Health Article

အကြောထုံးခြင်းဟာ အန္တရာယ်များပါသလား?

Share:

Varicosities ဟုခေါ်သော Varicose သွေးပြန်ကြောများရောင်ယမ်းခြင်းဖြစ်သောအခါ ခြေထောက်တွင် အပြာရောင် သို့ ခရမ်းရင့်ရောင် သွေးကြောထုံးများကို မြင်ရတတ်ပါသည်။ ပုံမှန်အားဖြင့်၊ Varicosities များသည် အန္တရာယ်ရှိသော လက္ခဏာများ မဖြစ်သော်လည်း အလွန်များပြားလာလျှင် ညဘက်အိပ်ချိန်များတွင် ရောင်ရမ်းခြင်း၊ ပူနွေးခြင်းများကြောင့် နာကျင်ခြင်း နှင့် ကြွက်သားများ ကြွက်တက်ခြင်းများ ဖြစ်တတ်ပါသည်။

မကုသဘဲထားရင် အန္တရာယ်ရှိလား။

Varicosities များဖြစ်ပေါ်ခြင်းသည် သွေးစီးဆင်းမှုကို ကျဆင်းစေခြင်းဖြင့် အောက်ဖော်ပြပါ အခြေအနေများ ဖြစ်စေနိုင်ပါသည်။

သွေးမတိတ်ရောဂါ- Varicosities များသည် အရေပြားနှင့် နီးကပ်သောကြောင့် ရှမိခြင်း သို့မဟုတ် ထိခိုက်မိခြင်းဖြစ်ပါက သွေးထွက်လာခြင်းကို ရပ်တန့်ရန် ခက်ခဲစေပါသည်။

Thrombosis : သွေးခဲသည် သွေးစီးဆင်းမှုကို ပိတ်ဆို့နိုင်ပြီး သွေးပြန်ကြောအတွင်း ရောင်ရမ်းမှုကို ဖြစ်စေသည်။ ထိုအခါ အကြောတ၀◌ိုက်နွေးနေခြင်း၊ ရောင်ယမ်းခြင်းနှင့် နာကျင်မှုတို့ကို ဖြစ်ပေါ်စေပါသည်။

ထိရောက်သောကုသမှုရလာဒ်ရရှိရန် လူနာသည် စောလျှင်စွာ ဆရာ၀◌န်နှင့် တိုင်ပင်ဆွေးနွေးသင့်ပြီး Varicosities ကုသမှုကို ခံယူသင့်ပါသည်။ ကုသမှုမရသော Varicosities များသည် ပိုမိုဆိုး၀◌ါးသောအခြေအနေသို့ရောက်လာပါက အကြောတစ်‌လျှောက်နှင့် အနီးနားအရေပြားတ၀◌ိုက်တွင် ညိုမဲခြင်း သို့မဟုတ် အနက်ရောင်သို့ ပြောင်းလဲသွားခြင်းတို့ကို ဖြစ်စေနိုင်သလို ထိုအခါ ကုသမှုကို ပိုမိုနှောင့်နှေးစေကာ ပြန်လည်ကောင်းမွန်ရန် အချိန်ကြာစေနိုင်ပါသည်။

  • Readers Rating
  • Rated 3.5 stars
    3.5 / 5 (2 )
  • Your Rating




Related Posts