နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေး လှုပ်ရှားမှုနေ့အမှတ်တရအဖြစ် အမျိုးသမီးများ ကျန်းမာရေးအတွက် နှစ်စဉ် တင်ပါးဆုံတွင်းအခြေအနေစစ်ဆေးခြင်းသည် အဘယ်ကြောင့် အရေးကြီးပါသလဲ?

ကျန်းမာရေးဆိုင်ရာ စာစောင်များ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးအတွက် လှုပ်ရှားမှုနေ့အထိမ်းအမှတ်အဖြင့် အမျိုးသမီးကျန်းမာရေးစစ်ဆေးမှုများထဲတွင် နှစ်စဉ် တင်ပါးဆုံတွင်းအခြေအနေစစ်ဆေးခြင်းများကလည်း အမျိုးသမီးများ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည်*

နှစ်စဉ် မေလ ၂၈ ရက်နေ့သည် အမျိုးသမီးများ၏ ကျန်းမာရေးအတွက် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုနေ့ဖြစ်ပြီး အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ အရေးကြီးပုံ- ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် တန်းတူကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်ဖြစ်သည်။ အမျိုးသမီးအများစု မကြာခဏ မေ့ပျောက်လေ့ရှိသော အရေးကြီးသောအချက်တစ်ခုမှာ နှစ်စဉ် တင်ပါးဆုံတွင်းအခြေအနေ စစ်ဆေးမှုဖြစ်သည်။

* နှစ်စဉ် ဒီစစ်ဆေးခြင်းက ဘာကြောင့် အရေးကြီးပါသလဲ။*

တင်ပါးဆုံတွင်း စစ်ဆေးမှုသည် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းထက် ပိုလိုအပ်ပါသည်။ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အခြားသော မူမမှန်မှုများအပါအဝင် သားအိမ်၊ သားဥအိမ်နှင့် လိင်အင်္ဂါတို့ကို ထိခိုက်စေသည့် အစောပိုင်းလက္ခဏာများကို ရှာဖွေဖော်ထုတ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ စစ်ဆေးခြင်းသည် မိနစ်အနည်းငယ်သာကြာသော်လည်း Pap smear သို့မဟုတ် HPV DNA စစ်ဆေးခြင်းနှင့် ပေါင်းစပ်လိုက်သောအခါတွင် မူမမှန်မှုရှိပါက စောစီးစွာသိရှိနိုင်ခြေကို များစွာတိုးတက်စေသည်။ သားအိမ်ခေါင်းကင်ဆာသည် စောစီးစွာတွေ့ရှိပါက ကုသနိုင်သည်—သင့်ကျန်းမာရေးကို ကာကွယ်ရန် ဤအရေးကြီးသောအဆင့်ကို မလွတ်သွားသင့်ပါ။

*နှစ်စဉ် ယင်းစစ်ဆေးခြင်းကို မည်သူတို့အတွက်ပိုမိုသင့်တော်ပါသလဲ *

အသက် 25 နှစ်နှင့်အထက် အမျိုးသမီးများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရှိဖူးသူများအနေဖြင့် တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံဂတင်ပါးဆုံတွင်း စစ်ဆေးမှု ပြုလုပ်သင့်သည်—အထူးသဖြင့် မိသားစုတွင် ကင်ဆာရာဇဝင်ရှိသူ သို့မဟုတ် ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ အစက်အပြောက်များခြင်း သို့မဟုတ် နာတာရှည် တင်ပါးဆုံတွင်း နာကျင်ခြင်းကဲ့သို့သော လက္ခဏာများ ခံစားရသူများအတွက်အလွန်အရေးကြီးပါသည်။

အမျိုးသမီးများ၏ ကျန်းမာရေးသည် ရှုပ်ထွေးနိုင်ပြီး အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာများစွာ မပြတတ်ပါ။ ထို့ကြောင့်၊ တင်ပါးဆုံတွင်း စစ်ဆေးခြင်းဖြင့် သင့်ကျန်းမာရေးအတွက် စိတ်အေးချမ်းမှု ပေးစွမ်းနိုင်စေမည့် ကြိုတင်ကာကွယ်စစ်ဆေးမှုတစ်ခုအနေဖြင့် လုပ်ဆောင်ပါသည်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အမျိုးသမီးကျန်းမာရေးဌာန၊ Vejthani ဆေးရုံ
ခေါ်ဆိုရန်- (+66)2-734-0000 Ext. ၃၂၀၀၊ ၃၂၀၄

Medically Reviewed by

DR. CHUTATIP POONSATTA
DR. CHUTATIP POONSATTA

Obstetrics and Gynaecology

Obstetrics Gynecology - Gynecologic Laparoscopy

Readers’ Rating

0.0 out of 5 stars (based on 0 reviews)