Health Article

ဖုန်းပွတ်ခြင်း/လူမှုကွန်ယက်စွဲလမ်းသူများတွင် ဖြစ်သော (Trigger finger) လက်ချောင်းအကြောညပ်ရောဂါ

Share:

ယနေ့တိုးတက်လာသော ဒီဂျစ်တယ်ခေတ်တွင် လူမှုကွန်ယက် အသုံးပြုမှုများပြားလာပြီး ဖုန်း/tablet/Computer များဖြင့် နေ့စဉ် လူမှုကွန်ယက်ကို အလွန် အကျွံစွဲလမ်းစွာအသုံးပြုတတ်သူများတွင် Social Media’s itchy Trigger finger ဟု ခေါ် သော လက်ချောင်းများ ကို အသုံးပြုမှုများသောကြောင့် အကြောညပ် ယောင်ရမ်းခြင်း (Tenosynovitis) ဖြစ်တတ်ပါသည်။

Trigger finger  သည် ပစ္စည်းတစ်ခုခုကို လက်ချောင်းများဖြင့် ကြာရှည်စွာ ဆုပ်ကိုင်ထားခြင်း သို့မဟုတ် လက်ချောင်းများအား ကြာရှည်စွာ လှုပ်ရှားကစားခြင်းကြောင့် လက်ချောင်း၏အရွတ်နှင့် ကြွက်သားတွယ်ဆက် တစ်ရှုးများ ထူထဲ ရောင်ရမ်းလာခြင်းဖြစ်ပါသည်။ Trigger finger ဖြစ်ပွားပါက လက်ချောင်းများနာကျင်ရောင်ရမ်းကာ လှုပ်ရှားရန်ခက်ခဲတတ်ပ့သည်။

Trigger finger လက်ချောင်းအကြောညပ်ရောဂါဖြစ်ပါကမည်ကဲ့သို သိရှိနိုင်သနည်း?

Trigger finger လူနာများတွင် မနက်အိပ်ရာနိုးစနှင့် လက်ကို လှုပ်ရှားမှုများသော အခါတို့တွင် လက်ချောင်း ကို ဖြောင့်တန်းမရခြင်း အဆုံးထိကွေးညွတ်မရခြင်း စသည့် လက္ခဏာတို့ အားတွေ့ရှိရပါသည်။ ရောဂါ၏ပြင်းထန်မှုကို အဆင့် ၄ ဆင့် ခွဲထားပါသည်။

  1. လက်ဖဝါးများ နာကျင်ခြင်း အထိမခံနိုင်ခြင်း
  2. လက်ချောင်းများ ခေတ္တအကြောကပ်ခြင်း (တခဏအတွင်း အလိုလျောက် ပြန်လည်သက်သာသွားတတ်သည်)
  3. လက်ချောင်းအကြောကပ်ခြင်း (အခြားလက်တစ်ဖက်ဖြင့် အတန်ကြာ နိပ်နယ်မှသာ ပြန်လည် ပြေလျော့သည်)
  4. လက်ချောင်းအကြောကပ်ခြင်း ( လက်သီးဆုပ်မရာတော့သည် အထိ အကြောကပ်ခြင်း)

ကုသနည်း

  1. လက်ကို အသုံးပြုရာမှ မကြာခဏ အနားပေးခြင်း၊ ဖြစ်ပွားသည့် လက်အား ရေနွေးနွေးတွင် ၅မိနစ်ခန့် မနက်အိပ်ရာနိုးတိုင်း စိမ်ပေးခြင်း၊ ပြီးပါက ပရုပ်ဆီ ပူပူ လိမ်းပေးခြင်း
  2. ရောဂါ မပျောက်ဘဲ တာရှည်နေပါက ယောင်ရမ်းမှုလျော့ချရန် Steroids ထိုးဆေးကို အသုံးပြုနိုင်ပါသည်။
  3. အကယ်၍ မသက်သာပါက ခွဲစိပ်မှုပြုလုပ်ပြီး လက်ချောင်းကြွက်သားများ တင်းမာမှုကို လျှော့ချနိုင်ပါသည်။

ရောဂါပြင်းထန်မှုနှင့် လက်ချောင်း အနေအထားပေါ်မူတည်ပြီး ဆရာဝန်မှ ခွဲစိတ်ရာတွင် သင့်တော်သောနည်းလမ်းကို ရွေးချယ်နိုင်ပါသည်။

အရေးကြီးသော အချက်မှာ မိမိ လက်ချောင်းများကို အသုံးပြုရာမှ မကြာခဏ အနားပေးခြင်းဖြင့် Trigger Finger ရောဂါမဖြစ်ပွားအောင်ကြိုတင်ကာကွယ်နိုင်ပါသည်။ အကယ်၍ မိမိတွင် Trigger finger ရောဂါ လက္ခဏာများ ခံစားနေရပါက နီးစပ်ရာ အရိုးအထူးကုဆရာဝန်နှင့် ပြသ ဆွေးနွေးသင့်ပါသည်။

  • Readers Rating
  • Rated 3.5 stars
    3.5 / 5 (6 )
  • Your Rating




Related Posts