Health Article

အူမကြီးကင်ဆာခွဲစိတ်ကုသရန်အတွက် ရွေးချယ်သင့်တဲ့ မှန်ပြောင်းကြည့်ခွဲစိတ်နည်း – Laparoscopic colectomy

Share:

အူမကြီးကင်ဆာရောဂါဟာ(Colorectal cancer) အမျိုးသားရောအမျိုးသမီးပါ ဖြစ်နိုင်ပါတယ်။ကြောက်စရာကောင်းတာကစစချင်းဖြစ်နေတဲ့ချိန်မှာ လက္ခဏာမပြတာပါ။ဒါကြောင့် အူမကြီးဖြစ်နိုင်ချေများတဲ့လူအနေနဲ့ မှန်ပြောင်းကြည့်စစ်ဆေးခြင်းနဲ့ စအိုစစ်ဆေးခြင်း တွေ လုပ်သင့် ပါတယ်။စောစောတွေ့လေကုသမှုအတွက်ပိုလွယ်ကူပြီး မှန်ပြောင်းဖြင့်ခွဲစိတ်ကုသနိုင်ပါက အချိန်တိုအတွင်းသက်သာနိုင်ပါတယ်။

အူမကြီးကင်ဆာဖြစ်သူရဲ့ ၉၀ ရာခိုင်နှုန်းကို အူမကြီးအမြှေးပါးဆဲလ်တွေပုံမမှန်ဖြစ်ခြင်းမှ တွေ့ရှိနိုင်ပြီးများသောအားဖြင့် အသက် ၅၀ အထက်ရှိလူနာတွေမှာအဖြစ်များတာကိုတွေ့ရပါတယ်။ဖြစ်စမှာလက္ခဏာမပြပေမဲ့ မှန်ပြောင်းကြည့်စစ်ဆေးခြင်းနဲ့စအိုစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေဟာ ကင်ဆာအဖြစ်မပြောင်းခင်မှာ အူမကြီးနံရံမှာ အသားပိုဖုလေးလိုတည်ရှိရာမှ တဖြေးဖြေး ကြီးထွားလာပြီး ကင်ဆာအဖြစ်ကိုပြောင်းသွားပါတယ်။

ကင်ဆာအဆင့်အလိုက်ကုသပျောက်ကင်းမှုကွာခြားပုံကို အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

  • ကင်ဆာအဆင့်၁ – ဖြစ်တဲ့နေရာမှတခြားနေရာသို့ ကူးစက်ခြင်းမရှိသေးသောကြောင့် ခွဲစိတ်ကုသခြင်းဖြင့်ကုသပျောက်ကင်းနိုင်ပါတယ်။
  • ကင်ဆာအဆင့် ၂– တခြားနေရာကိုစတင်ကူးစက်မှုရှိပြီးကင်ဆာဆဲလ်တွေကတခြားနေရာကို စတင်ကူးစက်မှုရှိပြီးကင်ဆာဆဲလ်တွေက အူမကြီး ကြွက်သားမှတဆင့်အမြှေးပါးနဲ့ ဘေးပတ်လည်တွေထိကူးစက်ပြန့်ပွားနိုင်ပါတယ်။
  • ကင်ဆာအဆင့်၃– ပြန်ရည်ကျိတ်တွေထိပြန့်နှံ့သွားတဲ့အဆင့်ဖြစ်ပြီး ကူးစက်ခံ ရတဲ့ ပြန်ရည်ကျိတ်တွေခွဲစိတ်ကုသပြီး ကင်ဆာဆဲလ် တွေပြန်မကြီးထွားလာစေရန်ကီမို ဆေးသွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။
  • ကင်ဆာအဆင့် ၄-ပြင်းထန်မှုရှိတဲ့အဆင့်ဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ တခြားအင်္ဂါ အစိတ်အပိုင်းတွေဆီကူးစက်ပြန့်နှံ့ သွားခြင်း ဖြစ်ပါတယ်။ ကင်ဆာဖြစ်နေတဲ့ တချို့အစိတ်အပိုင်းကိုခွဲစိတ်လိုက်ပြီး ကီမိုဆေးသွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။

အူမကြီးကင်ဆာ ကုသရာတွင် ခွဲစိတ်ခြင်း၊ဓာတ်ကင်ခြင်းနဲ့ကီမိုသွင်းခြင်း စတဲ့နည်းတွေကို လူနာရဲ့ရောဂါလက္ခဏာအပေါ်မူတည်ပြီး လူနာအတွက် သင်တော်တဲ့နည်းနဲ့ ကုသမှုပြုလုပ်မှာဖြစ်ပါတယ်။

အူမကြီးကင်ဆာကုသနည်းများထဲမှအဓိကကျတဲ့ခွဲစိတ်ကုသနည်းကိုပြောပြပါမယ်။ယခင်ကဝမ်းဗိုက်ဖွင့်ခွဲစိတ်နည်း( ခွဲစိတ်ရာ ၁၅မှ ၃၀ စင်တီမီတာခန့်အရှည်) ဖြင့်ကုသခဲ့ကြပါတယ်။နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ခွဲစိတ်ကုသမှု သုံးပစ္စည်းနဲ့ကုသမှုပညာလည်းတိုးတက်ပြောင်းလဲလာပါတယ်။

ယခုလက်ရှိမှာ Laparoscopic Colectomy လို့ခေါ်တဲ့ အူမကြီးကင်ဆာကိုမှန်ပြောင်းဖြင့်ခွဲစိတ်တဲ့နည်းပညာရှိပြီ။ ဝမ်းဗိုက်မှာအပေါက်ငယ်လေးဖောက်ပြီး မှန်ပြောင်းဖြင့် ကင်ဆာဖြစ်နေတဲ့နေရာနဲ့ ပြန်ရည်ကျိတ်တွေကို တိကျထင်ရှားစွာ မြင်နိုင်ခြင်းကြောင့် ခွဲစိတ်မှုမှာလည်း ပိုမိုထိရောက်ပါတယ်။

မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်းရဲ့အားသာချက်များကတော့

ဒဏ်ရာသေးငယ်ခြင်း၊သွေးဆုံးရှုံးမှာနဲခြင်း၊နာကျင်မှုနဲခြင်း၊နလန်ထူမြန်ခြင်း၊အနာပိုးဝင်နိုင်ချေနဲခြင်း စသည့်အချက်များဖြစ်ပါတယ်။☎Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 3.3 stars
    3.3 / 5 (3 )
  • Your Rating




Related Posts