Enterovirus ကို မပြင်းထန်မှီ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ပါ
ပြင်းထန်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် Enterovirus 71 သည် Enterovirus 71 (EV71) ကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သည်။
မိမိရဲ့ရင်သွေးလေးတွေ အသက်အရွယ်အလိုက် ပုံမှန်အတိုင်းဖွံ့ဖြိုးမှုရှိ(Child’s Development)မရှိကို အောက်ပါအချက်လေးတွေအတိုင်း စစ်ဆေးကြည့်ရအောင်။
– ကလေးဟာ အထိအတွေ့၊ အသံ၊ အမြင် နဲ့ အနံ့ တို့ကိုအသုံးပြုပြီး ပတ်ဝန်းကျင်ကိုစတင်လေ့လာချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုတွေလဲစတင်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အုပ်တိန်းသူအနေနဲ့ အသေအချာဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
– စကားစပြောမယ့်အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့်ကလေးနဲ့ စကားများများပြောပေးဖို့လိုအပ်ပါတယ်။ အရာဝတ္ထုအမည်တွေကို သင်ပေးသင့်ပါတယ်။ မြင်ရတဲ့အရာတွေကို အမည်နဲ့ တွဲသင်ပေးခြင်း၊ အရုပ်များနဲ့ တွဲ၍ ပုံပြောပြခြင်း၊ အရုပ်များနှင့်ဆော့ကစားစေခြင်းတို့ပြုလုပ်ပေးနိုင်ပါတယ်။
– ကျောင်းတက်မယ့်အရွယ်ရောက်လာပြီဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ တနေ့တာလုပ်စရာလေးတွေကို အချိန်ဇယားလေးနဲ့လုပ်ဆောင်စေပြီး စည်းကမ်းလိုက်နာမှုကို သင်ကြားပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားချိန်နဲ့ လေ့လာသင်ယူချိန်တို့ ခွဲခြားပါဝင်သင့်ပါတယ်။
ကလေးအုပ်ထိန်းသူ၊ မိဘများအနေဖြင့် အထက်ပါအသက်အရွယ်တွေမှာ မူမမှန်တဲ့ဖွံ့ဖြိုးမှု သို့မဟုတ် ကလေးဖွံ့ဖြိုးမငနောက်ကျနေတယ်လို့ထင်မိရင် ကလေးအမူအကျငိ့နှင့်ဖွံ့ဖြိုးမှု (Developmental-behavioral pediatrician) အထူးကုဆရာဝန်နှင့် တိုင်ပင်စစ်ဆေးသင့်ပါတယ်။
အားလုံးကျန်းမာဘေးကင်းစေဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး
Myanmar Viber Hotline: +66 819 845 111