“ရေတိမ်ရောဂါသည်” – လျစ်လျူမရှုသင့်သောရောဂါတစ်ခုဖြစ်နေပါပြီ
အသက်ကြီးသူများတွင် အဖြစ်များသော မျက်စိရောဂါများဖြစ်သည့် အတွင်းတိမ်၊ မျက်စိအတွင်းယိုယွင်းမှုနှင့် ရေတိမ်များ
သွေးချိုဆီးချိုရှိသောလူများတွင်မှန်ကန်သောအစားသောက်နှင့်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သွေးတွင်းသကြားဓာတ်ကိုထိန်းထားခြင်းအပြင်ပို၍ဂရုစိုက်ကြည့်ရှုနေသင့်ပါသည်။အကယ်၍အချိန်ကြာမြင့်စွာသွေးတွင်းသကြားဓာတ်တက်နေပါက ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်းအပြင် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများအား နောက်ဆက်တွဲဆိုးကျိုး သက်ရောက်နိုင်ပါသည်။
ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်း သည် ဆီးချိုသွေးချို၏ ဆိုးရွားသော အမြင်အာရုံထိခိုက်မှုတစ်ခုလည်းဖြစ်သည်။ မျက်ကြည်လွှာအတွင်းရှိ သွေးကြောများ တဖြည်းဖြည်း ပျက်စီးလာရာမှ အမြင်မှုန်ဝါးရာမှ အစပြု၍ မျက်လုံးကွယ်သည်အထိဖြစ်စေနိုင်ပါသည်။


ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်း မဖြစ်မီတွင် လူနာသည် သွေးတွင်းသကြားဓာတ်၊သွေးဖိအား၊ ကိုလက်စရော များကို ကျန်းမာသောနေထိုင်မှု ကိုရွေးချယ်၍ ထိန်းထားသင့်သည်။ တစ်နှစ်တစ်ခါ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်လုံးစစ်ဆေးခြင်းဖြင့်စောစီးစွာ သိရှိကာကွယ်နိုင်ပါသည်။ ရောဂါရင့်သောအခြေနေများတွင် စိမ့်ထွက်သွားသောသွေးကြောများကို ပြန်လည် ဖာထေးရန်နှင့် အသစ်ထပ်၍ မစိမ့်ထွက်နိုင်ရန်လေဆာခွဲစိတ်ကုသမှု လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။