Health Article

သားဥအိမ်ရေအိတ်တည်ခြင်းဟာ အန္တရာယ်ရှိပါသလား?

Share:

သားဥအိမ်ရေအိတ်တည်ခြင်းဟာ အမျိုးသမီးရောဂါကျန်းမာရေးဌာနတွင် အမျိုးသမီးများ အဖြစ်များပြီး လာပြကြသော ရောဂါတခုဖြစ်ပါသည်။

သားဥအိမ်အတွင်း သို့ အပြင်မျက်နှာပြင်တွင် အရေအိတ်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အမျိုးသမီးတိုင်းတွင် သားဥ ၂ဖက်ရှိပြီး ဥများစွာရှိကာ လတိုင်း ကလေးရနိုင်ခြေရှိသည့် ရာသီကာလတွင် တဖက်စီမှ မျိုးပွားနိုင်သည့်ဥကို ထုတ်ပေးပါသည်။

သားဥအိမ်ရေအိတ်တည်ခြင်းသည် နာကျင်ခြင်းနှင့် အန္တရာယ်များခြင်းမရှိပါ။ လအနည်းငယ်အကြာတွင် ကုသမှုပင်မလိုပဲ ပြန်လည်ပျောက်ကင်းသွားတတ်ပါသည်။ သို့သော် ကာလအတော်ကြာ မပျောက်သွားသည့်အပြင် ပိုမိုကြီးထွားလာခြင်း နှင့် လက္ခဏာများပေါ်လာပါက ၄◌င်းသည် အမျိုးသမီးပြဿနာများကို စတင်ဖြစ်ပေါ်စေပါသည်။

သားဥအိမ်ရေအိတ်တည်ခြင်း လက္ခဏာများ

သားဥအိမ်ရေအိတ်တည်သော အမျိုးသမီးများသည် ဖော်ပြပါ လက္ခဏာများ ခံစားရတတ်ပါသည်။

  1. ဆီးခုံနာကျင်ခြင်း။ ၀◌မ်းဗိုက်နားအောက်ပိုင်းတွင် ရေအိတ်ဖြစ်သောနေရာ၀◌န်းကျင်တွင် နာတတ်ခြင်း
  2. ရာသီလာချိန်နှင့်ဆက်စပ်ပြီး နာကျင်ခြင်း
  3. ၀◌မ်းဗိုက်ယောင်ခြင်း၊ လေပွခြင်းကဲ့သို့ ခံစားရခြင်း
  4. ဆီးခုံတ၀ိုက်တွင် စမ်းလို့မိသော အလုံးများပေါ်ခြင်းတို့ဖြစ်ပါသည်

သားဥအိမ်ရေအိတ်တည်ခြင်းဖြစ်စေသော အကြောင်းရင်းများ

သားဥအိမ်ရေအိတ်တည်ခြင်း အမျိုးအစားအများကြီးရှိပါသည်။ ထိုထဲက အဖြစ်များဆုံး ကတော့

  1. Functional cyst – သားဥ၏ လစဥ◌်လုပ်ငန်းဆောင်တာဖြစ်သည့် ရာသီလာချိန်တွင် ရေအိတ်ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ အန္တရာယ်မရှိပါ။ နာကျင်မှုလည်းဖြစ်ခဲပါသည်။ 2-3 လလောက်ဆိုရင် ပြန်လည်ပျောက်ကင်းသွားနိုင်ပါသည်။
  2. Dermoid cyst – ပုံမှန်မဟုတ်သော သန္ဓေသားဆဲလ်ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်သော ရေအိတ်တည်ခြင်း။ ရေအိတ်ထဲတွင် အဆီများ၊ ဆံပင်များ၊ တခါတရံအရိုးအစများပါတတ်သည်။
  3. Endometrioma – သားအိမ်နံရံရောင်ယမ်းခြင်းမှဖြစ်သော ရေအိတ်တည်ခြင်း။ ချော့ကလက်ရေအိတ်တည်ခြင်းဟုလည်း ခေါ်ဆိုကြပါသည်။ ရာသီလာတိုင်း အမြဲနာကျင်ရပါသည်။
  4. Cystadenoma – သားဥ မျက်နှာပြင်တွင် ရေအိတ်တည်ခြင်းဖြစ်ပါသည်။ ရေနှင့်အချွဲအပြစ်များပါတတ်သည်.

သားဥအိမ်ရေအိတ်တည်ခြင်းကို ကုသနည်း

ကုသမှုမှာ လူနာ၏အခြေအနေ၊ အသက်၊ လက္ခဏာနှင့် ရေအိတ်အမျိုးအစားပေါ်မူတည်ပါသည်။

  1. စောင့်ကြည့်ခြင်း – လက္ခဏာမရှိသော ရေအိတ်တည်ခြင်းများကို အာထရာဆောင်းရိုက်ခြင်းဖြင့် ပုံမှန်စောင့်ကြည့်ပါသည်။ အရွယ်အစားကြီးလာခြင်း၊ လက္ခဏာများပြလာခြင်း၊ ရေအိတ်အခြေအနေမူမမှန်ခြင်းတို့တွင် နောက်ထပ်စစ်ဆေးသင့်သည်တို့ကို စတင်စစ်ဆေးပါမည်
  2. သောက်ဆေးပေးခြင်း – ဟော်မုန်းကြောင့်ဖြစ်သော ရေအိတ်များအတွက် တားဆေးကဲ့သို့ ဟော်မုန်းဆေးများပေးလိုက်သောအခါ ပြန်လည်သက်သာပျောက်ကင်းသွားတတ်ပါသည်။ ဆရာ၀◌န်မှ တားဆေးများကို လအနည်းငယ်သောက်ခိုင်းစေပြီး ရေအိတ်အခြေအနေကို စစ်ဆေးခြင်းဖြစ်ပါသည်
  3. ခွဲစိတ်ခြင်း – ပုံမှန်ထက်ပိုမိုကြီးလာသော ရှုပ်ထွေးသော အခြေအနေရှိမှသာ ခွဲစိတ်ခြင်းကို စတင်လုပ်ဆောင်ပါသည်။ သောက်ဆေးဖြင့်မသက်သာသောအခါတွင် ခွဲစိတ်ခြင်းနည်းကို ရွေးချယ်ရပါသည်။ ခွဲစိတ်ခြင်းနည်းများတွင် ရေအိတ်ကိုဖယ်ထုတ်ခြင်း၊ သားဥကိုဖြတ်ထုတ်ခြင်းတို့ကို အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရပါသည်။ နိုင်ငံတကာစံနှုန်းများအရ မှန်ပြောင်းဖြင့် ရေအိတ်ကို ဖယ်ထုတ်နိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေမရှိပါ။ မှန်ပြောင်းဖြင့်ထုတ်ခြင်းသည် သားဥရော ရေအိတ်ကိုပါ ဖယ်ထုတ်နိုင်သည်။ ဗိုက်ဖွင့်ခွဲစိတ်ခြင်းထက် မှန်ပြောင်းသုံးခြင်း၏ ကောင်းကျိုးမှာ နာကျင်မှုနည်းခြင်း၊ ခွဲစိတ်ဒဏ်ရာသေးခြင်း၊ ဆေးရုံတက်ကာလတိုခြင်း၊ နလန်ပြန်ထူခြင်းကာလမြန်ဆန်ခြင်းတို့ဖြစ်ပါသည်။
  • Readers Rating
  • Rated 2.7 stars
    2.7 / 5 (10 )
  • Your Rating




Related Posts