Health Article

ICSI IVF မျိုးမပွားနိုင်မှုဆိုင်ရာ ကုသခြင်း

Share:

Vejthani ဆေးရုံရှိ IVF ဆေးခန်းသည် ICSI IVF မျိုးမပွားနိုင်မှုဆိုင်ရာ ကုသမှုအတွက် ထိုင်းနိုင်ငံရှိ ဦးဆောင်ဆေးရုံများထဲမှ တစ်ခုဖြစ်ပြီး မျိုးမပွားနိုင်ခြင်းဆိုင်ရာ ပြဿနာများကို ပြီးပြည့်စုံသော ကုသမှုများ တိုင်ပင်ဆွေးနွေးကုသမှုပေးပါသည်။

မျိုးပွားခြင်းဆိုင်ရာ ကုသမှုနှင့် မျိုးမပွားနိုင်ခြင်း ကုသမှု- (ART) IVF၊ ICSI၊ Gift PGD၊ IUI၊ ZIFT၊ Biopsy၊ Blastocyst စသည့် အထောက်အကူပြု မျိုးပွားမှုနည်းပညာများ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Vejthani ဆေးရုံရှိ IVF ဆေးခန်းသည် နောက်ဆုံးပေါ် အဆင့်မြင့် မျိုးပွားမှုဆိုင်ရာ နည်းပညာများဖြင့် မိသားစုဘ၀များကို ပြည့်စုံအောင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးပါသည်။ ကျွန်ုပ်တို့၏ သားဖွားမီးယပ်သမားတော်များသည် မျိုးမပွားနိုင်မှုနှင့် ကိုယ်ဝန်နှင့်ပက်သက်သော ကျန်းမာရေးပြဿနာများကို သေချာတိုင်ပင်ဆွေးနွေးစစ်ဆေးကာ ကုသပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ တတ်ကျွမ်းသောကျန်းမာရေးဝန်ထမ်းများသည် စုံတွဲများအကြား မိသားစု တစ်စု ကောင်းမွန်စွာ ဖြစ်လာရေးနှင့် ပက်သက်ပြီး စိတ်ကိုထိခိုက်စေနိုင်သည့် စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို ကောင်းစွာသတိပြုပြီး ၀◌ိုင်း၀◌န်းပံ့ပိုးကူညီခြင်းများပါ လုပ်ဆောင်ပေးပါသည်။ Vejthani IVF ဆေးခန်းရှိ ဝန်ဆောင်မှုအားလုံးကို တစ်ဦးချင်း ကုသရေးအစီအစဉ်များဆွေးနွေးရာတွင် နွေးထွေးဖော်ရွေသောကျန်းမာရေးပတ်၀◌န်းကျင်ဖြစ်အောင် ပံ့ပိုးပေးထားသလို ကျွန်ုပ်တို့၏လူနာများသည် ကျွန်ုပ်တို့၏ဦးစားပေးဖြစ်ပြီး ICSI IVF မျိုးမပွားနိုင်မှုကုသမှုအတွက် ၎င်းတို့၏လိုအပ်ချက်များကို ပံ့ပိုးပေးခြင်းသည် ကျွန်ုပ်တို့၏ ရည်မှန်းချက် ပန်းတိုင်တစ်ခုဖြစ်သည်။

ICSI IVF မျိုးမပွားနိုင်ခြင်း ကုသခြင်း ဘန်ကောက်ရှိ ဝေ့ဌာနီဆေးရုံကြီး

ICSI IVF မျိုးမပွားနိုင်မှု ကုသမှုအတွက်၊ လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုကျော်က၊ in vitro fertilization (IVF) ဟုခေါ်သော စမ်းသပ်မှုလုပ်ထုံးလုပ်နည်းတစ်ခုတွင် ဆရာဝန်များသည် ဓာတ်ခွဲခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး၏မျိုးဥနှင့် အမျိုးသားတစ်ဦး၏သုတ်ပိုးများကို ဖန် ပန်းကန်တစ်လုံးတွင် ပေါင်းထည့်ခဲ့သည်။ ပထမအကြိမ်တွင်၊ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အပြင်ဘက်တွင် သန္ဓေတည်ခြင်းဖြစ်သည်။ ကိုးလကြာပြီးနောက် ပထမဆုံး စမ်းသပ်ပြွန်ကလေးကို မွေးဖွားခဲ့သည်။

ယနေ့ခေတ်တွင် IVF နည်းသာမက အခြားသော ထပ်တိုး မျိုးပွားမှုနည်းပညာ (ART) သည် လူနာများ၏ တစ်ဦးချင်းစီနှင့်သင့်တော်သောအခြေအနေအမျိုးမျိုးတို့အတွက် ရှာဖွေတွေ့ရှိလာကြပြီဖြစ်သည်။ ဤနည်းသည် အောင်မြင်မှုနှုန်းကို တိုးမြင့်လာစေရန်အတွက် အခြေခံကုထုံးများဖြစ်

သည့် သန္ဓေတည်စေနိုင်သောဆေးများနှင့် ပေါင်းစပ်တွဲထားခြင်းဖြစ်သည်။ ART နည်းပညာကို ၃ ကြိမ်မြောက်ယူပြီးသည့်အခါတွင် သားသမီးရရှိနိုင်ခြေများပိုမိုရရှိလာနိုင်သည်ဖြစ်သည်။

သို့သော် ART လုပ်ငန်းစဉ်များ၊ ICSI IVF မျိုးမပွားနိုင်ခြင်း ကုသမှုသည် အလွန်လေးနက်ကာ ကုသရာတွင်လည်း ကုန်ကစရိတ်အနေဖြင့် အလွန်စျေးကြီးသည်။ ART ကုသနည်းကို အသုံးပြု၍ မွေးဖွားလာသော ကလေးများ ရေရှည်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ မရှိသော်လည်း ဆရာဝန်အများစုက သားသမီးရရန်အလွန်ခက်ခဲသော မိဘများအတွက် ART နည်းပညာကို ကလေးရရှိရန်အတွက် နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုရန်ညွှန်ကြားလျှက်ရှိပါသည်။

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက အောက်ပါသက်ဆိုင်ရာဘာသာဌာနများသို့ ဆက်သွယ်ပြီး ဆရာ၀◌န်နှင့် တိုင်ပင်ရန် ဘိုကင်တင်နိုင်ပါသည်။

  • အင်္ဂလိပ်ဘာသာဖြင့်ဖြေကြားခြင်း : +66(0)85-223-8888
  • တရုတ်ဘာသာဖြင့်ဖြေကြားခြင်း: +66(0)84-751-6222
  • မြန်မာဘာသာဖြင့်ဖြေကြားခြင်း: +66(0)81-984-5111
  • ခမာဘာသာဖြင့်ဖြေကြားခြင်း: +66(0)89-201-9000
  • ဗီယက်နမ် ဘာသာဖြင့်ဖြေကြားခြင်း: +66(0)97-291-3351
  • အာရပ်ဘာသာဖြင့်ဖြေကြားခြင်း: +66(0)84-875-7700
  • ရုရှားဘာသာဖြင့်ဖြေကြားခြင်း: +66(0)85-230-5555
  • အီသီယိုးပီယား ဘာသာဖြင့်ဖြေကြားခြင်း: +66(0)90-907-2560
  • ဘင်္ဂလာဒေ့ရှ် ဘာသာဖြင့်ဖြေကြားခြင်း: +66(0)85-485-2333
  • Call Center: +66(0)2-734-0000
  • VFC Hotline : +66(0)82-903-2035
  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating



Related Posts