အသည်းခြောက်ခြင်း
အမာရွတ်တစ်သျှူးများသည် အသည်း၏ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို
လူတွေတော်တော်များများက မိမိတစ်နပ်တစ်နပ်စားတာနဲနဲလေးပဲ၊ဘာကြောင့် ဝနေတာလဲလို့ညည်းငြူတတ်ကြတယ်။ ထမင်းစားနဲပေမဲ့ မုန့်တွေသားရေစာတွေ ဟိုနဲနဲဒီနဲနဲ စားမိတာ မေ့နေတာထင်တယ်။ ဒီလိုစားခြင်းအားဖြင့် လိုအပ်တဲ့ပမာဏထက်ပိုများသွားနိုင်ပါတယ်။ တချို့ကတော့ ဝိတ်လျှော့ဖို့အစာမစားတာတွေဟာလည်း လိုအပ်တဲ့အာဟာရဓာတ်တွေမလုံမလောက်ဖြစ်နေတတ်တယ်။ ဒါဆိုဘယ်လောက်စားလျှင် လုံလောက်မလဲ?
အသက်အရွယ်၊အလုပ်အကိုင်နဲ့ ကျား၊မ အလိုက် လိုအပ်တဲ့စွမ်းအင်ပမာဏ ကွာခြားပါတယ်။
အကယ်၍တနေ့တာအတွက် လုံလောက်တဲ့အာဟာရ- ကာပိုဟိုက်ဒရိတ်၊အရွက်၊အသီး၊အသား၊ကြက်,ဘဲဥ၊ပဲ(အနီရောင်)နဲ့ နို့ စတဲ့ဓာတ်စာ (၅) အုပ်စုကို စနစ်တကျစားပေးလျှင် မိမိခန္ဓာကိုယ်လည်း လုံလောက်တဲ့စွမ်းအင်ရရှိပြီး အဝလွန်ခြင်းလည်းမဖြစ်တော့ပါဘူး။
မိမိကိုယ်တိုင် အစားအသောက်မဆင်ခြင်နိုင်သူ၊ညဉ့်နက်ပိုင်းစားတတ်သူနဲ့ အဝလွန်နေသူများအတွက် အန္တရာယ်ကင်းစွာဝိတ်လျှော့နိုင်ဖို့ အစာအိမ်ဘောလုံး (Gastric balloon) ထည့်တဲ့ နည်းပညာထွက်ပေါ်လာပါပြီ။
အစာအိမ်ဘောလုံးထည့်ခြင်းအားဖြင့် စားနိုင်တဲ့ပမာဏနဲလာပြီး အစာအိမ်အရွယ်အစားလည်းသေးလာမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် 24 ကီလိုဂရမ် လောက်ထိဝိတ်လျှော့နိုင်ပါတယ်။
နောက်တစ်နည်းကတော့ Rilaglutide လို့ခေါ်တဲ့ ထိုးဆေးထိုးခြင်းဖြစ်ပါတယ်။ ဒီထိုးဆေးကတော့ အစာအိမ်လှုပ်ရှားမှုနှေးစေပြီး ဆာလောင်မှုနဲအောင်ထိန်းပေးနိုင်ပါတယ်။ ဒီဆေးထိုးပြီးလျှင် အစားနဲခြင်း၊ဝမ်းပြည့်လွယ်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်းကြောင့် 3လ အတွင်း မိမိကိုယ်အလေးချိန်ရဲ့ 5-10% အထိ လျှော့နိုင်မှာဖြစ်ပါတယ်။