည့်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ပထမဆုံးကုသမှုနည်းကတော့ ခွဲစိတ်ကုသခြင်းဘဲဖြစ်ပါတယ်။လူနာ၏ကင်ဆာအဆင့်နှင့်တခြားသောဆေးကုသမှုပိုင်းတို့ပေါ်မူတည်၍ ဆရာဝန်က သင့်တော်သော ကုသမှုဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ခီမိုဆေးသွင်းကုသနည်းကို ညွှန်ကြားပါမည်။

အူမကြီးကင်ဆာဖြစ်ပါက လူနာများသည် ခွဲစိတ်မှုကြီးမား၍ ဝမ်းဗိုက်ကိုဖောက်ထားရခြင်း (သို့)အူလမ်းကြောင်းဖောက်ထားခြင်းတိုပြုလုပ်ရပါသည်။ ခေတ်မီသော မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းတို့ပေါ်လာသောကြောင့် ယနေ့ခေတ်တွင် ခွဲစိတ်မှုခံရခြင်းသည် ကြောက်စရာမဟုတ်တော့ပေ။

အူမကြီးကင်ဆာကို စောစီးသောအဆင့်တွင် မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးကုသခြင်းဖြင့် ဝမ်းဗိုက်ဖွင့်၍ခွဲစိတ်စရာမလိုတော့ပါ။အကယ်၍အူမကြီးရှိအကြိတ်အားခွဲစိတ်ဖြတ်တောက်ရန်လိုအပ်ပါက မှန်ပြောင်းဖြင့်ကြည့်ရှုခွဲစိတ်ခြင်းဖြင့် ခွဲစိတ်ရာအနည်းငယ်နှင့်နာကျင်နည်း၍ တိကျသော ကုသမှုကိုရယူနိုင်ပါတယ်။

Dr. Auchaiကအူမကြီးကင်ဆာကိုပုံမှန်ဆေးစစ်ဆေးခြင်း၊နေထိုင်မှုစားသောက်မှုပုံစံပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။”၁အောင်စလောက်ကာကွယ်နိုင်ခြင်းက၁ပေါင်လောက်ကုသခြင်း”ထက်ပိုကောင်းပါတယ်။

အူမကြီးကင်ဆာအားစတင်တွေ့ရှိသောအဆင့် – ခွဲစိတ်ရာအနည်းဆုံးဖြင့် ကုသနိုင်သော အူမကြီးနှင့်အစာဟောင်းအိမ်ခွဲစိတ်ကုသမှု

Readers’ Rating

0.0 out of 5 stars (based on 0 reviews)