Health Article

လည်ပင်းကျီးပေါင်းရောဂါ( Neck Arthrosis ) ဟာထင်ထားတာထက်ပိုကြောက်ဖို့ကောင်းပါတယ်။

Share:

အိမ်မှာနေရင်း ဖုန်းနဲ့ကွန်ပြူတာတွေအကြည့်များလို့ ဇက်ကြောတွေအရမ်းတတ်နေပြီလား?

လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ဟာထင်ထားတာထက်ပိုကြောက်ဖို့ကောင်းပါတယ်။

လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ဆိုတာ ပုံမှန်ဆိုရင် အသက် ၆၀ ကျော်လူကြီးများသာအဖြစ်များတာဖြစ်ပါတယ်။ ဒါပေမယ့်ယနေ့ခေတ်မှာတော့ ဖုန်းတွေ၊ ကွန်ပြူတာတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ကို ခံစားလာရကြပါတယ်။ လည်ပင်းကျီးပေါင်းရဲ့ ရောဂါလက္ခစာတွေကတော့ ဇက်ကြောတက်ခြင်း၊ ပခုံးနှင့် လည်ဂုတ်တစ်လျှောက်နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်းရောဂါ(Neck Arthrosis)ကို အဆင့် (၃) ဆင့်ခွဲခြားနိုင်ပါတယ်။

အစပျိုးခြင်းအဆင့် – ဇက်ကြောတက်ခြင်း၊ ပခုံးနှင့် လည်ဂုတ်တဝိုက်နာကျင်ခြင်း တို့ခံစားရပါမယ်

အလယ်အလတ်အဆင့် – အာရုံကြောဆိုင်ရာလက္ခဏာများ (လည်ဂုတ်တဝိုက်ရှိ အာရုံကြောများနာကျင်ခြင်း၊ လက်မောင်းနှင့်လက်ဖျံရိုးများအထိ နာကျင်လာခြင်း

ပြင်းထန်အဆင့် – ကျောရိုးဆစ်အားစတင်ထိခိုင်သည့်လက္ခဏာများ (ခြေ၊လက်များ မလှုပ်နိုင်တော့ခြင်း၊ ထုံကျင်ခြင်း၊ ခန္ဓာကိုယ် ဟန်ချက်မညီဖြစ်ခြင်း) တို့ခံစားရမှာဖြစ်ပါတယ်။

ကုသနည်းများအနေနဲ့ကတော့ အစပျိုးအဆင့်မှာ သာမန်လေ့ကျင့်ခန်း၊ အကိုက်အခဲပျောက်ဆေး များဖြင့်ကုသနိုင်ပေမယ့် အာရုံကြောနဲ့ ကျောရိုးထိခိုက်ခြင်းဆိုင်ရာလက္ခဏာများဖြစ်ပေါ်လာပါက ခွဲစိတ်ကုသဖို့လိုအပ်လာနိုင်ပါတယ်။ ဝေ့ဌာနီဆေးရုံကြီးမှာတော့ (၃) စင်တီမီတာခန့်သာရှိတဲ့ ခွဲရာပေးပြီး(Minimal invasive Surgery)နည်းစနစ်နဲ့ လည်ပင်းဆစ် ခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်နေပါပြီ။ တစ်ညပဲဆေးရုံတက်ရမှာဖြစ်ပြီးအမြန်ဆုံး နာလန်ပြန်ထူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး
☎Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 2.1 stars
    2.1 / 5 (14 )
  • Your Rating




Related Posts