အူလမ်းကြောင်းက ရေအိတ်လေးတွေဟာ (Colonic Polyps) ကင်ဆာဖြစ်လာနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ စာစောင်များ

အူလမ်းကြောင်းအတွင်းမှာတွေ့ရတဲ့ ရေအိတ် (Polyps) လေးတေ့ကြောင့် အူမကြီးကင်ဆာဖြစ်နိုင်တယ်ဆိုတာ ယနေ့ခောတ်မှာ သိရှိလာကြပြီးဖြစ်ပါတယ်။

လူနာအများစုမှာ ရေအိတ် (Polyps) သေးလေးတွေမှတဆင့်တဖြည်းဖြည်းကြီးလာပြီး ကင်ဆာဖြစ်လာသည်အထိရောဂါလက္ခဏာပြသခြင်းမရှိတတ်ကြပါဘူး။ 

အခုအချိန်မှာတော့ အူမကြီးမှန်ပြောင်း ကနေတဆင့် ကင်ဆာဖြစ်စေမယ့် ရေအိတ်(Polyps)တွေကို အသေးငယ်ဆုံး (၂) မီလီမီတာဆိုက်စ်အထိ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် မှန်ပြောင်းမှာအဆများစွာချဲ့ကြည့်နိုင်တဲ့ Magnifying Narrow Band Imaging (NBI) နည်းစနစ်ပါဝင်လို့ရှိရင် ရေအိတ်(Polyps)ဟာ ကင်ဆာအသွင်စပြောင်းနေပြီလားဆိုတာနဲ့ ပျံနှံ့နေပြီလားဆိုတာပါ ကြည့်ရှုနိုင်ပါတယ်။ 

မှန်ပြောင်းကြည့်ရင်းတွေ့ရှိလာတဲ့ သေးငယ်တဲ့ရေအိတ်(Polyps)တွေကိုလည်း တစ်ခါတည်းဖြတ်ထုတ်နိုင်ပါတယ်။ အရွယ်အစားကြီးတဲ့ရေအိတ်(Polyps)တွေကိုတော့ Endoscopic Submucosal Dissection (ESD) လို့ခေါ်တဲ့နည်းစနစ်အသုံးပြုပြီး ဖြတ်ထုတ်နိုင်ပါတယ်။ ESD ကိုအသုံးပြုခြင်းအားဖြင့် မှန်ပြောင်းအသုံးပြုဖြတ်ထုတ်ခြင်းဖြစ်တဲ့အတွက် ခွဲစိတ်ရာမရှိပဲနဲ့ Colostomy လို့ခေါ်တဲ့ အစာဟောင်းအိမ်အပြင်ထုတ်ခြင်းကိုလဲ အချို့လူနာတွေမှာ လုပ်စရာမလိုတော့ပါဘူး။ ဒါပေမယ့်လူနာအချို့ကတော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း Colostomy လုပ်ကောင်းလုပ်ရနိုင်ပါတယ်။ 

အူမကြီးမှန်ပြောင်းကြည့်တယ်ဆိုတာ နိုင်ငံတကာမှာ အသက် (၅၀)ကျော်တိုင်း ပုံမှန်စစ်ဆေးကြတာဖြစ်ပါတယ်။ စစ်ဆေးတဲ့ ဆေးရုံပေါ်မူတည်ပြီး နာကျဉ်မှုနည်းပါးသလို သက်တောင့်သက်သာနဲ့ အစစ်ဆေးခံနိုင်ပါတယ်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

Readers’ Rating

3.5 out of 5 stars (based on 2 reviews)