Health Article

အလွယ်တကူမောဟိုက်နေတတ်ပါသလား။ နှလုံးစည်းချက်နှေးတဲ့ရောဂါ (Bradycardia) ရဲ့လဏ္ခာဖြစ်နေနိုင်ပါတယ်

Share:

မောလွယ်ခြင်း၊ရင်တုန်ခြင်း၊မူးလွယ်ခြင်းနဲ့မကြာခဏသတိလစ်ခြင်းကြောင့် ဆရာဝန်ဆီကိုရောက်လာတဲ့ လူနာတွေဟာ အများအားဖြင့် မိမိကိုယ်ကို နှလုံးစည်းချက်မမှန်ခြင်းရောဂါဖြစ်နေတယ်ဆိုတာမသိကြပါ။ တချို့ လူနာတွေက အသက်ဆုံးရှုံးရတဲ့အထိ ပြင်းထန်တတ်ပါတယ်။ Sinus node disease -နှလုံးစည်းချက်မမှန်ခြင်းနဲ့ Atrioventicular block (AV Block) or Heart Block – အပေါ်နှလုံးခန်း အလုပ်မလုပ်ခြင်း၊သို့အပေါ်နှလုံးခန်းနဲ့ အောက်နှလုံးခန်းတို့စည်းချက်မကိုက်ညီခြင်းကြောင့် နှလုံးခုန်နှုန်းဟာ တစ်မိနစ်အတွင်း အကြိမ် ၅၀ ထက် နှေးနေတတ်ပါတယ်။ လူနာတော်တော်များများက မိမိမှာ ခုန်နှုန်းနှေးတဲ့နှလုံးစည်းချက်မမှန်ခြင်း ရောဂါဖြစ်နေတာကို မသိကြပါဘူး။ များသောအားဖြင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်း (သို့) မောလွယ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း မကြာခဏသတိလစ်ခြင်းကြောင့် ဆေးရုံကိုလာရောက်ပြီး စစ်ဆေးရာမှတွေ့ရှိတာများပါတယ်။

**နှလုံးခုန်နှုန်းနှေးတဲ့ နှလုံးစည်းချက်မမှန်ခြင်း ဖြစ်ကြောင်း (Bradycardia) စစ်ဆေးအတည်ပြုခြင်း

နှလုံးခုန်နှုန်းနှေးတဲ့နှလုံးမမှန်ခြင်းရောဂါ(Bradycardia)ဖြစ်မဖြစ်သိရှိနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။ဆရာဝန်မှလူနာရဲ့ ခန္ဓာကိုယ်အခြေခံစစ်ဆေးချက်တွေကိုဦးစွာလုပ်ပါမယ်။

Electrocardiogram : EKG နှနနနှန-နှလုံးလျှပ်စီးကြောင်း စစ်ဆေးခြင်း၊ 24-48 hour Holter Monitoring-လူနာရဲ့ ခန္ဓာကိုယ်မှာ 24 နာရီမှ ၄၈ နာရီစက်တပ်ပြီး နှလုံးလျှပ်စီးကြောင်းစစ်ဆေးခြင်း၊အကြောင်းမရှိမကြာခဏသတိလစ်တတ်တဲ့ လူနာအတွက် (Tilt Table Test) ထောင်ခြင်း၊လဲခြင်းလုပ်နိုင်တဲ့ ကုတင်သုံးဖြင့် စစ်ဆေးနိုင်ပါတယ်။ ဘယ်နည်းနဲ့စစ်မယ်ဆိုတာကတော့ အခြေခံစစ်ဆေးပြီးနောက်ဆရာဝန်ကလူနာရဲ့အခြေနေပေါ်မူတည်ပြီးသင့်တော်တဲ့နည်းနဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းနှေးတဲ့ နှလုံးစည်းချက် မမှန်ခြင်းရောဂါကို နောက်ကျမှသိခြင်း (သို့) ဖြစ်မှန်းသိနေလျက်နဲ့ မကုသလျှင်အသက်ဆုံးရှုံးမြန်နိုင်ကြောင်း အသိပေးအပ်ပါတယ်။ ကုသနည်းကတော့ နှလုံးခုန်စက် (Pacemaker) တပ်ဆင်ခြင်းပဲဖြစ်ပါတယ်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating