Health Article

Hallux Valgus ခေါ်ခြေမအရိုး ပုံပျက်ခြင်း

Share:

Hallux Valgus ခေါ်ခြေမအရိုး ပုံပျက်ခြင်းဆိုတာ ပုံပါအတိုင်း ခြေမအရိုးဟာ ပုံမှန်အတည့်အတိုင်းရှိမနေဘဲ ခြေချောင်းငယ်များဘက်ကိုစောင်းသွားတာကိုခေါ်ခြင်းဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခြေမအရိုးမှတဖြည်းဖြည်းနာကျင်လာပြီး ခြေမအရိုးဟာလဲတဖြည်းဖြည်းသိသာစွာငေါထွက်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ နေ့စဉ်ဘဝအတွက်စိတ်အနှောက်အယှက်ဖြစ်ရသလို မိမိကိုယ်ကိုယုံကြည်မှုလဲကျဆင်းလာနိုင်ပါတယ်။

Hallux Valgus ခေါ်ခြေမအရိုး ပုံပျက်ခြင်း ကိုဖြစ်စေတဲ့အကြောင်းအရာတွေကတော့

  • ခြေထာက်ပုံစံမမှန်ခြင်း : Flat feet (ခြေဖဝါးတစ်ပြင်တည်းဖြစ်နေခြင်း)၊ ခြေမအရိုးနုမရှိခြင်း၊ မွေးရာပါခြေမအရိုးတည်ဆောက်ပုံမမှန်ခြင်း
  • ကြွက်သားနှင့်အရွတ်များပုံမှန်မဖြစ်ခြင်း : အဆစ်တစ်ရှုးများမရှိခြင်း၊ Rhumetoid Arthritis (အဆစ်အမြစ်ရောင်ရောဂါရှိခြင်း)၊ အရွတ်ရောင်ယမ်းခြင်း
  • မွေးရာပါဖြစ်ခြင်း : အသက် ၁၀ နှစ် မှ ၁၉ နှစ်ကြားတွင်အတွေ့များပါသည်။
  • မိမိခြေထောက်နှင့်မတော်သော ဖိနပ်များဝတ်ခြင်း : သေးလွန်းသော၊ မြင့်လွန်းသော၊ ခြေထောက်ထိပ်ဖျားကိုစုထားစေသော ဖိနပ်များ

ကုသမှုအနေနဲ့ကတော့ အစပျိုးဆဲအဆင့်မှာပဲရှိသေးသူများအတွက် ဒေါက်ဖိနပ်အမြင့်များ၊ ခြေထောက်နှင့်မတော်သောဖိနပ်များစီးခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် သက်သာနိုင်ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့အဆင့်ရောက်လာပြီဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူရနိုင်ပါတယ်။ 

ဝေ့ဌာနီဆေးရုံကြီးမှာတော့ Minimally Invasive Surgery နည်းလမ်းကိုအသုံးပြုပြီး ခွဲစိတ်ရာ သေးငယ်စွာနဲ့ ခွဲစိတ်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါကMessenger မှဖြစ်စေ၊ Myanmar Viber Hotline: +66 819 845 111 မှဖြစ်စေဆက်သွယ်နိုင်ပါတယ်။

  • Readers Rating
  • Rated 2.5 stars
    2.5 / 5 (3 )
  • Your Rating



Related Posts