

Ischemic Stroke (သွေးမရောက်၍ လေဖြတ်ခြင်း)
သွေးကြောများ ပိတ်ဆို့ခြင်းနှင့် ကျဉ်းမြောင်းခြင်းတို့ကြောင့် ဦးနှောက်သို့ သွေးထောက်ပံ့မှု ပြတ်တောက်သွားသောအခါတွင် ischemic လေဖြတ်ခြင်း ဖြစ်ပေါ်သည်။ ၎င်းသည် လက်များနှင့် ခြေထောက်များတွင် ထုံကျင်အားနည်းခြင်း၊ စကားပြောရာတွင် လေးကန်လာနိုင်သည့်အပြင် နာတာရှည် လေဖြတ်ခြင်း သို့မဟုတ် သွက်ချာပါဒ ဖြစ်စေသည်။
အချို့သောလူနာများတွင် လေဖြတ်ခြင်းသည် အလွန်ပြင်းထန်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်သည်။ အကယ်၍ လူနာများသည် ပြင်းထန်သောလေဖြတ်နိုင်ခြေရှိပါက အချိန်မီကုသမှုခံယူခြင်းဖြင့် အချိန်တိုအတွင်း သက်သာကာ ပုံမှန်နေထိုင်မှုဘဝသို့ ရောက်ရှိနိုင်ခြေ အလွန်များပြားပါသည်။
Ischemic Stroke ၏ လက္ခဏာများ
Ischemic လေဖြတ်ခြင်း၏ ကနဦးလက္ခဏာများမှာ လက်နှင့်ခြေထောက်များတွင် ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း၊ မတည်မငြိမ်လမ်းလျှောက်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ မျက်နှာအားနည်းခြင်း၊ စကားပြောရခက်ခဲခြင်း သို့မဟုတ် နားမလည်နိုင်ခြင်း၊ အမြင်မှုန်ဝါးခြင်း သို့မဟုတ် အမြင်အာရုံဆုံးရှုံးခြင်း သို့မဟုတ် စူးရှပြင်းထန်သော ခေါင်းကိုက်ခြင်း စသည့် လက္ခဏာများစွာသည် တပြိုင်နက်တည်း ဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများ ပုံမှန်ထက် ပိုကြာနေပါက သို့မဟုတ် မသက်သာပါက လူနာသည် ချက်ချင်းကုသမှုခံယူရန် ဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်သည်။
Ischemic Stroke ၏အန္တရာယ်အချက်များ
- ဆီးချိုရောဂါသည် ဦးနှောက်သို့ သွေးထောက်ပံ့သည့် သွေးကြောများ ပိတ်ဆို့ခြင်းကို ဖြစ်စေပြီး ischemic လေဖြတ်ခြင်းကို ဖြစ်စေသည်။
- သွေးတိုးရောဂါသည် ပုံမှန်ထက်ပို၍ သွေးကြောများ ထူလာစေသည်။ ၎င်းသည် သွေးကြောများ ကျဉ်းသွားခြင်း သို့မဟုတ် ကွဲထွက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
- နှလုံးရောဂါသည် ဦးနှောက်သို့ သွေးထောက်ပံ့သော သွေးကြောများတွင် သွေးခဲခြင်း၏ အကြောင်းရင်းဖြစ်နိုင်ပြီး ထိုသွေးခဲများသည် သွေးကြောများမှတဆင့် စီးဆင်းကာ ဦးနှောက်သွေးကြောများအတွင်းသို့ ရောက်သွားစေသည်။
- Ischemic လေဖြတ်ခြင်းကိုဖြစ်စေနိုင်သော လူနေမှုပုံစံတွင် လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရောများခြင်းနှင့် ခန္ဓာကိုယ်အတွင်းရှိ အချို့သောဟော်မုန်းများရှိနေခြင်းတို့ပါဝင်သည်။
Ischemic Stroke မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်မလဲ?
အဓိကအားဖြင့် မိမိနေ့စဥ◌်လူနေမှုပုံစံကိုချိန်ညှိရန်ဖြစ်သည်။ ဆေးလိပ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းအတာတစ်ခုအထိ ထိန်းထားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုလက်စထရောပမာဏကို ထိန်းချုပ်ခြင်း၊ အရက်နှင့် အဖျော်ယမကာများကို ရှောင်ကြဉ်ခြင်းနှင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းများ တို့ဖြစ်ပါသည်။
Ischemic လေဖြတ်နိုင်ခြေကို စိုးရိမ်နေသူများအတွက် ကျန်းမာရေးစစ်ဆေးမှုကို နှစ်စဉ်ပြုလုပ်ရန် အရေးကြီးပါသည်။ ၎င်းသည် ရောဂါဖြစ်ပွားနိုင်ခြေရှိသည့် ပြင်းထန်မှုများနိုင် မများနိုင်ကို ဆုံးဖြတ်နိုင်သည်။ ကျန်းမာရေးကောင်းဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာလည်း အဓိက အရေးကြီးပြီး သဘာ၀တရားကပေးထားတဲ့ အကောင်းဆုံးသော အားဆေးကြီးတစ်ခွက်ပါပဲ
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating