Health Article

ခွဲစိတ်ဆရာ မလိုပဲ ဆီးကျိတ်ကြီးခြင်းကို ရေနွေးငွေ့ဖြင့်ကုသခြင်း

Share:

ဆီးကျိတ်ကြီးခြင်းဆိုသည်မှာ အမျိုးသားများ အသက်၅၀ အထက်တွင်တွေ့မြင်ရတတ်သော ရောဂါဖြစ်ပြီး အသက်အရွယ်တခုခုမှာ အမျိုးသားဟော်မုန်းပြောင်းလဲခြင်းကြောင့်ဖြစ်ပါသည်။

လက်ရှိမှာတော့ Rezum water vapor therapy လို့ခေါ်တဲ့ ရေနွေးငွေ့နည်းပညာဖြင့် ခွဲစိတ်မှုမလိုပဲ ဆီးကျိတ်ကြီးခြင်း‌ေ၀ဒနာကို ကုသနိုင်ပြီ ဖြစ်ပါသည်။ လုပ်ဆောင်ချိန်မှာ အချိန် ၁၀-၁၅မိနစ်ခန့်သာရှိပါသည်။

ဝေ့ဌာနီဆေးရုံကြီးမှ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ဆရာ၀◌န်ကြီး Dr. Santapon Chamnarnprai ပြောကြားချက်အရ ဆီးကျိတ်ကြီးလာသောအခါ ဆီးလမ်းကြောင်းကို ဖိမိစေပြီး ကျဥ◌်းသွားစေပါသည်။ ထိုအခါ ဆီးသွားလျှင်နာကျင်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးကျန်ပြီး ဆီးသွားမ၀သလိုဖြစ်ခြင်းစသည်တို့ကို ခံစားရစေပါသည်။

ဆီးကျိတ်ကြီးခြင်းကို ယေဘုယျကုသခြင်းများကတော့ ညဘက်တွေ ရေလျော့သောက်ခြင်း၊ ကဖင်းဓာတ်ပါသော ကော်ဖီ လက်ဖက်ရည်များလျော့သောက်ခြင်း စသည့် နေထိုင်မှုပုံစံကိုပြောင်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ထို့အပြင် သေက်ဆေးများသုံးစွဲခြင်းဖြင့်လည်း ဆီးကျိတ်ရှိ ကြွက်သားများ ကျုံ့ဆန့်ခြင်းမှ တားဆီးလို့ရပါသည်။ ထိုသို့ဆေးသောက်ခြင်းကြောင့် ဆီးသွားချိန် နာကျင်ခြင်းပြဿနာများကိုသက်သာစေသော်လည်း ရေရှည်ဆွဲသောက်ရန်မှာ မဖြစ်နိုင်ပါ။

သို့သော် ဆီးသွားခက်ခြင်း၊ ဆီးထဲသွေးပါခြင်းစသော ဆိုး၀◌ါးသော အခြေအနေများဖြစ်လာပါက ဆရာ၀◌န်မှ မှန်ပြောင်းအသုံးပြုပြီး ဆီးကျိတ်ကို ခွဲစိတ်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ခွဲစိတ်ရခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ဆီးပိုး၀◌င်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့မှ ကာကွယ်နိုင်ရန်ဖြစ်ပါသည်။ သို့သော် ယခုလက်ရှိအသုံးပြုနေသော ဆေးပညာနည်းတခုဖြစ်တဲ့ ရေငွေ့နည်းပညာ Rezum water vapor therapy မှာ   ခွဲစိတ်စရာမလိုပဲ ဆီးကျိတ်ကြီးခြင်းကို လျော့ချနိုင်သည့်အပြင် ဆီးလမ်းကြောင်းကိုပါ ပြန်ကျယ်စေပါသည်။ ဒီကုသနည်းမှာ မှန်ပြောင်းအသေးစားကို ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးကျိတ်ထဲသို့ထည့်လိုက်ပြီး ဆရာ၀◌န်မှ ၁၀၃ ဒီဂရီဆဲလ်စီးရပ်ရှိသော ရေငွေ့ကို ၉ စက္ကန့်မျှ ဆီးကျိတ်ထဲ ဖြန်းခြင်းဖြစ်ပါသည်။ ၄◌င်းကို ၆-၁၀ ကြိမ်ထိလုပ်ရပါတယ်။ ရေနွေးငွေ့ဟာ ဆီးလမ်းကြောင်းကို ဖိပိတ်စေသော ဆီးကျိတ်ကြီးစေသည့် ဆဲလ်များကို သေစေပါသည်။ ထို့နောက် ကိုယ်တွင်းမှ သဘာ၀အတိုင်း ဆဲလ်အသေများကို စွန့်ထုတ်သွားမည်ဖြစ်ပါသည်။

