သွားအစားထိုးစိုက်ခြင်းက ချွတ် လို ရတဲ့ သွားအတုထက်ဘာတွေပိုကောင်းလဲ?

ကျန်းမာရေးဆိုင်ရာ စာစောင်များ
Featured Image

သွားတစ်ချောင်းမရှိတော့တဲ့အခါ အများအားဖြင့် သွားဆရာဝန်မှ အံကပ်နဲ့သွားအတု လုပ်ပေးလေ့ရှိပါတယ်။ အံကပ်တွေဟာ သက်တောင့်သက်သာမရှိသလို တာရှည်ခံလေ့လည်းမရှိပါဘူး။ အောက်ခြေအခံအရိုးမရှိတဲ့အတွက် သွားဖုံးကို တဖြည်းဖြည်းပျက်စီးစေပြီး အံကပ်ဟာလဲချောင်လာတတ်ပါတယ်။ 

  • သွားအစားထိုးခြင်း (Dental Implant) မှာ အသုံးပြုတဲ့ သွားအတုကတော့ သဘာဝအတိုင်းအနီးစပ်ဆုံးဖြစ်အောင်ပြုလုပ်ထားတာကြောင့် အစာဝါးတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဖိအားဒဏ်ကို မေးရိုးတစ်လျှောက် ဖျန့်ပေးပြီး သွားဖုံးနဲ့ မေးရိုးများကို ပိုမိုသက်သာစေပါတယ်။ 
  • ဒါ့အပြင် Dental Implant သွားအစားထိုးခြင်းဟာ သွားဖုံးအတွင်း အရိုးအထိခွဲစိတ်ထည့်သွင်းတာဖြစ်လို့ Dental Bridge (သွားတံတားထိုးခြင်း) မှာလို သွားတွေကိုညီအောင်ညှိစရာမလိုတော့ပါဘူး။ အကယ်လို့ ဘေးဘက်ကသွားတွေကျိုးသွားလို့ အံကပ်ထပ်တတ်မယ်ဆိုရင်တောင် အစားထိုးထားတဲ့သွားအပေါ်မှာထပ်မံ တပ်ဆင်လို့ရပါတယ်။ သွားအစစ်လို ထောက်ခံပေးထားနိုင်ပါတယ်။

ဒါ့ကြောင့် သွားမရှိတဲ့အခါ ပိုမိုကောင်းမွန်စွာ ၀ါးနိုင်ဖို့၊ သက်တောင့်သက်သာရှိဖို့နဲ့ ကြာရှည်အသုံးခံစေဖို့ သွားအစားထိုးစိုက်ခြင်း (Dental Implant) ကိုစဉ်းစားသင့်ပါတယ်လို့ ဝေ့ဌာနီမှအကြံပြုလိုက်ပါတယ်ခင်ဗျာ။ 

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

Readers’ Rating

0.0 out of 5 stars (based on 0 reviews)