သွေးဖိအားများခြင်း – အသံတိတ်လူသတ်သမား
သွေးဖိအားများခြင်း (သို့မဟုတ်) သွေးတိုးခြင်းကို ရောဂါလက္ခဏာများ မပြဘဲ သွေးကြောများနှင့်နှလုံးကို ပျက်စီးသည့်တိုင်အောင်ဖြစ်တတ်သောကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်နိုင်ပါတယ်။ သွေးတိုးခြင်းကို မကုသဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးများသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်ပါသည်။ သွေးလွှတ်ကြောများကိုပျက်စီးခြင်း - သွေးကြောများသည် အောက်ဆီဂျင်ပါသော သွေးကို နှလုံးမှသယ်ဆောင်၍ ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ပို့ဆောင်ပေးပါတယ်။ အကယ်၍ ထိုသွေးကြောများကို ထိခိုက်လာပါက ကျောက်ကပ်ထိခိုက်မှု၊ မျက်လုံးထိခိုက်မှု နှင့် အစွန်ဖျား သွေးလွှတ်ကြောပျက်စီးမှု များကို ဖြစ်စေနိုင်ပါတယ်။ အသံတိတ်လူသတ်သမားလို့ ခေါ်နိုင်ပါတယ် နှလုံးကိုထိခိုက်ခြင်း - သွေးဖိအားမြင့်တက်ခြင်းသည် နှလုံးကို ဝန်ပိအောင် ပြုလုပ်ပေးပါသည်။ နှလုံးသည် ကျန်သောခန္ဓာကိုယ်အစိတ်အပိုင်း များကို သွေးလွှတ်ရန် အတွက် ပို၍အလုပ်လုပ်ရပါသည်။...