Health Article

အနီရောင်ရှိတဲ့အသား နှင့်အဆင်သင့်စားစရာ တွေဟာ အူမကြီးကင်ဆာ (Colon cancer) ဖြစ်နိုင်ချေကိုပိုများစေနိုင်ပါတယ်

Share:

မိမိတို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေဟာ ကင်ဆာကိုဖြစ်စေတဲ့ ဓာတုဓာတ်တွေပါနိုင်တယ်တယ်ဆိုတာဘယ်သူက သိနိုင်မလဲ။အထူးသဖြင့် ကြာရှည်ခံနိုင်စေရန်နဲ့ အရသာကောင်းမွန်စေရန်ပြုပြင်စီမံထားတဲ့ ( ဥပမာ-အသားလုံး၊ဝက်အူချောင်း) တို့လိုမျိုးအဆင့်ဆင့်ပြုပြင်စီမံထားခြင်းကြောင့် Nitrosamine ဆိုတဲ့ဓာတုဓာတ်ရှိနေတတ်ပါတယ်။ Nitrosamine ဟာ ကင်ဆာအဖြစ်ကို ပြောင်းလဲစေတတ်ပြီးစုပုံများပြားလာလျင် အစာလမ်းကြောင်းယောင်ရမ်းခြင်း (သို့) ခန္ဓာကိုယ်မှာရှိနေတဲ့ ဓာတ်တွေကNitrosamine နဲ့ထိတွေ့ပြီး ပုံမှန်ဆဲလ်ကနေ ပုံမှန်မဟုတ်တဲ့ဆဲလ်အဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။

ယခုခေတ်မှာလူကြိုက်များတဲ့ Buffet ဆိုင်တွေက ဝက်သား၊အမဲသား၊သိုးသား၊ဆိတ်သား စတာတွေကိုမီးပြင်းပြင်းနဲ့ ကင်စား၊ ပြုတ်စားကြတာတွေဟာ အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာသတိပြုမိကြပါသလား။ အနီရောင်ရှိတဲ့အသားတွေကို အပူချိန် ပြင်းပြင်းနဲ့ကင်လိုက်လျှင် Polycylic Aromtic Hydrocarbons (PAH ) နဲ့ Heterocylic Aromatic Amines (HAA) စတဲ့ကင်ဆာကိုဖြစ်စေတဲ့ဓာတုဓာတ် တွေဖြစ်လာစေတယ်။

အူမကြီးကင်ဆာ (Colon cancer) ဖြစ်နိုင်ချေဟာ စားလိုက်တဲ့ အနီရောင်ရှိတဲ့အသားပမာဏအလျောက် မြင့်တက်လာနိုင်တယ် ဆိုတာကို သိလျှင်ထိတ်လှန့်မှာ သေချာတယ်။တနေ့လျှင် အနီရောင်ရှိတဲ့အသား ၁၀၀ ဂရမ်စားသုံးမိတိုင်းအူမကြီးကင်ဆာ (Colon cancer) ဖြစ်နိုင်ချေ ၁၇% ပိုများနိုင်ပြီး သဘာဝ အတိုင်းမဟုတ်တဲ့ ပြုပြင်စီမံထားတဲ့ အသား ၅၀ ဂရမ်စားမိတိုင်း ကင်ဆာဖြစ်နိုင်ချေ ၁၈% ထိရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်။ အသားကင်အပြင် အသားနီများများစားခြင်းနဲ့ ပြုပြင်စီမံထားတဲ့ အသားတွေကိုစားသုံးလျှင်လည်း ကင်ဆာဖြစ်နိုင်ချေရှိနိုင်ပါတယ်။

  • ဝေ့ဌာနီဆေးရုံမှ အူမကြီးနဲ့စအို ခွဲစိတ်အထူးကုဆရာဝန်ကြီး ရဲ့ ညွှန်ကြားချက်အရ

တနေ့တာအတွက် အနီရောင်ရှိတဲ့အသား (သို့) ပြုပြင်စီမံထားတဲ့အသား ကို ၅၀ ဂရမ်ခန့်လောက်သာစားသင့်ပါတယ်။ ဖြစ်နိုင်လျှင် ကြက်ဥ၊ ပဲ၊ပဲနို့ တို့မှရတဲ့ပရိုတင်းကို အစားထိုးစားသုံးလျှင်ပိုကောင်းပါတယ်။အသီးအရွက်ကိုတနေ့လျှင်အနဲဆုံး ၄၀၀ ဂရမ် ဖြည့်တင်း စားသုံးခြင်းဖြင့်အူမကြီးကင်ဆာ(Colon cancer)ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။

  • ဘယ်လိုပဲပြောပြော အသားတွေလျှော့စား ပြုပြင်စီမံ ထားတဲ့အသားတွေလျှော့စားဖို့ပြောလို့သာလွယ်တာ နှစ်လကြာရှည်စွာ အကျင့်ပါနေတဲ့ စားသောက်မှု အလေ့အကျင့်ကို ပြုပြင်ဖို့ ဆိုတာမလွယ်ကူပါ။
  • ဒါကြောင့်ကင်ဆာဖြစ်နိုင်စရာ အစားအသောက်ကို စားလေ့ရှိသူများနဲ့ အသက် ၅၀ အထက်ရှိသူများအတွက် အူမကြီးမှန်ပြောင်းဖြင့် အူမကြီးအတွင်း ကင်ဆာဖြစ်စေနိုင်တဲ့ အသားပိုတွေ

အကျိတ်တွေရှိမရှိစစ်ဆေးကြည့်သင့်ပါတယ်။ယခုလက်ရှိသုံးတဲ့ မှန်ပြောင်းကြည့်စစ်ဆေးခြင်းနည်းပညာနဲ့ဆိုလျှင် ၂ မီလီမီတာ (သို့) ပဲစိမ်းစေ့လောက်သာသေးငယ်တဲ့အကျိတ်ကိုပင် မြင်တွေ့နိုင်ပြီး အဲဒီအကျိတ်တွေကို မှန်ပြောင်းကြည့်နေစဉ်မှာဖြတ်ထုတ်နိုင်ပါတယ်။ အန္တရာယ်ကင်းပြီး အူမကြီးကင်ဆာ (Colon cancer) ကိုကာကွယ်နိုင်တဲ့နည်းလမ်းကောင်းဖြစ်ပါတယ်။

အကယ်၍ အူမကြီးကင်ဆာ (Colon cancer) ဖြစ်မှန်းသိပြီးသူများအတွက်လည်း ဝမ်းဗိုက်တွင် အပေါက်ငယ်ဖောက်ပြီး မှန်ပြောင်းဖြင့်ခွဲစိတ်နိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။ဘေးထွက်ဆိုးကျိုးနဲ၍ နလန်ထူမြန်ပြီး နိစ္စဓူဝလုပ်ငန်းများကို အချိန်တိုအတွင်းပြန်လည်လုပ်ဆောင်နိုင်မျာဖြစ်ပါတယ်။ မှန်ပြောင်းဖြင့်ခွဲစိတ်ကုသ မှုခံယူရာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ဆရာဝန်နဲ့သာ ခွဲစိတ်ရန် အကြံပြုအပ်ပါတယ်။

အားလုံးကျန်းမာဘေးကင်းစေဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating