Health Article

အသက်အရွယ်ကြီးရင့်လာချိန်သတိထားရမည့် Parkinsonism ပါကင်ဆန်ရောဂါ

Share:

ပါကင်ဆန်ရောဂါ(Parkinsonism)ဆိုတာ ဦးနှောက်ရဲ့ ပို့ဆောင်ဆက်သွယ်မှု အတွက် Dopamine ကိုထုတ်လွှတ်ပေးတဲ့ ဆဲလ်ရဲ့ပျက်စီးချို့တဲ့ခြင်းကို ဆိုလိုပါတယ်။ Dopamine လျော့နည်းလေ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှု၊ စိတ်ခံစားမှုနှင့် လုပ်ဆောင်မှုတို့ကို ထိန်းချုပ်နိုင်စွမ်းကိုထိခိုက်လာပါတယ်။ ပါကင်ဆန်ဖြစ်ရခြင်းအကြောင်းရင်းကိုယခုလက်ရှိအချိန်ထိ တိတိကျကျမသိရသေးပါ။ တချို့သော အကြောင်းရင်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

  • မျိုးရိုးဗီဇ- မျိုးရိုးထဲမှာ ပါကင်ဆန်ရောဂါ(Parkinsonism)ဖြစ်နေလျှင် (သို့) မျိုးရိုးဗီဇ ပုံမမှန်ဖြစ်သူများ၊
  • ပတ်ဝန်းကျင်-ပေါင်းသတ်ဆေး(သို့) ဓာတ်တုဆေးတွေကာလကြာရှည်စွာ ထိတွေ့အသုံးပြုရသူများလည်း ပါကင်ဆန်ရောဂါ(Parkinsonism)ဖြစ်တတ်ပါတယ်။

ပါကင်ဆန်ရောဂါ(Parkinsonism)ကို အခုအချိန်ထိ အမြစ်ပြတ်ကုသနိုင်ခြင်းမရှိသေးပါ။ သို့ရာတွင် ရောဂါလက္ခဏာတွေဆိုးရွားမလာအောင် ကုသနည်းတွေကတော့

  • Dopamine ရဲ့လုပ်ဆောင်ချက်ကိုလုံ့ဆော်ပေးပြီး လှုပ်ရှားမှုကိုပုံမှန်ဖြစ်အောင်ထိန်းပေးခြင်း၊
  • စိတ်ကျခြင်း၊အိပ်စက်မှုပုံမမှန်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့အတွက် သောက်ဆေးပေးခြင်း၊
  • Deep brain stimulation surgery (DBS)

ဦးနှောက်အတွင်းပိုင်းအာရုံကြောတွေနိုးကြားလာအောင် ခွဲစိတ်မှုပြုလုပ်ပြီး ပစ္စည်းကိရိယာထည့်ခြင်း၍ လျှပ်စစ်စနစ်ဖြင့်ထိန်းချုပ်ခြင်း

စသည်တို့ဖြစ်ပါတယ်။

လူနာရဲ့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်မှ သင့်တော်သည့်ကုသမှုပေးမှာဖြစ်ပါတယ်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts