Health Article

အသက်ကြီးသူများတွင် အဖြစ်အများဆုံး ကျောရိုး ပြဿနာ Spinal Stenosis

Share:

Spinal Stenosis (သို့) ကျောရိုးလမ်းကြောင်း ကျဉ်းမြောင်းခြင်းသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ကျောရိုးဧရိယာရှိ discs များ၊ အရွတ်များနှင့် အဆစ်များကို ထိခိုက်စေသော ကျောရိုးယိုယွင်းခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

ကျောရိုးပြွန်သည် အသက်ကြီးလာသည်နှင့်အမျှ ကျဉ်းလာကာ အာရုံကြောများကို ဖိမိသည်အထိ ဖြစ်နိုင်သည်။ အာရုံကြောဖိမိခြင်းသည် အောက်ပါလက္ခဏာများထဲမှ တစ်ခုခုကို ဖြစ်စေနိုင်သည်-

  • တင်ပါးနှင့်ခါးနာကျင်ခြင်း
  • အချိန်အကြာကြီး လမ်းလျှောက်ပြီးနောက် ခြေထောက်နာကျင်မှု ပိုဆိုးလာခြင်း
  • ခါးကို နောက်သို့ ကိုင်းလိုက်သောအခါတွင် ခါးနာခြင်း၊ ထိုအခါ ခါးကို ရှေ့သို့ ပြန်ကွေးလိုက်ခြင်း သို့ ခဏအနားယူလိုက်သောအခါ နာကျင်မှုသက်သာသွားခြင်း

ခါးနာခြင်းနှင့် လမ်းလျှောက်ရခက်ခဲခြင်းတို့ကို ခံစားရသော သက်ကြီးရွယ်အိုများအတွက်၊ လူနာတစ်ဦးစီအတွက် ဓာတ်မှန်နှင့် MRI ကဲ့သို့သော ရောဂါရှာဖွေမှု သို့မဟုတ် စုံစမ်းစစ်ဆေးမှုများဖြင့်စစ်ဆေးပြီး အထူးကုနှင့် တိုင်ပင်ရန် အရေးကြီးပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts