Health Article

Uterine Fibroid (သို့) သားအိမ်အကျိတ် တွေဟာ အမျိုးသမီးတွေ

Share:

Uterine Fibroid (သို့) သားအိမ်အကျိတ် တွေဟာ အမျိုးသမီးတွေ (အထူးသဖြင့် အသက် ၃၀-၄၀ ဝန်းကျင်) မှာအဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၂၀-၃၀ ရာခိုင်နှုန်း သောသားအိမ်အကျိတ်ရှိသူအမျိုးသမီးတွေမှာသာ ရောဂါလက္ခဏာပြတတ်ပေမယ့် မကုသဘဲ ဒီတိုင်းထားပြန်ရင်လည်းတစ်ဖြည်းဖြည်းကြီးလာပြီး ဘေးပတ်လည်မှ ကိုယ်တွင်းအဂါင်္များကိုဒုက္ခပေးနိုင်ပါတယ်။

Uterine Fibroid (သို့) သားအိမ်အကျိတ် တွေကိုသာအိမ်တွင်းဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး (၃) မျိုးခွဲခြားနိုင်ပါတယ်။

  1. Subserous Fibroid : သားအိမ်နံရံမှအပြင်ကိုထွက်နေတဲ့ အကျိတ်ဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့ အကျိတ်တွေဟာ အူမကြီးနဲ့ ဆီးအိမ်တို့ကို ဖိမိစေပြီး ရောဂါခံစားရစေနိုင်ပါတယ်။
  2. Intramural Fibroid : သားအိမ်ရဲ့ ကြွက်သားအလွှာထဲမှာတည်ရှိတဲ့အကျိတ်ဖြစ်ပါတယ်။ ရာသီမမှန်ခြင်း၊ နာကျင်ခြင်းနဲ့ ကလေးမရနိုင်ခြင်းတို့ဖြစ်စေပါတယ်။ 
  3. Submucous Fibroid : သားအိမ်အတွင်းမှာဖြစ်တဲ့အကျိတ်ဖြစ်ပါတယ်။ ဒီအမျိုးအစားအကျိတ်ဟာ ဝေဒနာအပေးဆုံးဖြစ်ပြီး ရာသီလာစဉ်ကိုက်ခဲခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကိုဖြစ်ပွားစေပါတယ်။

ဒီလိုမျိုးဖြစ်ပွားလာပြီဆိုရင် ခွဲစတ်ကုသခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ သားအိမ်ထဲကအလုံးအကျိတ်ကိုပဲ ထုတ်ယူနိုင်သလို သားအိမ်တစ်ခုလုံးကိုလည်းထုတ်ပြစ်နိုင်ပါတယ်။🩺နောက်ဆုံးပေါ်ခွဲစိတ်ကုသနည်းစနစ် (၂) မျိုးကတော့

  • Laproscopic Surgery : မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းဖြစ်ပြီး ခွဲစိတ်ရာမှာလဲ (0.5 – 1 cm)ခန့်သာရှိခြငးကြောင့် လူနာအားအနာသက်သာစေပြီး လျင်မြန်စွာ နာလန်ထူစေနိုင်ပါတယ်
  • Natural Orifice Transluminal Endoscopic Surgery (NOTES) : ခွဲစိတ်ရာမရှိဘဲ မွေးလမ်းကြောင်းမှတဆင့် အကျိတ်အားထုတ်ယူခြင်းဖြစ်ပါတယ်။ ခွဲစိတ်ရာမရှိခြင်းကြောင့် နာလန်ထူဖို့မြန်ဆန်စေပြီး နာကျင်မှုလည်းများစွာသက်သာစေပါတယ်။

အထက်ဖော်ပြပါ ခွဲစိတ်ကုသမှု (၂) မျိုးလုံးကို ဝေ့ဌာနီဆေးရုံကြီးမှာရရှိနို်င်ပါတယ်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 3.3 stars
    3.3 / 5 (2 )
  • Your Rating




Related Posts