ကျန်းမာရေးဆိုင်ရာ စာစောင်များ

ရောဂါ သို့မဟုတ် ခေါင်းစဉ်အလိုက် ယုံကြည်စိတ်ချရသော ကျန်းမာရေးဆောင်းပါးများ၊ ဗီဒီယိုများနှင့် သတင်းများကို ရှာဖွေပါ

ပထမအက္ခရာဖြင့် ဆောင်းပါးများကိုရှာပါ

အရေးကြီးသောကျန်းမာရေးစစ်ဆေးမှုတွင် အမျိုးသမီးများသည် မိမိတို့ကျန်းမာရေးစစ်ဆေးခြင်းကိုအချိန်ဇယားဆွဲကာဦးစားပေးဆောင်ရွက်သင့်သည်။

ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသည် ကောင်းမွန်သောကျန်းမာရေးကိုထိန်းသိမ်းရန်နှင့် ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာများကိုကာကွယ်ရန်အတွက်အရေးကြီးပါသည်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများသည် ရောဂါအခြေအနေများကိုစောစီးစွာသိရှိ၍အောင်မြင်စွာ ကုသနိုင်ပြီး၊ရောဂါများကိုပြန်လည်ကောင်းမွန်ရန်အခွင့်အလမ်းကိုတိုးစေပါသည်။ မိမိကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ရာတွင်လေ့ကျင့်ခန်းလုပ်ခြင်း၊ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများစားခြင်းတို့အပြင်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းလည်းမရှိမဖြစ်လိုအပ်ချက်တစ်ခုအနေဖြင့်ပါဝင်ပါသည်။ အောက်ပါတို့သည်စစ်ဆေးမှုခံယူရန်အရေးကြီးသော အမျိူးသမီးရောဂါဆိုင်ရာ စစ်ဆေးခြင်းများဖြစ်သည်။

သားအိမ်ထုတ်ခြင်းနှင့် ပက်သက်သောအခါ ဘာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မှ ဝေ့ဌာနီဆေးရုံကြီးကို ရွေးချယ်ကြပါသလဲ?

နှစ်စဉ် တကမ္ဘာလုံးရှိ အမျိုးသမီးအများစုသည် အမျိုးသမီးရောဂါဆိုင်ရာခွဲစိတ်မှုများဖြစ်သည့် အထူးသဖြင့် သားအိမ်ထုတ်ခြင်းကိစ္စရပ်ကို သန်းပေါင်းများစွာသော အမျိုးသမီးအများစုသည် နှစ်တိုင်းရွေးချယ်လုပ်လေ့ရှိပါသည်။ ယခုလို သားအိမ်ထုတ်ခြင်းခွဲစိတ်မှုများအတွက် ထိုင်းနိုင်ငံရှိ ဝေ့ဌာနီဆေးရုံကြီးတွင် သားဖွားမီးယပ်ဆိုင်ရာခွဲစိတ်မှုများတွင် နှစ်ပေါင်း ၁၃ နှစ်နှင့်အထက် အတွေ့အကြုံရှိခွဲစိတ်ဆရာ၀◌န်ကြီးများရှိနေပါပြီ။ ဝေ့ဌာနီဆေးရုံကြီးရှိ ဆရာ၀◌န်ကြီးများ အတွေ့အကြုံအရ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းကို လူနာပေါင်း ၁၀၀၀ ကျော်နှင့်အထက်၊ သားအိမ်ထုတ်ခြင်းခွဲစိတ်ခြင်းကို လူနာပေါင်း ၅၀၀ ကျော်နှင့်အထက်၊ မှန်ပြောင်းဖြင့် သားအိမ်ထုတ်ခြင်းကို လူနာပေါင်း ၅၀၀ ကျော်နှင့်အထက်၊ အမာရွတ်မဖြစ်သောခွဲစိတ်မှုများကို လူနာပေါင်း ၁၀၀ ကျော်နှင့်အထက် ခွဲစိတ်ဖူးပြီး လူနာပေါင်းများစွာထံမှ ကောင်းမွန်သောရလာဒ်များ ရရှိထားပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုလို အတွေ့အကြုံရှိ ဆရာ၀◌န်ကြီးများ၏ လက်ရည်များဖြင့် နာကျင်မှုမရှိသော၊ အန္တရာယ်နည်းသော၊ နလန်ပြန်ထူချိန်ပိုမြန်ခြင်းများအတွက် စိတ်ချယုံကြည်နိုင်ပြီဖြစ်ပါသည်။