ကင်ဆာနှင့်ပါတ်သတ်သောကျန်းမာရေးခေါင်းစဉ်များ
အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ Read more details on cancers that are commonly found among men
အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ Read more details on cancers that are commonly found among women
Ms. Sopha Abdin (ရင်သားကင်ဆာ ဝေဒနာရှင်)
Ms Sopha သည် ရင်သားကင်ဆာ ရှိနေသည်ကို 3D digital mammogram ရင်သားဓာတ်မှန် ဖြင့် ပုံမှန် စစ်ဆေးရာမှ စတင်သိရှိပြီး ဝေ့ဌာနီဆေးရုံ၏ ကင်ဆာအထူးကုပါရဂူ Dr. Thanate Dajsakdipon နှင့် ချက်ခြင်းတိုင်ပင်ပြီးကုသမှုယူရန် ဆုံးဖြတ်ခဲ့ပါသည်။ သူမ၏ ရင်သားအကြိတ်သာ် မူလက 4-5cm ခန့်ရှိရာမှ သမရိုကျ Chemotherapy ကုထုံးနှင့် ကင်ဆာဆဲလ်များကိုသာရွေးချယ်တိုက်ခိုက်သည့် ကုထုံး အသစ်ဖြစ်သော Targeted Therapy ကုထုံး နှစ်မျိုးကိုတွဲဖက် ကုသပြီးနောက် ကင်ဆာအကြိတ်မှာ 2cm အရွယ်ထိ သေးငယ်သွားပြီး အကြိတ်ကို ခွဲစိတ် ဖယ်ရှားမှု ပြုလုပ်နိုင်ခဲ့ပါသည်။ ယနေ့တွင် သူမသည် ကျန်းမာစွာဖြင့် ပိုမိုကောင်းမွန်သော ဘဝ အရည်အသွေးကိုရရှိနေထိုင်နေပြီ ဖြစ်ပါသည်။
Ms. Sopha Abdin မှ “ကင်ဆာကို စောစော စစ်ဆေးပြီး သိနိုင်လေ ကုသမှုလွယ်ကူနိုင်လေ” ဖြစ်ပြီး ကင်ဆာ ကြိုတင် စစ်ဆေးမှု၏ အရေးပါပုံကို ပြောကြားခဲ့ပါသည်။ Ms. Sopha Abdin သည် ရင်သားကင်ဆာရော ဦးနှောက် ကင်ဆာပါ ခံစားနေရသော ဝေဒနာရှင်ဖြစ်ပြီး ကုသမှု မစတင် စဉ်က ကင်ဆာကြောင့် အမြင်အာရုံလည်း ချို့ယွင်း နေရသူဖြစ်ပါသည်။ သို့သော် ဝေ့ဌာနီဆေးရုံ၌ ကုသမှုခံယူပြီးနောက် ယနေ့တွင် သူမ၏အမြင်အာရုံကိုပါ ပြန်လည်ရရှိနိုင်ခဲ့ပါသည်။
“ကျနော် အူမကြီးမှန်ပြောင်းကြည့် ကြည့်ဖို့ ဆုံးဖြတ် ဖြစ်လိုက်တာ ကံကောင်းသွားပါတယ်။ အဲ့ဒီအချိန်မှာဘဲ ကျနော့်မှာ အူမကြီးကင်ဆာ အဆင့် ၂ ဖြစ်နေပြီဆိုတာသိလိုက်ရပါတယ်။ ပြင်းထန်တဲ့ အဆင့်မဟုတ်သေးဘူးဆိုတာလည်းသိလိုက်ရပါတယ်။ ကျနော် Chemotherapy ဆေးကို ၆ လလောက်သောက်ပြီး ကုသမှုယူခဲ့ပါတယ်။ အဲ့ဒီ အချိန်အတွင်း Chemo ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကျနော့်မှာ မခံစားရသလောက် နည်းပါးခဲ့ပါတယ်။ အသားအရည် ခြောက်တာ အရောင်ရင့်လာတာလောက်ပဲ ဖြစ်ခဲ့ပါတယ်။ အခု နှစ် နှစ်ကျော်ပြီးနောက် ကျနော့် သွေး အဖြေတွေကော CT အဖြေတွေကော အားလုံးကောင်းသွားပါပြီ။ ကျနော် အသိပေးချင်တာကတော့ အူမကြီးနဲ့ စအိုကင်ဆာ က နှစ်စဉ်ကျန်မားရေးစစ်ဆေးတဲ့ Check Up နဲ့ တင် ကြိုတင်သိရှိနိုင်ပါတယ်။ အူမကြီးမှန်ပြောင်းသာ မကြည့်ဖြစ်ခဲ့ရင် ကျနော် ဒီအချိန်မှာအခုလိုမျိုး ကျန်းကျန်းမာမာ နေနိုင်မှာ မဟုတ်ပါဘူး။
“ အဖွားကို ပေးတဲ့ ဆေးတွေနဲ့ အဖွားနဲ့ တည့်တယ် အဖွားရောဂါသက်သာလာတာကို ကျမ သတိထားမိပါတယ်။ အဖွားရဲ့ ညာဘက်အဆုတ်ထဲက ကင်ဆာ အကြိတ်က အရင်က အဆုတ်တစ်ခုလုံးနီးနီး ပြန့်နေရာက တော်တော်လေး အရွယ်သေးသွားပြီး အခုဆို မမောတော့ဘဲ ကောင်းကောင်းအသက်ရှုနေနိုင်ပါပြီ။ အရင် အိပ်ရာထဲကမထ နိုင်တဲ့ အဖွားက အခုဆိုသူ့ဖာသူထပြီး အိမ်မှုကိစ္စတွေတောင်ပြန်လုပ်နေနိုင်ပါပြီ။ ရင်ကြပ်တာ ရင်ဘတ် အောင့်တာလဲ အရင်လိုမဖြစ်တော့ပါဘူး။ ကျမ အဖွား အခုဆို အရင်လိုကျန်းကျန်းမာမာ ပြန်နေနိုင်ခဲ့တဲ့အတွက် ကျမ ဒီဆေးရုံမှာ အဖွားကို လာပြခဲ့တာ မှန်သွားတယ်။” လို့ အဆုန်ကင်ဆာ ဝေဒနာရှင် အဖွား Ms. Thipsukhon Deepuek ရဲ့ မြေးမ က ပြောကြားခဲ့ပါတယ်။
Please add as many details possible about your medical condition and past
medical history, this will help our physicians giving you a more precise and
accurate evaluation.
English Hotline: +66(0)85-223-8888
Chinese Hotline: +66(0)84-751-6222
Burmese Hotline: +66(0)81-984-5111
Khmer Hotline: +66(0)89-201-9000
Vietnamese Hotline: +66(0)97-291-3351
Arabic Hotline: +66(0)84-875-7700
Russian Hotline: +66(0)85-230-5555
Ethiopian Hotline: +66(0)90-907-2560
Bangladesh Hotline: +66(0)85-485-2333
Call Center: +66(0)2-734-0000