Health Article

ကလေးငယ်များတွင် ကူးစက်တတ်သော Respiratory Syncytial Virus (RSV) အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါ

Share:

Respiratory Syncytial Virus (RSV) အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ရောဂါ ဆိုသည်မှာ နမိုးနီးယား  ဗိုင်းရပ်စ်ရောဂါ အမျိုးအစားဖြစ်ပြီး ရောဂါပိုးရှိသည့်သူ မှ နှာချေ၊ ချောင်းဆိုးသည့် ရာတွင် ထွက်ရှိသော အမှုန်ရည် များမှ အခြားသူ၏ အသက်ရှုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ရာမှ ကူစက်တတ်သော ဗိုင်းရပ်စ် ဖြစ်ပါသည်။ RSV ဗိုင်းရပ်စ်သည် အထူးသဖြင့် အဆုတ် ကောင်းစွာမဖွံဖြိုးသေးသော၊ ကိုယ်ခံအား နည်းနေသေးသော ရင်သွေးငယ်နှင့် ငယ်ရွယ်သောကလေး များတွင် အဆုတ်နှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း (RSV) ဖြစ်နိုင်ပါသည်။ အသက် ၂ နှစ် အရွယ် ကလေးငယ်များတွင် အများဆုံး ဖြစ်တတ်ပါသည်။

RSV ဗိုင်းရပ်စ်၏ ပြင်ပ လက္ခဏာများမှာ

  1. အဖျားရှိခြင်း
  2. ချောင်းဆိုး သို့မဟုတ် ချောင်းခြောက်ဆိုးခြင်း
  3. နှာချေခြင်း
  4. နှာစေးခြင်း
  5. အစာစားချင်စိတ်မရှိခြင်း
  6. ပြင်းထန်သော အခြေအနေတွင် အသက်ရှုရခက်ခဲခြင်း၊အသက်ရှုရာတွင် တရွှီရွှီမြည်ခြင်း

အများသောအားဖြင့် ပိုးကူးစက်ခံရပြီး ၄ရက် မှ ၆ရက် အတွင်း ရောဂါလက္ခဏာများ ပြသလေ့ရှိပါသည်။ ပြင်းထန်ပါက ပိုးကူးစက်ခံရခြင်းကြောင့် လေပြွန်နှင့် အဆုတ် တွင် ရောင်ရမ်းပြီး နမိုးနီးယား အဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သော လက္ခဏာများ တွေ့ရှိရပါက ဆေးရုံ အမြန်ဆုံးတက်ပြီး လေပြွန်နှင့် အဆုတ်လမ်းကြောင်းများ ပွင့်စေရန် ဆေးကုသမှုခံယူသင့်ပါသည်။

သို့သော် ရောဂါလက္ခဏာ မပြင်းထန်ပါက အများသောအားဖြင့် ၅ရက်မှ ရရက်အတွင် သဘာဝအတိုင်း အလိုလျောက် သက်သာပျောက်ကင်းသွားလေ့ရှိပါသည်။ အချို့သော ကလေးများတွင် အဆုတ် ၏ အတွင်းကျသော အပိုင်းသို့ ရောဂါပိုးဝင်ရောက်ပါက ကြာရှည်စွာ ချောင်ဆိုးခြင်း ချွဲကြပ်ခြင်းတို့ဖြစ်တတ်ပါသည်။ ထိုကလေးများအတွက် မှောက်ရက် အနေအထားဖြင့် ရင်ဘက် ကို ပုတ်ပေးခြင်းုဖင့် ချွဲထုတ်နိုင်ပြီး ရောဂါလက္ခဏာ ပျောက်ကင်းရန် ၂ ပါတ်မှ ၃ပါတ် အထိကြာတတ်ပါသည်။

လတ်တလောတွင် RSV ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးသောကြောင့် မကူးစက်စေရန် ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ကလေးအား ကိုယ်ခံအားကောင်းစေရန် မိခင်နို့ တိုက်ခြင်း၊ လက်မကြာခဏဆပ်ပြာဖြင့် ဆေးစေခြင်း၊ Alcohol ပါသော လက်ပိုးသတ်ဆေးရည် အသုံးပြုစေခြင်း၊ လူထူထပ်သောနေရာနှင့် အဆုတ်ရောဂါ လူနာများထံသို့ လည်ပါတ်ခြင်းအား ရှောင်ကျဉ်ခြင်း ဖြင့်ကာကွယ်နိုင်ပါသည်။ မိမိကလေးအား ပိုးကူးစက်သည်ဟုသံသယရှိပါက

အခြားကလေးများနှင့် မထိတွေ့စေခြင်းဖြင့် မိမိကလေးမှတဆင့် ထပ်မံ မကူးစက်အောင် ကာကွယ်နိုင်ပါသည်။

  • Readers Rating
  • Rated 0.5 stars
    0.5 / 5 (1 )
  • Your Rating




Related Posts