ထို့သို့ ခွဲစိတ်စရာမလိုသည့် ရေနွေးငွေ့သုံးနည်းပညာလုပ်ဆောင်ရန် အချိန် ၁၀-၁၅ မိနစ်မျှသာကြာမည်ဖြစ်ပြီး ဘေးဥပါဒ်လည်းမရှိပါ။ မေ့ဆေးပေးခြင်း၊ ဆေးရုံတက်ရခြင်းများလည်း မရှိပါ။ လုပ်ပြီးပြီးခြင်း ခဏစောင့်ကြည့်ကာ အိမ်ပြန်နိုင်ပြီဖြစ်ပါသည်။ 

ကုသမှုပြီးသွားတဲ့အခါ ဆရာ၀◌န်မှ ဆီးပိုက်ကို အနည်းဆုံ ၇ရက်မျှ ထည့်ထားပါမည်။ ထိုသို့ထည့်ခြင်းမှာ ဆီးပုံမှန်မသွားနိုင်သူများကို အဆင်ပြေစေနိုင်ပြီး ယောင်ယမ်းခြင်း နာကျင်ခြင်းမှလည်း အမြန်သက်သာစေပါသည်။

၇ ရက်ပြည့်လျှင် ဆရာ၀◌န်မှ ပြန်လည်စစ်ဆေးပြီး ဆီးပိုက်ကို ထုတ်ပေးမည်ဖြစ်ပါသည်။ အစပိုင်းတွင် လူနာသည် ဆီးကျိတ်နားတ၀◌ိုက်တွင် နာကျင်ခြင်းခံစားရတတ်သည်။ အချို့ကတော့ ၄-၆ပတ်အတွင်းဆီးတွင် သွေးအနည်းငယ်ပါခြင်း သို့ ပူပြီးလောင်နေသလိုအနည်းအကျဥ◌်းခံစားရခြင်းများ ဖြစ်တတ်ပါသည်။ သို့သော် ဒီလက္ခဏာများမှာ ပုံမှန်အားဖြင့် ၂ပတ်လောက်ကြာရင်ပျောက်ကင်းသွားပါသည်။ ထို့နောက် ၆ ပတ်လောက်အကြာတွင်ပြန်လည်ကောင်းမွန်လာပြီး ကုသမှုရလာဒ်ကို နောက် ၅နှစ်လောက်ထိ ထိန်းထားနိုင်ပါသည်။ ဆရာ၀◌န်နှင့်လည်း ၂နှစ်တကြိမ်မှ ပြန်လည်ပြသစစ်ဆေးရန်လိုအပ်ပါသည်။

Rezum water vapor technology ဖြစ်သည့် ရေငွေ့သုံးနည်းပညာသည် 30-80 ဂရမ်ရှိသော ဆီးကျိတ်ကြီးသူများအတွက် အသုံး၀◌င်သည်။ ထို့အပြင် သောက်ဆေးဖြင့် မထိရောက်သူများ နှင့် ခွဲစိတ်ခြင်းအတွက် ကြာရှည်မေ့ဆေးဒဏ်မခံနိုင်သူ အတွက်လည်း သုံးနိုင်ပါသည်။ ထို့အပြင် ရေနွေးငွေ့ကုထုံးခံယူသူများသည် ဆီးပိုး၀◌င်သူများ သို့ မျိုးပွာကိုယ်အင်္ဂါအစားထိုးထားသူများ မဖြစ်ရပါ။

Dr. Santapon မှပြောကြားချက်ဆီးကျိတ်ကြီးခြင်းမှာ အသက် ၅၀ အမျိုးသားများပိုမိုဖြစ်နိုင်ခြေရှိသည်။ ဒီရောဂါဟာ မကုသပဲထားလျှင် ဆိုးကျိုးများပိုမိုဖြစ်ပေါ်လာနိုင်သလို ကုသမှုကိုလည်း ပိုမိုခက်ခဲလာစေနိုင်ပါသည်။ ဒါ့ကြောင့်ဆရာ့အနေနဲ့ အမျိုးသားတိုင်း မိမိတို့ဆီးသွားအခြေအနေကို သတိထားစေချင်ပါတယ်. ပုံမှန်မဟုတ်ပဲ လက္ခဏာတွေပြလာပါက ချက်ချင်းဆရာ၀◌န်နှင့်ပြသပြီး ကုသစစ်ဆေးမှုခံယူခြင်းဟာ ကုသခြင်း၏ ရလာဒ်ကောင်းကို ပိုမိုရရှိစေပါသည်။

  • Readers Rating
  • Rated 3 stars
    3 / 5 (4 )
  • Your Rating




Related Posts