



ဆီးချိုဆိုင်ရာ ခြေဖ၀◌ါးအနာ နှင့် အနာကုသရေးဌာန
Vejthani ဆေးရုံ၏ Diabetic Foot & Wound Treatment Center သည် နောက်ဆုံးပေါ် စက်ကိရိယာများကို အသုံးပြု၍ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ အစုံအလင်ဖြင့် ဖြည့်စွမ်းထားပါသည်။ ကျွန်ုပ်တို့၏လူနာအားလုံးအတွက် အကောင်းဆုံးကုသမှုရလာဒ်များရရှိစေရန် အတွေ့အကြုံရှိ ကျွမ်းကျင်သူများနှင့် အထူးကုဆရာဝန်ကြီးများထံမှ စောင့်ရှောက်မှုဖြစ်စေရန် အထူးသတိပြုဂရုစိုက်ပါသည်။ ခြေဖဝါးအနာများ၏ လက္ခဏာများကို သိရှိနားလည်နိုင်ရန် ဆေးပညာဆိုင်ရာ ၀◌န်ထမ်းများကို လေ့ကျင့်သင်ကြားထားပြီး လူနာတစ်ဦးစီ၏ အခြေအနေနှင့် ကိုက်ညီပြီး ထိရောက်သောကုသမှုများ ဖြစ်စေရန် ဆောင်ရွက်ထားပါသည်။ လူနာများ ကိုယ်လက်အင်္ဂါဆုံးရှုံးနိုင်ခြေကို လျှော့ချရန်နှင့် ကျွန်ုပ်တို့လူနာများ၏ အထူးသဖြင့် သွေးကြောဆိုင်ရာရောဂါရှိသော လူနာများ ဘဝအရည်အသွေးကို မြှင့်တင်ရန်ကို အဓိကဦးစားပေးထားပါသည်။ Vejthani ၏လူနာဗဟိုပြုကုသခြင်း၊ နားလည်တတ်ကျွမ်းသော ဝန်ထမ်းများနှင့် ခေတ်မီဆေးပစ္စည်းအသုံးအဆောင်များက လူနာများအား ထိုင်းနိုင်ငံတွင် ခြေဖဝါးအနာကုသမှုနှင့် ပုံမှန်အနာကုသမှုကို ခံယူရန် အကောင်းဆုံးနေရာဖြစ်စေရန်ရည်ရွယ်ပါသည်။
၀◌န်ဆောင်မှုအချိန်
တနင်္လာ, သောကြာ : 08:00 am - 07:00 pm
အင်္ဂါနေ့ - ကြာသပတေး, စနေနေ့ : 08:00 am - 05:00 pm
တနင်္ဂနွေ : 08:00 am - 04:00 pm
တည်နေရာ
တည်နေရာ ဆီးချိုဆိုင်ရာ ခြေထောက်နဲ့ အနာကုသခြင်းစင်တာ ေ၀◌့ဌာနီဆေးရုံကြီး ၃ ထပ်
ကြိုတင်ဘိုကင်တင်ခြင်းနှင့် စုံစမ်းရန်
ဖုန်းခေါ်ဆိုရန်: (+66)2-734-0000 ext 4700, 4702
Vejthani ဆေးရုံ၏ Diabetic Foot & Wound Center တွင် ကုသခြင်း၏ အကျိုးကျေးဇူးများ
Vejthani ဆေးရုံ၏ Diabetic Foot & Wound Center တွင် ကုသမှုခံယူရခြင်း၏ အကျိုးကျေးဇူးမှာ ကျွန်ုပ်တို့၏ သွေးကြောခွဲစိတ်ဆရာဝန်များသည် သွေးမရောက်သောနေရာများ ပုပ်သွားသောလူနာများနှင့် ဆီးချိုအနာများရှိသော လူနာများကို ပြုစုစောင့်ရှောက်ရန် အခြားသောကျန်းမာရေးနယ်ပယ်များမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဌာနဆေးဘက်ဆိုင်ရာ အဖွဲ့တွင်-
ကျွန်ုပ်တို့၏ ဌာနဆေးဘက်ဆိုင်ရာ အဖွဲ့တွင်-
- ဆီးချိုအနာများ၊ ဖိအားများသောကြောင့်ဖြစ်လာသောအနာများ၊ သွေးမရောက်ပြီး ပုပ်သွားသောအခြေအနေများ၊ မီးလောင်ဒဏ်ရာများ၊ မတော်တဆဒဏ်ရာများ စသည်တို့အတွက် အတွေ့အကြုံရင့် သွေးကြောခွဲစိတ်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများရှိခြင်း
- သွေးလည်ပတ်မှုကောင်းမွန်စေရန်နှင့် လူနာများ၏ ခြေလက်နှင့် ခြေဖဝါးများကို ပြန်လည်ကောင်းမွန်စေရန် သွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်များရှိခြင်း
- သွေးတွင်းဂလူးကို့စ်ပမာဏကိုထိန်းချုပ်ရန် ဆီးချိုရောဂါအထူးကုများနှင့် ဟော်မုန်းအထူးကုဆရာ၀◌န်များရှိခြင်း
- ကူးစက်ရောဂါများကို တိုက်ဖျက်ရန် အတွက် ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီးများရှိခြင်း
- ဆီးချိုရောဂါသည် အရိုးများအထိ ပျံ့နှံ့သွားသောအခါတွင် အရိုးအထူးကုဆရာဝန်များက တာဝန်ယူကုသပေးခြင်း
- ပြန်လည်ကျန်းမာထူထောင်ရေးလုပ်ငန်းစဉ်ကို တာဝန်ယူဆောင်ရွက်ပေးသော အထူးကုဆရာဝန်များသည် လူနာများအား ၎င်းတို့၏ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိရန်နှင့် အနာဒဏ်ရာများပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ကူညီပေးသည်။
- သက်တောင့်သက်သာရှိပြီး မိသားစုကဲ့သို့ ဂရုစိုက်သောပတ်ဝန်းကျင်ကို ဖန်တီးပေးသော လူနာများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဘက်စုံစောင့်ရှောက်မှုပေးသော ဘက်စုံဆေးဘက်ဆိုင်ရာဝန်ထမ်းများရှိခြင်း
ဝန်ဆောင်မှုများ
- အထူးသဖြင့် ဆီးချိုခြေဖဝါးအနာများအတွက် ဆီးချိုရောဂါကုသမှ
- ပိုးဝင်သောဒဏ်ရာကို ကုသခြင်း။
- Pressure ulcer ကုသခြင်း။
- Gangrene ကုသမှု
- အရေပြားအနာကုသခြင်း။
- ကူးစက်အနာရောဂါကုသမှု
- Venous stasis ulcer ကုသခြင်း။(သွေးကြောများပိတ်ပြီး အနာဖြစ်ခြင်း)
- Peripheral artery disease ကုသမှု
- မတော်တဆဒဏ်ရာကုသမှု
- မီးလောင်ဒဏ်ရာများ
- နာတာရှည် အနာများ
- အထူးသီးသန့်ဖိနပ်များဖြင့် အနာကျက်မှုကို ပိုမိုကောင်းမွန်စေရန် စိတ်ကြိုက်ပြင်ဆင်ခြင်း။











