ကျောရိုးအာရုံကြောကျဥ်းခြင်း (Spinal Stenosis) ၏ အစောပိုင်းလက္ခဏာများကို သတိထားကြည့်ခြင်း
၎င်းသည် intervertebral discs၊ အရွတ်များနှင့် အဆစ်များအပါအဝင် အသက်အရွယ်နှင့်ဆိုင်သော ကျောရိုး၏ ယိုယွင်းမှုမှ

Vejthani ဆေးရုံ၏ကျောရိုးစင်တာသည် ဘန်ကောက်ရှိ အကောင်းဆုံးကျောရိုးခွဲစိတ်ကုသမှုများနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို အကောင်းဆုံး ပံ့ပိုးပေးသော ဆေးရုံတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကျောရိုးစင်တာတွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဖွဲ့စည်းထားပြီး လူနာများအား အကောင်းဆုံးရလဒ်များရရှိစေရန် အတွက် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော အရိုးအထူးကုဆရာဝန်များမှ ဝန်ထမ်းများဖြင့် ပြုစုကုသမှုများပေးနေခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ကျောရိုးစင်တာသည် တိုင်ပင်ဆွေးနွေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာကုထုံးများအပါအဝင် ပြည့်စုံသောဝန်ဆောင်မှုများကိုပေးပါသည်။ ကျွန်ုပ်တို့သည် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျရှိသော ခွဲစိတ်မှုမဟုတ်သော အခြားကုသမှုဆိုင်ရာ ရွေးချယ်စရာများကိုလည်း ပြည့်စုံအောင် ဖြည့်ဆည်းထားပေးပါသည်။ ကျွန်ုပ်တို့၏အတွေ့အကြုံရှိခွဲစိတ်ဆရာဝန်များနှင့် O-Arm + Navigator၊ Robotic၊ Endoscope နှင့် Microscope ကဲ့သို့သော ခေတ်မီနည်းပညာများသည် နာတာရှည်နာကျင်မှုနှင့် ကျောရိုးရောဂါများခံစားရသူများကို သက်သာရာရစေရန် ပေါင်းစပ်ထားသည့်နည်းပညာများဖြစ်ပါသည်။ လူနာ၏အလုံးစုံကျန်းမာရေးနှင့် ဘဝအရည်အသွေးကို ပြန်လည်ထူထောင်ရန်၊ ထိန်းသိမ်းခြင်းနှင့် ပိုမိုကောင်းမွန်စေခြင်းတို့ကို ဦးစားပေးကာ လူနာတစ်ဦးစီ၏ အခြေအနေအလိုက်တိကျသော ကုသမှုပေးခြင်းလိုအပ်သည်ကို ကျွန်ုပ်တို့ နားလည်ပြီး အကောင်းဆုံးကုသမှုကို ရရှိကြောင်း သေချာစေရန်အတွက် အထူးကုသစောင့်ရှောက်မှုပေးပါသည်။
ကျွန်ုပ်တို့၏ခွဲစိတ်ကုသရေးအဖွဲ့သည် နောက်ဆုံးပေါ်နည်းပညာများနှင့် လုပ်ထုံးလုပ်နည်းများတွင် အထူးလေ့ကျင့်သင်ကြားထားပြီးအတွေ့အကြုံရှိကာ လူနာ၏ခံစားရသော ေ၀ဒနာနှင့် ပြန်လည်နာလန်ထချိန်ကို လျှော့ချရန်အတွက် ခွဲစိတ်မှုဒဏ်ရာအနည်းဆုံးဖြစ်သည့် သေးငယ်သော ခွဲစိတ်ကုထုံးများကိုလည်း အသုံးပြုပါသည်။
Vejthani Spine Center သည် လူနာများ၏ သက်တောင့်သက်သာနှင့် ဘေးကင်းမှုကို ဦးစားပေးပါသည်။ ကျွန်ုပ်တို့၏အဖွဲ့သားများသည် ကောင်းမွန်သောစောင့်ရှောက်မှုကို ပေးဆောင်သလို ဘေးကင်းဖော်ရွေပြီး စိတ်အပန်းဖြေနိုင်သည့်ဆေးရုံပတ်ဝန်းကျင်တွင် လူနာများအား အမြဲကြိုဆိုလျှက် ရှိနေပါသည်။
ခွဲစိတ်ပြီးနောက်၊ ကျွန်ုပ်တို့၏ ပြန်လည်ထူထောင်ရေးပရိုဂရမ်များသည် လူနာများကို ပုံမှန်လူတစ်ယောက်ကဲ့သို့ စိတ်ခွန်အား၊ လှုပ်ရှားသွားလာနိုင်မှုတို့ကို တတ်နိုင်သမျှ မြန်မြန်ပြန်ရစေရန် အထူးဂရုပြုစောင့်ရှောက်ပါသည်။ ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ အထူးကုဆရာဝန်များအဖွဲ့သည် လူနာများနှင့် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ပြန်လည်ထူထောင်ရေး အခြေအနေများဖြင့် အမြန်ဆုံးသက်သာပျောက်ကင်းလာအောင် ကူညီပေးခြင်းလည်းဖြစ်ပါသည်။
Vejthani Spine Center တွင် ကျွန်ုပ်တို့၏ အထူးကုဆရာဝန်များနှင့် တွေ့ဆုံပြီး ထိုင်းနိုင်ငံရှိ ကျောရိုးခွဲစိတ်မှုအကြောင်း ပိုမိုလေ့လာနိုင်ပါသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ကျွန်ုပ်တို့၏ဆေးရုံတွင် ရရှိနေသော ကျောရိုးခွဲစိတ်မှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် ရုပ်ပိုင်းဆိုင်ရာကုထုံးဝန်ဆောင်မှုများရရှိရန်အတွက် ကျွမ်းကျင်ဆရာ၀န်များဖြင့် အခုပင်လာရောက်တိုင်ပင်နိုင်ပါသည်။