လည်ပင်းကျီးပေါင်းရောဂါ( Neck Arthrosis ) ဟာထင်ထားတာထက်ပိုကြောက်ဖို့ကောင်းပါတယ်။

ကျန်းမာရေးဆိုင်ရာ စာစောင်များ

အိမ်မှာနေရင်း ဖုန်းနဲ့ကွန်ပြူတာတွေအကြည့်များလို့ ဇက်ကြောတွေအရမ်းတတ်နေပြီလား?

လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ဟာထင်ထားတာထက်ပိုကြောက်ဖို့ကောင်းပါတယ်။

လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ဆိုတာ ပုံမှန်ဆိုရင် အသက် ၆၀ ကျော်လူကြီးများသာအဖြစ်များတာဖြစ်ပါတယ်။ ဒါပေမယ့်ယနေ့ခေတ်မှာတော့ ဖုန်းတွေ၊ ကွန်ပြူတာတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ကို ခံစားလာရကြပါတယ်။ လည်ပင်းကျီးပေါင်းရဲ့ ရောဂါလက္ခစာတွေကတော့ ဇက်ကြောတက်ခြင်း၊ ပခုံးနှင့် လည်ဂုတ်တစ်လျှောက်နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ကို အဆင့် (၃) ဆင့်ခွဲခြားနိုင်ပါတယ်။

  • အစပျိုးခြင်းအဆင့် – ဇက်ကြောတက်ခြင်း၊ ပခုံးနှင့် လည်ဂုတ်တဝိုက်နာကျင်ခြင်း တို့ခံစားရပါမယ်
  • အလယ်အလတ်အဆင့် – အာရုံကြောဆိုင်ရာလက္ခဏာများ (လည်ဂုတ်တဝိုက်ရှိ အာရုံကြောများနာကျင်ခြင်း၊ လက်မောင်းနှင့်လက်ဖျံရိုးများအထိ နာကျင်လာခြင်း
  • ပြင်းထန်အဆင့် – ကျောရိုးဆစ်အားစတင်ထိခိုင်သည့်လက္ခဏာများ (ခြေ၊လက်များ မလှုပ်နိုင်တော့ခြင်း၊ ထုံကျင်ခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မညီဖြစ်ခြင်း) တို့ခံစားရမှာဖြစ်ပါတယ်။

ကုသနည်းများအနေနဲ့ကတော့ အစပျိုးအဆင့်မှာ သာမန်လေ့ကျင့်ခန်း၊ အကိုက်အခဲပျောက်ဆေး များဖြင့်ကုသနိုင်ပေမယ့် အာရုံကြောနဲ့ ကျောရိုးထိခိုက်ခြင်းဆိုင်ရာလက္ခဏာများဖြစ်ပေါ်လာပါက ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်ပါတယ်။ ဝေ့ဌာနီဆေးရုံကြီးမှာတော့ (၃) စင်တီမီတာခန့်သာရှိတဲ့ ခွဲရာပေးပြီး(Minimal invasive Surgery)နည်းစနစ်နဲ့ လည်ပင်းဆစ် ခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်နေပါပြီ။ တစ်ညပဲဆေးရုံတက်ရမှာဖြစ်ပြီးအမြန်ဆုံး နာလန်ပြန်ထူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး
☎Myanmar Viber Hotline: +66 819 845 111

Readers’ Rating

3.5 out of 5 stars (based on 2 reviews)