အကြောထုံးခြင်းပြဿနာကိုဖြေရှင်းပေးမည့် Laser Precision
လေဆာကုသမှုသည် varicose veins ကိုကုသရန်အတွက် ဘေးကင်းပြီး ထိရောက်သောရွေးချယ်စရာများ

သွေးကြောကျဉ်းရောဂါ သည် သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်းကြောင့် လက် သို့မဟုတ် ခြေထောက်များသို့ သွေးလည်ပတ်မှုလျော့နည်းစေသည့် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။
လက် သို့မဟုတ် များသောအားဖြင့် ခြေထောက် သည် သွေးထောက်ပံ့မှု မလုံလောက်ပါက လမ်းလျှောက်သည့်အခါ ခြေထောက်နာခြင်းနှင့် အခြားသော လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။ သွေးကြောကျဉ်းရောဂါသည် atherosclerosis ဟုခေါ်သော သွေးကြောအတွင်း အဆီများစုပုံလာခြင်းကို ညွှန်ပြသည်။ Atherosclerosis သည် သွေးလွှတ်ကြောများကို ကျဉ်းစေပြီး ခြေထောက်နှင့်လက်မောင်းများတွင် သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်သည်။ သွေးကြောကျဉ်းရောဂါကို ကုသရာတွင် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။ ၄င်းရောဂါသည်လူအများအပြားတွင် ရောဂါလက္ခဏာလုံးဝမပြခြင်းများလည်း ရှိတတ်ပါသည်။ အချို့သောအခြေအနေများတွင်လူများသည် လမ်းလျှောက်နေစဉ်တွင် claudication ဟုခေါ်သော ၎င်းတို့၏ခြေထောက်များတွင် နာကျင်မှုကိုခံစားရတတ်သည်။ သွေးကြောကျဉ်းရောဂါ၏လက္ခဏာများမှာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်သောအခါ ခြေထောက်နှင့် လက်များနာကျင်ခြင်း သို့မဟုတ် ကြွက်တက်ခြင်းကဲ့သို့သော ကြွက်သားနာခြင်းများဖြစ်လာပြီး၊ အနားယူလိုက် သောအခါနာကျင်ခြင်းများသက်သာသွားသည်။ နာကျင်မှုသည် ခြေသလုံးကြွက်သားများတွင် အများစုဖြစ်တတ်ပြီး အခြေအနသည် mild to severe အထိ ကွဲပြားသည်။ ပြင်းထန်သောခြေထောက်နာခြင်း ဖြင့်အမျိုးမျိုးသော ကိုယ်လက်လှုပ်ရှားမှုများတွင် ခက်ခဲမှုများဖြင့် စိန်ခေါ်မှုဖြစ်လာနိုင်သည်။
သွေးကြောကျဉ်းရောဂါ ဆိုးလာသည်နှင့်အမျှ အနားယူချိန် သို့မဟုတ် လျောင်းနေချိန်၌ပင် နာကျင်မှု ဖြစ်ပေါ်လာနိုင်သည်။ဤနာကျင်မှုသည် အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်ပြီး၊ခြေထောက်များကို ကုတင်အစွန်းမှချ ပြီးထား ခြင်း သို့မဟုတ် လမ်းလျှောက်သည့်အခါတွင်နာကျင်မှုသည်ခေတ္တသက်သာပျောက်ကင်းနိုင်သည်။တချို့သောကိစ္စများတွင် သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ် လက်/ခြေထောက်များ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ကြွက်သားအရွတ်များ ပြောင်းလဲခြင်း သို့မဟုတ် ဓါတ်ရောင်ခြည်နှင့်ထိတွေ့ခြင်းတို့သည် သွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်သည်။ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆီးချိုရောဂါရှိခြင်းသည် သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ တိုးမြင့်စေပါသည်။ထို့အပြင် မိသားစုရာဇဝင် တွင်နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း၊ သွေးတိုး၊ ကိုလက်စထရော မြင့်မားခြင်း၊ Homocysteine ပမာဏမြင့်မားခြင်း၊ အထူးသဖြင့် အသက် ၆၅ နှစ်နောက်ပိုင်း သို့မဟုတ် အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် အဝလွန်ခြင်း တို့သည်လည်း သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်မားစေပါသည်။
ကျန်းမာသောနေထိုင်မှုပုံစံကို ထိန်းသိမ်းခြင်းဖြင့် ရောဂါကြောင့်ဖြစ်ရသည့် လက္ခဏာများကို ကာကွယ်နိုင်ပါသည်။ ကျန်းမာသောလူနေမှုပုံစံဆိုသည်မှာ ဆေးလိပ်မသောက်ခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်နိုင်ခြင်းနှင့် ပြည့်ဝဆီပါသော အစားအစာများကို စားသုံးခြင်းကို ရှောင်ကြဉ် ခြင်းတို့ဖြစ်သည်။
မှန်ကန်သောကိုယ်လက်လှုပ်ရှားမှုအတွက်သင့်တော်သောဆရာဝန်နှင့်တိုင်ပင်ပြီးလေ့ကျင့်ခန်းကိုပုံမှန်လုပ်ကာကျန်းမာသောခန္ဓာကိုယ်အလေးချိန်၊သွေးပေါင်ချိန်နှင့်ကိုလက်စထရောကိုထိန်းသိမ်းပါ။
သွေးကြောကျဉ်းရောဂါ၏ရောဂါလက္ခဏာများကို ကုသရန် ဆေးဝါးများအပြင်
စောစီးစွာ ရှာဖွေတွေ့ရှိခြင်းနှင့် ကုသခြင်းသည် သွေးကြောကျဉ်းရောဂါကို စီမံခန့်ခွဲရန်နှင့် နောက်ဆက်တွဲပြဿနာများဖြစ်နိုင်ခြေကို လျှော့ချရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။မကုသဘဲထားပါကသွေးကြောကျဉ်းရောဂါ သည် လူတစ်ဦးချင်းစီ၏ ဘဝအရည်အသွေးကို သိသိသာသာ ထိခိုက်စေနိုင်ပြီး ပြင်းထန်သော နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များကို တိုးမြင့်စေပါသည်။ထို့ကြောင့် ရောဂါလက္ခဏာများ၏ ပထမလက္ခဏာတွင် ဆေးကုသမှုခံယူရန် အရေးကြီးဆုံးဖြစ်ပါသည်။