Health Article

သည်းခြေကျောက်ရှိခြင်း လက္ခဏာများ

Share:

ပုံမှန်ခံစားရတဲ့ ဗိုက်နာခြင်းက ထင်တာထက် ပိုအန္တရာယ်များပါတယ်။

ကနဦးအဆင့်တွင် သည်းခြေကျောက်တည်သူများသည် ရင်သားအောက်ရှိ ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်မှုကို ခံစားရနိုင်သည်။ နာကျင်မှုသည် အစာအိမ်ရောင်ခြင်းကြောင့် ဖြစ်ရသည့် ဝေဒနာနှင့် ဆင်တူပြီး သည်းခြေအိတ်ကို ပိတ်ဆို့နေသော သည်းခြေကျောက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရောဂါလက္ခဏာများကတော့

  • ဝမ်းဗိုက်အောင့်ခြင်း၊ ဖောရောင်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အစာမကြေခြင်း။
  • အထူးသဖြင့် ကိုလက်စထရောအဆီဓာတ်များသော အစားအစာများကို စားသုံးပြီးနောက် ရင်သားအောက်တွင် တောင့်တင်းတတ်ပြီး တခါတရံမှာ ညာဘက်ပခုံးကို ချွန်သောအရာဖြင့်ထိုးသလို နာကျင်တတ်ပါတယ်။
  • အချို့လူနာများတွင် ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်းများ ခံစားရနိုင်သည်။

ဤလက္ခဏာများသည် ၁-၂ နာရီအတွင်း ပေါ်လာပြီး ပြန်သက်သာသွားကာ အချို့သောလူနာများသည် ၎င်းတို့တွင် သည်းခြေကျောက်တည်နေကြောင်း သတိမထားမိဘဲ အချိန်မီ ရောဂါရှာဖွေတွေ့ရှိခြင်းမရှိပေ။ သည်းခြေကျောက်များသည် သည်းခြေအိတ်တွင် ပိုမိုပိတ်ဆို့နေပါက နာကျင်မှုသည် ၄-၆ နာရီကြာသည်အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။ ထို့နောက် ညာဘက်နံရိုးအောက်ရှိ ပြင်းထန်သော ဝမ်းဗိုက်နာခြင်းကို ဖြစ်စေနိုင်သည်။ အချို့သောလူနာများသည် အခြားရောဂါလက္ခဏာများနှင့်အတူ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်းများဖြစ်နိုင်သည်။ ၎င်းကို လူနာတွင် Acute cholecystitis သို့မဟုတ် သည်းခြေအိတ်ရောင်ခြင်းရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ၎င်းသည် ခွဲစိတ်မှုဖြင့် ချက်ချင်းကုသမှုခံယူရန် လိုအပ်သောပြင်းထန်အခြေအနေဖြစ်သည်။

သည်းခြေကျောက်များအန္တရာယ်

အထက်ဖော်ပြပါ အစာခြေလက္ခဏာများအပြင် သည်းခြေကျောက်များသည် သည်းခြေအိတ်အတွင်းမှ ထွက်သွားနိုင်ပြီး သည်းခြေပြွန်အတွင်း ရပ်တန့်သွားကာ ပြွန်အတွင်း ပိတ်ဆို့သွားနိုင်ခြေရှိပါသေးသည်။ သည်းခြေပြွန်သည် အသည်းနှင့် သည်းခြေအိတ်ကို အူသိမ်သို့ ချိတ်ဆက်ပေးသော ပြွန်တစ်ခုဖြစ်သည်။ သည်းခြေပြွန်အတွင်း ပိတ်ဆို့ခြင်းကြောင့် အသားဝါခြင်း၊ အရေပြားနှင့် မျက်လုံးများ ဝါလာခြင်း၊ ဆီးအဝါရောင်တောက်တောက်နှင့် ဝမ်းဖျော့ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤရောဂါလက္ခဏာများသည် အသက်အန္တရာယ်ရှိပြီး လူနာများကို သည်းခြေအိတ်သို့ပိုးကူးစက်နိုင်ခြေအများဆုံးဖြစ်စေနိုင်သောကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

  • Readers Rating
  • Rated 2.8 stars
    2.8 / 5 (8 )
  • Your Rating