ကွန်ပြူတာရှေ့တွင် အချိန်အကြာကြီး ထိုင်နေရခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် Office Syndrome ရဲ့ လက္ခဏာတစ်ခုဖြစ်ပါသည်။
Office Syndrome သည် ပုံမှန်အားဖြင့် မသင့်လျော်သော ကိုယ်ဟန်အနေအထား သို့မဟုတ်

လေဖြတ်ခြင်းသည် ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲခြင်း၊ ကျဉ်းမြောင်းခြင်း သို့မဟုတ်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။၎င်းသည်ဦးနှောက်တစ်သျှူးများကိုပျက်စီးစေခြင်း၊လက်နှင့်ခြေထောက်များကိုအားနည်းစေခြင်း၊လက်နှင့်ခြေထောက်တို့ပေါင်းစပ်လှုပ်ရှားမှုကိုပျက်ပြားစေသည်။ပြန်လည်ထူထောင်ရေးအတွက် သင့်တော်မှန်ကန်သော လေ့ကျင့်မှု ကုသမှုကိုအချိန်မီအဆက်မပြတ်ဆောင်ရွက်နိုင်ပါက လူနာသည်ယခင်ကဲ့သို့လှုပ်ရှားမှုကိုပြန်လည်ရရှိရန်အခွင့်အလမ်းရှိမည်ဖြစ်သည်။ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ၏အဓိကအချက်မှာ“နှောင့်နှေးခြင်းမရှိဘဲသင့်လျော်သောရလာဒ်ကိုရရှိစေရန်” ဖြစ်သည်။
Vejthaniဆေးရုံမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ◌်များတွင် အထူးပြုလေ့လာဆည်းပူးထားသော ဒေါက်တာTachipatSereearunoက Vejthaniဆေးရုံတွင် အသုံးပြုသောLokomat၊,CMillနှင့်Keeogoကဲ့သို့သော ပြန်လည်ထူထောင်ရေးအတွက်ဖန်တီးထားသည့် စက်ရုပ်များသည် လှုပ်ရှားမှုပြန်လည်ထူထောင်ရေး၊ ဟန်ချက်ထိန်းရန်နှင့်လမ်းလျှောက်လေ့ကျင့်မှုများတွင် အသုံးပြုနိုင်စေခြင်းဖြင့် အဆင့်မြင့်ပြန်လည်ထူထောင်ရေးစင်တာများတွင် လေဖြတ်လူနာများကို လေ့ကျင့်ပေးလျှက်ရှိပါသည်။ လက်နှင့်လက်မောင်းများ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာပြန်လည်ထူထောင်နိုင်ရန်အတွက်ပြန်လည်ထူထောင်ရေး စက်ရုပ်များကို Vejthani ဆေးရုံသည် မကြာသေးမီကစတင်အသုံးပြုခဲ့ပါသည်။ လက်နှင့်လက်မောင်းလှုပ်ရှားမှုများအတွက် ပြန်လည်ထူထောင်ရေးတွင် အသုံးများသော စက်ရုပ်အသစ်များမှာ-
ဆရာဝန်သည်လူနာ၏လှုပ်ရှားမှုစွမ်းရည်ကိုအဆင့်0- 5ဖြင့်အကဲဖြတ်မည်ဖြစ်ပါသည်။ အဆင့် 0–1 ဖြစ်ပါက ”လူနာသည် ခန္ဓာကိုယ်ကို ရွေ့လျားရန် လုံလောက်သော ခွန်အားမရှိခြင်း” ကိုဆိုလိုခြင်းဖြစ်သည်။
အဆင့် 2-3 တွင် ကြွက်သားများသည် လှုပ်ရှားရန် လုံလောက်သော ခွန်အားကို စတင်ရရှိနေပြီဖြစ်သော်လည်း ခုခံတွန်းအားကို ပြန်လည်မတွန်းလှန်နိုင်သေးပါ။
အဆင့် 4 တွင် ကြွက်သားများသည် သာမန်လူများကဲ့သို့အတိုင်းအတာတစ်ခုအထိ တွန်းလှန်နိုင်စွမ်းရှိသော်လည်း၊ သာမန်အခြေအနေကြွက်သားများနဲ့ တူညီသည့်အဆင့်တော့မဖြစ်သေးပါ။
အဆင့် 5 တွင် ကြွက်သားများသည် ပုံမှန်အတိုင်း ခွန်အားထုတ်နိုင်သော်လည်း အချို့သောလူနာများတွင် ညှိနှိုင်းမှုအားနည်းခြင်းနှင့် လက်လှုပ်ရှားနိုင်မှု အနည်းငယ်ချို့ယွင်းချက်ရှိခြင်းကဲ့သို့သော လက်ကျန်ရောဂါလက္ခဏာအချို့ ရှိနေနိုင်ပါသည်။အကယ်၍ လူနာတစ်ဦးသည် ပြန်လည်ထူထောင်ရေးကို စောစီးစွာ မလုပ်ဆောင်ပါက၊ ခန္ဓာကိုယ်သည် မှားယွင်းသောလှုပ်ရှားမှုနည်းလမ်းများကို မှတ်မိနေမည်ဖြစ်ပြီး၊ ၎င်းသည် နေ့စဉ်ဘဝတွင် ပုံမှန်မကျသောလှုပ်ရှားခြင်းကို ဖြစ်စေနိုင်သည်။ထို့ကြောင့် လက်မောင်းကြွက်သားများ အားနည်းခြင်း(သို့မဟုတ်)လက်များ မလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်ပေါ်လာသောအခါ လူနာသည်ပိုမိုကောင်းမွန်သောကုသမှုရလဒ်များရရှိရန်အတွက် ပြန်လည်ထူထောင်ရေးကိုအမြန်ဆုံးခံယူသင့်ပါသည်။ ယေဘုယျအားဖြင့်ကုသမှုလုပ်ရန် အကောင်းဆုံးသောကာလသည် ဖြစ်ဖြစ်ပြီးခြင်း 1-3 လအတွင်းဖြစ်သည်။ သို့သော်သုံးလကျော်သွားလျှင်ပင် ပြန်လည်ထူထောင်ရေးမှ ရရှိနိုင်သော အကျိုးကျေးဇူးများ ရှိပါသေးသည်။ သို့သော် ရလာဒ်များသည် လူနာတစ်ဦးနှင့်တစ်ဦး မတူညီနိုင်သလို ကောင်းမွန်သောရလာဒ်များရလာနိုင်မည့်အခွင့်အလမ်းများလည်းနည်းပါးသွားမည်ဖြစ်ပါသည်။