Health Article

“စက်ရုပ်အကူအညီဖြင့်ခွဲစိတ်မှု” သည် ယခုနောက်ပိုင်းတွင် “ဒူးအစားထိုးခွဲစိတ်မှု” အတွက်မရှိမဖြစ်လိုအပ်သောနည်းပညာတစ်ခုဖြစ်လာပြီဖြစ်ပါသည်။

Share:

ဒူးအရိုးအဆစ်ရောင်ခြင်းသည် အသက်ကြီးလာသည်နှင့်အမျှ အဖြစ်များသော ပြဿနာတစ်ခုဖြစ်သည်။ သို့သော် ယခုခေတ်တွင် အရိုးအဆစ်ရောင်ခြင်းကို ငယ်ရွယ်သူများတွင် ပိုတွေ့ရတတ်သည်။ ရောဂါကို မကုသဘဲထားပါက နေ့စဉ်ဘ၀တွင် အဟန့်အတားများဖြစ်ပေါ်စေပါသည်။

ရောင်ရမ်းခြင်းရောဂါလက္ခဏာများပြင်းထန်လာသောအခါ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ပါသည်။ ယခုအခါတွင် Vejthani ဆေးရုံသည် ကွန်ပြူတာအကူအညီဖြင့် ခွဲစိတ်မှုမှ စက်ရုပ်အကူအညီဖြင့် ခွဲစိတ်မှုအထိ ပြီးပြည့်စုံသော ကုသမှုကို အကောင်အထည်ဖော်ရန် အဆင့်မြှင့်သော ကုသမှု ခြေလှမ်းသစ်တစ်ရပ်ကို လျှောက်လှမ်းနေပြီဖြစ်ပါသည်။ ၎င်းသည် ခွဲစိတ်မှုဆိုင်ရာနှင့်ပက်သက်ပြီး တိကျမှုကို ပေးစွမ်းနိုင်သည့် ခေတ်မီနည်းပညာတစ်ခုဖြစ်သည်။

စက်ရုပ်-အကူအညီဖြင့် ခွဲစိတ်မှုသည် ခွဲစိတ်ကုသမှုတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။ စက်ရုပ်-အကူခွဲစိတ်မှု၏ ထင်ရှားသောလုပ်ဆောင်ချက်မှာ ခွဲစိတ်မှုမပြုလုပ်မီ အရိုး၏တည်နေရာကို တိကျစွာရှာဖွေပြီး ခွဲစိတ်ရန်လိုအပ်သည့် တည်နေရာနှင့် ကိုက်ညီမှုကို တိကျသေချာစေပါသည်။ ထိုအခါ တိုင်းတာမှုမှားယွင်းခြင်းကြောင့် အခြားအရိုးများ မှားယွင်းပျက်စီးနိုင်ခြေကို လျော့နည်းစေသည်။ ထို့အပြင် စက်ရုပ်-အကူခွဲစိတ်မှုတွင် ခွဲစိတ်နေစဥ◌်တွင် အရိုးကို မရွေ့စေရန်အတွက် ပုံမှန်ဖြစ်စဥ◌်တွင် သုံးလေ့ရှိသော ဝက်အူကို တပ်ဆင်ရန်မလိုအပ်ပါ။ ထို့ပြင် ခွဲစိတ်မှုသည် မူလတိုင်းတာထားသည့် အတိုင်းအတာထက်ကျော်လွန်သွားသောအခါ စက်သည် ချက်ချင်းအလုပ်မလုပ်တော့ပါ။ ၎င်းသည် ခွဲစိတ်နေစဥ◌်အတွင်း မရည်ရွယ်သည့်နေရာသို့ ထိမိဒဏ်ရာရစေခြင်းတို့မှ ကာကွယ်တားဆီးစေနိုင်သည်။

ခွဲစိတ်ဆရာဝန်များ၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတို့နှင့်အတူ တိကျကောင်းမွန်သောနည်းပညာတို့ကြောင့် ဒူးအစားထိုးရာတွင်လည်း အစားထိုးရမည့်နေရာအတိအကျတွင် အစားထိုးနိုင်သောကြောင့် ခွဲစိတ်ပြီးသွားသည်နှင့် မိမိဒူးခေါင်းမူလအခြေအနေအတိုင်း လှုပ်ရှားသွားလာနေနိုင်မည်ဖြစ်ပါသည်။

စက်ရုပ်-အကူအညီဖြင့် ခွဲစိတ်ကုသမှုကို အသုံးပြုခြင်းသည် ပြင်းထန်သော ဒူးအရိုးအဆစ်ရောင်ဝေဒနာရှင်များအတွက် လွန်စွာ သင့်လျော်ပါသည်။ ခွဲစိတ်မှုအပြီးတွင် ၎င်းတို့သည် ယခင်ရှိခဲ့သော နေထိုင်မှုပုံစံသို့ ပျော်ရွှင်စွာ ပြန်လည်ရောက်ရှိကာ လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်နိုင်ပြီး မူလသဘာ၀အတိုင်း ဒူးဆစ်များအတိုင်း ကောင်းမွန်စွာလှုပ်ရှားနိုင်ပြီဖြစ်ပါသည်။ ခွဲစိတ်ပြီးနောက် 24 နာရီအတွင်း လူနာများသည် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ဒူးကို ပြန်လည်လှုပ်ရှားနိုင်ခြင်းများ လုပ်နိုင်မည်ဖြစ်သည်။ စက်ရုပ်အကူ ခွဲစိတ်မှု၏ အရေးကြီးနှင့်အကောင်းဆုံးအချက်ကို ပြသရမည်ဆိုလျှင် ခွဲစိတ်မှုသည် သေးငယ်ပြီး နာကျင်မှုကို အနည်းငယ်မျှသာ ဖြစ်စေနိုင်ရုံသာမက နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ခြင်းပင်ဖြစ်သည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating