Health Article

ချာချာလည်မူး(Vertigo)တာဖြစ်ဖူးလား?

Share:

ဘာကြောင့်ဖြစ်သလဲဆိုတာကြည့်ရအောင်

မတ်တပ်ရပ်(သို့)ထိုင်နေလျက်နဲ့အနီးအနားရှိအရာဝတ္ထုတွေလည်နေသလိုဖြစ်နေတာမျိုးကို သာမာန်အခေါ်အရ ချာချာလည်မူးဝေခြင်း(Vertigo)လို့ခေါ်ပါတယ် ချာချာလည်မူးဝေခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးအဖြစ်အများဆုံးကတော့ နားအတွင်းပိုင်းကယ်စီယမ်ကျောက်တုံးတွေရွေ့တာကြောင့်ဖြစ်ပါတယ်

BPPV နားအတွင်းရှိကယ်လစီယမ်တုံးတွေရွေ့တယ်ဆိုတာဘာလဲ?

နားအတွင်းပိုင်းပြွန်လေးတွေမှာရှိတဲ့ကယ်လစီယမ်တုံးလေးများဟာ ခန္ဓာကိုယ်ကောင်းမွန်စွာရပ်တည်ဖို့ အကူအညီပေးပါတယ် ပုံမှန်အားဖြင့် ခေါင်းလှည့်ချိန်၊အထိုင်အထပြုလုပ်ချိန်တွေမှာ ဒီကယ်လစီယမ်တုံးလေးတွေဟာအလိုက်သင့်လေးလိုက်ထိန်းပေးပါတယ် အကြောင်းတခုခုကြောင့်ဒီကယ်လစီယမ်တုံးလေးတွေဟာပုံမှန်ရှိရမယ့်အနေအထားမှာမရှိပဲ ရွေ့သွားခဲ့ရင် အာရုံကြောစနစ်ကိုသွားတက်ရောက်ခြင်းကြောင့် ခေါင်းကိုချာချာလည်မူးဝေ(Vertigo)စေပါတယ်

*ဖြစ်တတ်တဲ့လက္ခဏာများ

  • ဦးခေါင်းအနေအထားပြောင်းလဲချိန်မှာမူးဝေခြင်း
  • လဲအိပ်လိုက်ချိန်၊ဘယ်ညာလှည့်အိပ်ချိန်၊ခေါင်းမော့ ခေါင်းငုံ့ချိန်တွေမှာမူးဝေခြင်း
  • တချို့လူတွေမှာ ပျို့အန်ခြင်း
  • တစ်မိနစ်ခန့်လောက်သာခေါင်းမူးပြီး ပြန်သက်သာသွားခြင်း
  • ဦးခေါင်းကို တပုံစံတည်းအကြိမ်ကြိမ်လှုပ်ရှားလျှင် ခေါင်းမူးဝေဒနာပြန်ဖြစ်တတ်ပြီး ပထမဆုံးအကြိမ်လောက်မပြင်းထန်တော့ပါ
  • ခေါင်းမူးဝေဒနာဟာ ရက်အနည်းငယ်ကြာဖြစ်တတ်ပြီး တစ်ပတ်မှ တစ်လအတွင်းဖြည်းဖြည်းချင်းသက်သာသွားနိုင်တယ်

ဘယ်သူတွေဖြစ်တတ်သလဲ?

BPPV (သို့) ချာချာလည်မူးဝေခြင်းကို အသက် ၃၀ မှ ၇၀ ကြားမှာဖြစ်တတ်ပြီး အသက် ၅၀ အထက်လူကြီးတွေပိုပြီးအဖြစ်များပါတယ် အမျိုးသားများထက် အမျိုးသမီးတွေကပိုအဖြစ်များပါတယ် အချိုးနဲ့တွက်လိုက်ရင် ၂:၁ ဆလောက်ကွာပါတယ် ဘယ်ဘက်နား(သို့)ညာဘက်နားနှစ်ဘက်လုံးဖြစ်တတ်ပြီး များသောအားဖြင့် တဘက်ချင်းစီသာဖြစ်တတ်ပါတယ်

BPPV ဖြစ်ရခြင်းအကြောင်းအရင်း

နားအတွင်းပိုင်းကယ်လစီယမ်တိုံးလေးတွေရွေ့ရခြင်းမှာ ဦးခေါင်းပိုင်းမတော်တဆထိခိုက်ခြင်း၊အသက်အရွယ်ကြီးလာခြင်း၊နားအတွင်းရောင်ရမ်းခြင်း၊နားအတွင်းပိုင်း(သို့)အလည်ပိုင်းတွင်ခွဲစိတ်မှုရှိခဲ့ခြင်း၊မကြာခဏ ခေါင်းမော့ခေါင့်ငုံ့ရခြင်း တို့ကြောင့် ဖြစ်ပါတယ်

အတည်ပြုစစ်ဆေးခြင်း

ဆရာဝန်မှလူနာရဲ့အချက်အလက်တွေမေးခြင်း၊ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း၊လူနာကိုခေါင်းဘေးစောင်းအနေအထားနဲ့ လျင်မြန်စွာလဲလျောင်းစေပြီး ခေါင်းအုံးနောက်အနည်းငယ်ကျစေခြင်းဖြင့် အကဲခတ်ကြည့်ပါမယ် အဲဒါကို(Dix-hallpike Maneuver) လို့ခေါ်ပါတယ် အဲဒီလိုလဲလျောင်းနေချိန်မှာ မျက်လုံးအကြောဆွဲသလိုဖြစ်ပြီးခေါင်းမူးဝေနေတယ်ဆိုလျှင် BPPV ခေါ် နားအတွင်းပိုင်းကယ်လစီယမ်တုံးလေးတွေရွေ့ခြင်းကြောင့် ချာချာလည်မူးဝေခြင်း(Vertigo)ဖြစ်တယ်လို့အတည်ပြုနိုင်ပါတယ်

ကုသနည်း

  • ခေါင်းမူးဝေခြင်းသက်သာစေရန်သောက်ဆေးပေးခြင်းနှင့် ဖြစ်စေတတ်တဲ့အမူအကျင့်တွေကိုရှောင်ရှားစေခြင်း၊
  • ကယ်လစီယမ်တုံလေးတွေကိုနေရာမှန်ပြန်ကျစေရန် ဦးခေါင်းနဲ့လည်ပင်းကို လေ့ကျင့်ပေးခြင်း၊
  • ပြင်းထန်စွာဖြစ်တဲ့လူနာအတွက်ခွဲစိတ်ခြင်းနဲ့ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းလုပ်စေခြင်း၊

  ဒါအပြင် ချာချာလည်အောင်မူးဝေခြင်း(Vertigo)အဖြစ်မျိုးကိုဖြစ်စေတဲ့ စိတ်ဖိအားများခြင်း၊အိပ်ရေးပျက်ခြင်းနဲ့အရက်သောက်ခြင်းများကိုလည်းရှောင်ရှားကြပါရန်အကြံပြုအပ်ပါတယ်

  • Readers Rating
  • Rated 2.5 stars
    2.5 / 5 (15 )
  • Your Rating



Related Posts