Health Article

ချော့ကလက်ရေအိတ်ဟုခေါ်သော သားဥအိမ်ရေအိတ်တည်ခြင်းကို သိသာစေသော လက္ခဏာ ၅ ချက်

Share:

လူအများစုသည် ချော့ကလက်ရေအိတ်တည်ခြင်းကို အခြားသောရောဂါများကြောင့် ခံစားရသော လက္ခဏာများဖြင့် ဆင်တူတတ်ကြသောကြောင့် အခြားရောဂါများဖြင့် အမှတ်မှားတတ်ကြသည်။ ထို့ကြောင့် ရောဂါမှန်မမှန်ဆုံးဖြတ်ရာတွင် ဆရာ၀◌န်မှပြောကြားရုံဖြင့် သတ်မှတ်လို့မရနိုင်သေးပါ။ စစ်ဆေးချက်များ စမ်းသပ်ချက်များဖြင့် ပြန်လည်ဆက်စပ်ပြီးမှ ဖြစ်နိုင်ခြေရှိမရှိကို သုံးသပ်ရမည်ဖြစ်ပါသည်။

ချော့ကလက်ရေအိတ်တည်ခြင်းနှင့်ပက်သက်ပြီး ခံစားရလေ့ရှိသော လက္ခဏာတချို့ကို မျှ‌ေ၀ပေးလိုက်ပါသည်။ ချော့ကလက်ရေအိတ်တည်ခြင်းဆိုသည်မှာ သားအိမ်နံရံရောင်ရမ်းခြင်းမှ သားဥအိမ်တွင် ရေအိတ်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရေအိတ်အတွင်းရှိနေသောအရည်များမှာ များသောအားဖြင့် ရာသီလာပြီးသော သွေးအဟောင်းများနှင့် တစ်ရှူးများဖြစ်ပြီး အရောင်မှာ ချော့ကလက်ရောင်ကဲ့သို့ဖြစ်နေသောကြောင့် ချော့ကလက်ရေအိတ်တည်ခြင်းလို့အများကခေါ်ကြခြင်းဖြစ်ပါသည်။

ချော့ကလက်ရေအိတ်တည်ခြင်းလက္ခဏာများသည် လူနာတယောက်နှင့်တယောက် မတူညီပဲလွန်စွာကွဲပြားကြပါသည်။

  • အနာသက်သာဆေးသောက်နေသော်လည်း ၀◌မ်းဗိုက်အောက်ပိုင်းနာကျင်ခြင်းများ နှင့် ကြွက်တတ်ခြင်းများ ဖြစ်ပေါ်တတ်ခြင်း
  • ရာသီလာချိန်တွင် ဗိုက်နာခြင်းနှင့်အတူ ကြွက်တက်ခြင်းမှာ တကိုယ်လုံးနေရာအနှံ့တွင်ဖြစ်ပေါ်ခြင်း ဥပမာ ခါးနောက်ပိုင်း၊ ခါး နှင့် မြီးညှောင့်ရိုးတို့တွင် ကြွက်တတ်ခြင်း၊
  • ရာသီလာနေစဉ်ဝမ်းသွားသောအခါ ၀◌မ်းလျောခြင်း အလွန်အကျွံနာကျင်ခြင်း၊ ၀◌မ်းဗိုက်လေကယ်ခြင်းများဖြစ်ခြင်း
  • လိင်ဆက်ဆံစဉ် ဆီးခုံတဝိုက်တွင် အလွန်နာကျင်ခြင်း
  • ကလေးရမလွယ်ခြင်း

ချော့ကလက်ရေအိတ်တည်ခြင်းနှင့် သားအိမ်နံရံယောင်ယမ်းခြင်းနောက်ပိုင်းတွင် အောက်ဖော်ပြပါ ဆိုးကျိုးများဆက်လက်ခံစားရတတ်ပါသည်။

  • အတွင်း၀◌မ်းဗိုက်ကလီစာများ သို့ တင်ပါးဆုံအတွင်းကြမ်းပြင်များတွင် တစ်ရှူးများ ပူးကပ်လာခြင်းကြောင့် ၀◌မ်းဗိုက်အောက်ပိုင်းနာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်
  • ထို့သို့ပူးကပ်လာသော အခြေအနေကြောင့် သားဥပြွန်ကို ဆွဲညှစ်ထားသကဲ့သို့ဖြစ်ပေါ်စေပြီး ကလေးရရှိမှုကို အဟန့်အတားဖြစ်စေပါသည်။ သို့မဟုတ် သန္ဓေသားမဟုတ်သော သန္ဓေတည်ခြင်းကိုဖြစ်ပေါ်စေနိုင်သလို သားအိမ်အတွင်း သန္ဓေအောင်ပြီး သားအိမ်နံရံတွင်တွယ်ကပ်ထားရမည့်အခြေအနေကိုလည်း အနှောက်အယှက်ဖြစ်စေပါသည်။
  • ပိုမိုဆိုးလာပါက ထိုသို့ပူးကပ်နေသောအခြေအနေများကြောင့် ဆီးလမ်းကြောင်းအပေါ်ဖိအားသက်ရောက်မှုရှိကာ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ရောင်ရမ်းခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။

ဖော်ပြပါလက္ခဏာများသည် သားအိမ်နံရံရောင်ရမ်းခြင်းကိုဖြစ်သည့် အခြေအနေများဟု တထစ်ကချမ

ပြောနိုင်သေးပါ။ အခြားရောဂါများတွင်လည်း ယခုကဲ့သို့ လက္ခဏာများဖြစ်ပေါ်တတ်ပါသေးသည်။ ထို့ကြောင့် အသေးစိတ်စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းများဖြစ်သည့် အာထရာဆောင်းရိုက်ခြင်း စသည့်စစ်ဆေးမှုများ ပိုမိုလိုအပ်ပြီး ရောဂါအမှန်တကယ်စစ်ဆေးတွေ့ရှိပြီဆိုပါကလည်း လျင်မြန်စွာထိရောက်သောကုသမှုမျိုး ခံယူသင့်ပါသည်။ စုံစမ်းစစ်ဆေးရန် မြန်မာစင်တာဖုန်း +66 819 845111 သို့ ဆက်သွယ်နိုင်ပါသည်။

  • Readers Rating
  • Rated 4.3 stars
    4.3 / 5 (4 )
  • Your Rating