Health Article

သိုင်းရွိုက်ရောဂါသောက်ဆေးနှင့်ပက်သက်ပြီး ထွေပြားနေသော အယူအဆတချို့ကို ရှင်းလင်းခြင်း

Share:

သင့်တွင် သိုင်းရွိုက်ရောဂါများရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုသမှုတွင် ဆေးဝါးများ၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းနှင့် ခွဲစိတ်မှုတို့ ပါဝင်နိုင်သည်။ မည်သည့်ကုသမှုနှင့် ကုသရမည်ဆိုသည်မှာကား လူနာ၏ မူရင်းရောဂါအခံပေါ် မူတည်ပါသည်။

သို့သော်၊ သင့်ဆရာဝန်သည် သင့်ခန္ဓာကိုယ်အတွင်းရှိ ရှိသင့်ရှိထိုက်သော သိုင်းရွိုက်ဟော်မုန်းပမာဏကို ထိန်းသိမ်းရန်အတွက် အချိန်ကာလတစ်ခုအတွင်း သို့မဟုတ် တစ်သက်တာအတွက် သောက်သုံးရမည့်ဆေးကို ပြန်လည်တွက်ချက်ရနိုင်သောအခြေအနေများတွင် သိုင်းရွိုက်ဆေးသောက်နေစဥ◌်အတွင်း သိသင့်သိထိုက်သည်များကို သိထားရန်လိုအပ်ပါသည်။

သိုင်းရွိုက်ဆေးဝါးများနှင့်ပက်သက်ပြီး အမေးအများဆုံးသော မေးခွန်းများအနေဖြင့်

မေး- ဒီဆေးဟာ တစ်သက်လုံး ဆေးသောက်ရမှာလား။

ဖြေ- အတိအကျမဟုတ်ပါ၊ သိုင်းရွိုက်အတွက် ဆေးကုသမှုကြာချိန်သည် အနည်းဆုံး ၁ နှစ်ရှိသင့်သည်။ ဆေးကုသမှုစတင်ပြီးနောက် သင့်ဆရာဝန်သည် သင့်သိုင်းရွိုက်ဂလင်းများ ကောင်းမွန်စွာအလုပ်လုပ်ခြင်းရှိမရှိကို သိရှိရန် သင့်သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) အဆင့်ကို ၁လ သို့မဟုတ် ၂လ အတွင်းစစ်ဆေး စောင့်ကြည့်ပါသည်။ ရေဒီယိုသတ္တိကြွအိုင်အိုဒင်း သို့မဟုတ် ခွဲစိတ်မှုအပြီးတွင် hypothyroidism ဖြစ်ပေါ်လာသော လူနာအချို့အတွက် သောက်ဆေးသည် တစ်သက်တာ အမြဲတမ်းဖြစ်နိုင်သည်။ ထိုမှသာ သိုင်းရွိုက်ဟော်မုန်းပမာဏကို ကောင်းမွန်စွာ ထိန်းထားနိုင်မည်ဖြစ်သည်။

မေး- သိုင်းရွိုက်အစားထိုးဟော်မုန်းများ တွင် ဘေးထွက်ဆိုးကျိုးများ ရှိပါသလား။

ဖြေ- အစားထိုးဟော်မုန်းများသည် ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်စေသော်လည်း အလွန်ရှားပါသည်။ သိုင်းရွိုက်ဆေးဝါးများဖြင့် ကုသသော လူနာများသည် သွေးဖြူဥများ နည်းပါးခြင်း၊ အသည်းရောင်ရမ်းခြင်း၊ သွေးကြောများ ရောင်ရမ်းခြင်း ဖြစ်ပေါ်လာနိုင်သည်။ သိုင်းရွိုက်အဆိပ်သင့်မှုလက္ခဏာများဖြစ်သည့် အရေပြားဝါခြင်း၊ အဖျားကြီးခြင်း သို့မဟုတ် လည်ချောင်းပြင်းထန်စွာနာခြင်းစသည်တို့ကို သတိပြုမိပါက သင့်ဆရာဝန်နှင့် ချက်ချင်းပြသပါ။

မေး- သောက်ဆေးသောက်ရန်မေ့သွားခဲ့ရင် ဘာလုပ်ရမလဲ။

ဖြေ- တစ်နေ့တစ်ကြိမ် ဆေးသောက်ရခြင်းဖြစ်သည့်အတွက် သောက်ချိန်သည် ၁၂ နာရီအတွင်းဖြစ်ပါက သတိရရခြင်း ဆေးကို ပြန်သောက်ပါ။ အကယ်လို့ ၁၂နာရီအထက်ဖြစ်သွားပါက ထိုနေ့အတွက်ဆေးကို မသောက်ပဲ နောက်ရက်မှ ပြန်သောက်ပါ။

အကယ်လို့ ၂-၃ ရက်ထိ ဆေးသောက်ဖို့မေ့တယ်ဆိုရင်တော့ သတိရရခြင်း တကြိမ်ပဲသောက်ပါ။ ရှေ့ရက်မှ ကျော်သွားသောဆေးများကို ပိုသောက်ရန်မလိုပါ။

မေး- ဆေးညွှန်းမပါဘဲ ဆေးဝယ်ရင် ဘေးကင်းပါသလား။

ဖြေ – သိုင်းရွိုက်ရောဂါကို ခံစားနေရပြီး သောက်ဆေးသည် မိမိဟော်မုန်းအခြေအနေကိုမည့်သို့ထိန်းနေခြင်းကို လွယ်လင့်တစ်ကူ မသိနိုင်သောကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ထံမှ အကြံပြုချက်မရှိဘဲ ဆေးဝါးများကို ဝယ်ယူခြင်းသည် မပြုသင့်ပါ။ ဆေးမှားသောက်ခြင်း သို့မဟုတ် ဆေးပမာဏမမှန်ကန်ခြင်း ဖြစ်ပေါ်ပါက ၄င်းသည် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

သိုင်းရွိုက်ဆေးမသောက်မီ ဆရာဝန်သို ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ရန် အရေးကြီးပါသည်။ ကျေးဇူးပြုပြီး သင်၏ဆေးကို သတ်မှတ်ထားသည့်အချိနအတိုင်း အတိအကျသောက်ရန် မမေ့ပါနှင့်။ ဆရာ၀◌န်ညွှန်ကြားချက်မသောက်ဆေးသောက်ရန လမ်းညွှန်ချက်အားလုံးကို လိုက်နာပါ။ ်ဆေးသောက်နေချိန်တွင် သင့်အခြေအနေကောင်းမွန်လာကြောင်း သေချာစေရန် မကြာခဏ သွေးစစ်ရန် လိုအပ်ပါသည်။ အခြားဆေးအချိုသည်လည်း အူမှစုပ်ယူသောအခြေအနေဖြစ်သောကြောင့် သိုင်းရွိုက်အစားထိုးဟော်မုန်းကို ထိခိုက်စေနိုင်သည်ကို သတိပြုပါ။ အခြားဆေးများသောက်ရပါက သင့်ဆရာဝန်ကို ကြိုတင်အကြောင်းကြားပါ။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts