Health Article

သွားဖုံးသွေးယိုခြင်းဟာ သွေးကင်ဆာရဲ့လက္ခဏာတစ်ခုဖြစ်နိုင်တာသင်သိပြီးပြီလား?

Share:

သွေးကင်ဆာ (Leukemia) ဆိုတာ ပုံမှန်မဟုတ်တဲ့ သွေးဖြူဥတွေ ထုတ်လုပ်မှုများပြားခြင်းကနေဖြစ်ပေါ်လာတဲ့ ကင်ဆာတစ်မျိုးပါ။

သွေးကင်ဆာ (Leukemia) လူနာတွေဟာ အမြဲတစေမောပန်းနွမ်းနယ်ခြင်း၊ ရောဂါကူးစက်လွယ်ခြင်း နဲ့  သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးခြေဥခြင်းအစရှိသော သွေးဆိုင်ရာလက္ခဏာတွေပြသတတ်ပါတယ်။သွေးကင်ဆာ (Leukemia) ကို ကင်ဆာဖြစ်စေတဲ့ ဆဲလ်ပေါ်မူတည်ပြီး (၂) မျိုးခွဲခြားနိုင်ပါတယ်။

  • Myeloid Leukemia: ရိုးတွင်းချင်ဆီမှာရှိတဲ့ Myeloid Cells တွေအထွက်များရာကနေ သွေးထဲကိုပျံ့နှံ့သွားတဲ့ ကင်ဆာဖြစ်ပါတယ်။
  • Lymphoid Leukemia: Lymphocytes လို့ခေါ်တဲ့ သွေးဖြူဥတစ်မျိုးမှ စတင်ဖြစ်ပွားတဲ့ ကင်ဆာဖြစ်ပါတယ်။

အထက်ပါကင်ဆာနှစ်မျိုးလုံးကို Genetic Cancer Screening Test နှင့်ဖြစ်စေ၊ သွေးစစ်ပြီးဖြစ်စေ စစ်ဆေးသိရှိနိုင်ပါတယ်။

ကုသနည်းအနေနဲ့ကတော့ (၃) မျိုးရှိပါမယ်။

  • Chemotherapy: ဒါကတော့ Chemo လို့ လူသိများတဲ့ ကင်ဆာဆေးသွင်းကုသခြင်းပါ။ သောက်ဆေးရော အကြောဆေးပါရှိတတ်ပါတယ်။ ဒါပေမယ့် လူနာအနေနဲ့ ဘေးထွက်ဆိုးကျိုးတွေလဲခံစားရနိုင်ပါတယ်။
  • Targeted Therapy: ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ ကင်ဆာဆဲလ်တွေကိုပဲရွေးပြီး ဖျက်ဆီးတဲ့ ကုသနည်းပါ။ (ဥပမာ။   ။ Tyrosine kinase inhibitor ဆေးဟာ နာတာရှည် သွေးက်ငဆာ (Leukemia) ရောဂါကိုကုသတဲ့နေရာမှာအသုံးပြုပါတယ်။
  • Stem Cell Transplantation: ဒီကုသနည်းကတော့ သွေးကင်ဆာထပ်မံမဖြစ်ပွားအောင် ကာကွယ်ခြင်းမှာ အသုံးပြုပါတယ်။ လူနာရဲ့ ဆွေမျိုးမှ ရိုးတွင်းချဉ်ဆီအလှူခံပြီး လူနာထံ ပြန်လည်ထည့်သွင်းပေးခြင်းဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူနာရဲ့ခန္ဓာကိုယ်ထဲမှာ ပင်မဆဲလ် (Stem Cell) အသစ်တွေရရှိနိုင်ျွှာဖြစ်ပါတယ်။ ရိုးတွင်းချဉ်ဆီလဲလှယ်ခြင်းလို့လဲခေါ်ကြပါတယ်။

ဝေ့ဌာနီဆေးရုံကြီးမှာတော့ သွေးကင်ဆာလူနာတွေကို ဘေးထွက်ဆိုးကျိုးနည်းပါးအောင် Targeted therapy ကိုအသုံးပြုပြီးကုသပေးပါတယ်။ ရိုးတွင်းချဉ်ဆီလဲလှယ်ဖို့လိုအပ်လာရင်လဲ ကုသပေးနိုင်ပါတယ်ခင်ဗျာ။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating


Tags:


Related Posts