Enterovirus ကို မပြင်းထန်မှီ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ပါ
ပြင်းထန်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် Enterovirus 71 သည် Enterovirus 71 (EV71) ကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သည်။
Down Syndrome သည် ပုံမှန်မဟုတ်သော ဆဲလ်ကွဲမှုတွင် ခရိုမိုဆုန်း 21 ၏ အစိတ်အပိုင်းအပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းမှ ဖြစ်ပေါ်စေသောအခါ မျိုးရိုးဗီဇချို့ယွင်းမှုတစ်ခုဖြစ်သည်။ ၎င်းသည် အများအားဖြင့် သွင်ပြင်လက္ခဏာများ၊ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုနှောင့်နှေးမှုများနှင့် ဆက်စပ်နေသည်။ ယခုအချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်သုံးလတွင် Down Syndrome စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ရောဂါရှာဖွေရေးစစ်ဆေးမှုသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား Down Syndrome ကလေးကိုမွေးလာသောအခါ သင့်လျော်သော Down Syndrome ကလေးပြုစုစောင့်ရှောက်မှုကို ကြိုတင်စီစဉ်နိုင်စေရန် အကူအညီပေးပါသည်။
စစ်ဆေးမှု (screening test)မလုပ်ပဲ ကုထုံး (diagnostic test)များလုပ်ခြင်းများလည်းရှိပါသည်။ သို့သော် ယင်း (diagnostic test)ရောဂါရှာဖွေရေးလုပ်ထုံးလုပ်နည်းများသည် သားအိမ်အတွင်း မမွေးသေးသောကလေးအား ထိခိုက်နိုင်သည့် ခွဲစိတ်မှုများဖြစ်ပြီး ကိုယ်ဝန်ပျက်ကျနိူသ်ခြင်း၊ လမစေ့ဘဲ သားအိမ်အတွင်း ပိုးဝင်ခြင်း၊ သို့မဟုတ် ရေမြွာပေါက်ခြင်းစသည်ဖြင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကို တိုးမြင့်လာစေသည့် အန္တရာယ်များရှိသောကြောင့် ဆရာဝန်အများစုသည် ရောဂါရှာဖွေသည့်ယင်းကုထုံးမျိုးကို အကြံပြုမည်မဟုတ်ပဲ ပုံမှန် စစ်ဆေးမှုစမ်းသပ်မှုများကို သာအကြံပြုပါသည်။ သို့ရာတွင်၊ screening test စစ်ဆေးမှုခံယူသောလူနာ၏ မွေးကင်းစကလေးတွင် Down syndrome ဖြစ်နိုင်ခြေ သို့မဟုတ် ခရိုမိုဆုန်းမူမမှန်မှုနှုန်း မြင့်မားနေခြင်းကို တွေ့ရှိပါက၊ ထို့နောက်တွင် diagnostic test ရောဂါရှာဖွေစစ်ဆေးမှုကို သုံးသင့်မသုံးသင့်ကို ဆရာဝန်က မိသားစု၀င်များဖြင့် သေချာတိုင်ပင်မည်ဖြစ်သည်။
“ရောဂါရှာဖွေစမ်းသပ်မှု diagnostic test မှဖြစ်ပေါ်လာသောအန္တရာယ်များသည် ဖြစ်တတ်သော် လည်း ဖြစ်နိုင်ခြေနည်းသည့်အခြေအနေကို ပြောရမည်ဆိုကပါက ပျမ်းမျှ 0.5% မှ 1% ဝန်းကျင်ဖြစ်သည်။ ဒီအန္တရာယ်တွေကို ဘယ်မိဘကမှ မလိုချင်ကြဘူးဆိုတာ နားလည်ပါသည်။ ဒါကြောင့် ကိုယ်ဝန် 10 ပတ်မှာ ပြုလုပ်နိုင်တဲ့ စစ်ဆေးမှုခံယူဖို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကို အကြံပြုလိုပါတယ်၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်း အမျိုးအစားပေါ်မူတည်ပြီး အကြံပြုထားတဲ့ စမ်းသပ်စစ်ဆေးမှုကာလသည် ကိုယ်ဝန် ၁၁ ပတ်မှ ၁၃ ပတ်ဝန်းကျင်ဖြစ်ပြီး ယင်းသည် အတိကျဆုံး စစ်ဆေးမှုလုပ်ထုံးလုပ်နည်းကို ရွေးချယ်နိုင်ပြီး ၎င်းသည် Down syndrome မူမမှန်မှုများအတွက် စစ်ဆေးနိုင်မည့် Ultrasonography ရိုက်သင့်သည့်အချိန်ဖြစ်သည်။”
စစ်ဆေးမှုခံယူရန် စောလျင်စွာရောက်လာလေ၊ စစ်ဆေးမှု၏ နောက်တစ်ဆင့်သို့ မြန်မြန်သွားနိုင်လေဟု ဒေါက်တာ Chitnapin က ကောက်ချက်ချပါသည်။ အဘယ့်ကြောင့်ဆိုသော် မမွေးသေးသောကလေးတွင် ခရိုမိုဆုန်း မူမမှန်မှုများ ရှိနေကြောင်း ကြိုတင်သိရှိခြင်းသည် မိဘများအတွက် ကိုယ်၀န်ကိုဖျက်ချခြင်း (ထိုင်းနိုင်ငံတွင် တရားမ၀င်ပါ) သို့မဟုတ် မည်သည့်အခြေအနေဖြစ်ဖြစ် Down Syndrome ကလေးကို မွေးပြီးပြုစုစောင့်ရှောက်ရန် ကြိုတင်စီစဉ်နိုင်ခြင်းတို့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ရွေးချယ်စရာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါသည်။