Health Article

သိုင်းရိုက် ကင်ဆာကိုပျောက်ကင်းအောင်ကုသနိုင်ပါပြီ။ – Thyroid cancer is treatable!

Share:

သင့်လည်ပင်းမှာပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်တစ်ခုခုတွေ့နေရပါသလား။ တစ်ခါတစ်ရံမှာအဲဒီ အကျိတ်ဟာကင်ဆာကျိတ်ဖြစ်နေနိုင်ပါတယ်။ အကယ်လို့ ကင်ဆာကျိတ်ဖြစ်နေမယ်ဆိုရင်တော့ လည်ပင်းပတ်လည်က ပြန်ရည်ကြောဂလင်းတွေနဲ့ အရိုးတွေကိုပျံ့နှံ့သွားနိုင်ပါတယ်။ ဒါပေမယ့်စိတ်မပူပါနဲ့၊ ပျောက်ကင်းအောင်ကုသလို့ရနိုင်ပါတယ်။

ဝေ့ဌာနီဆေးရုံကြီးရဲ့ ကင်ဆာအထူးကုဆရာဝန်ကြီး Dr. Thanate Dejsakdipon ရဲ့ ပြောပြချက်အရဆိုရင် သိုင်းရွိုက်ကင်ဆာဟာ(Thyroid cancer) ရောဂါလက္ခဏာ သိသိသာသာပြသ ခဲပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ လည်ပင်းမှာ အကျိတ်ကြီးလာခြင်း၊ အစာမျိုရန်ခက်ခဲခြင်း၊ အသံပြောင်းလာခြင်းနဲ့ ကိုယ်အလေးချိန်ကျလာခြင်းတို့ဖြစ်ပါတယ်။ ဆရာဝန်နဲ့သွားရောက်ပြသရင်တော့ ကင်ဆာဟုတ်မဟုတ်သေချာစေဖို့ Ultrasound ရိုက်ပြီး အသားစယူစစ်ဆေးမှာဖြစ်ပါတယ်။

သိုင်းရွိုက်ကင်ဆာကိုဖြစ်စေတဲ့ (Thyroid cancer’s causes)အရာများကတော့ ဓာတ်ရောင်ခြည်ထိတွေ့မှုများခြင်း၊ အသက်ကြီးလာခြင်း နှင့် မျိုးရိုးလိုက်ခြင်းတို့ဖြစ်ပါတယ်။ အသက် ၄၀ နဲ့ ၆၀ ကြားမှာအဖြစ်များပါတယ်။

သိုင်းရွိုက်ကင်ဆာ(Thyroid cancer) ကိုကုသမယ့် ပထမဆုံးနည်းကတော့ခွဲစိတ်ဖြတ်ထုတ်ခြင်းပါ။ ဝေ့ဌာနီဆေးရုံကြီးမှာ ကင်ဆာအကျိတ်အခြေအနေပေါ်မူတည်ပြီး မှန်ပြောင်းဖြင့် အပေါက်ဖေါက်ခွဲစိတ်ခြင်း၊ အမာရွတ်မကျန်ခွဲစိတ်ခြင်းနည်းစနစ်များဖြင့် နာကျဉ်မှုအနည်းဆုံးနှင့် အမြန်ဆုံးသက်သာစေရန်ခွဲစိတ်ပေးနိုင်ပါတယ်။

ခွဲစိတ်မှုအပြီးမှာတော့ Radioactive iodine ကိုအသုံးပြုပြီး ကင်ဆာဆဲလ်များကိုနောက်ထပ်မဖြစ်အောင် ကုသပေးမှာဖြစ်ပါတယ်။ သိုင်းရွိုက်ကင်ဆာ(Thyroid cancer) ဖြစ်သူများရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာအရှင်းပျောက်သွားကြပါတယ်။ ကုသပြီးရင်တော့ ပုံမှန်ဆရာဝန်နှင့်ပြသပြီး ကင်ဆာပြန်မဖြစ်စေဖို့ စစ်ဆေးပေးရမှာဖြစ်ပါတယ်။

သိုင်းရွိုက်ကင်ဆာကိုကာကွယ်ဖို့နည်းစနစ်တွေကတော့(Thyroid cancer prevention) ဓာတ်ရောင်ခြည်များ၊ Chemicals များနှင့်ဝေးအောင်နေပြီး အိုင်အိုဒင်းဓာတ်မချို့တဲ့စေဖို့ ဂရုစိုက်ရမှာဖြစ်ပါတယ်။ လည်ပင်းမှာအလုံးအကျိတ်စမ်းမိရင်လည်းဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

☎အသေးစိတ် အချက်အလက်များအတွက် Facebook Messenger မှဖြစ်စေ၊ Myanmar Viber Hotline +66 819 845 111 သို့ဖြစ်စေ မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

  • Readers Rating
  • Rated 3.8 stars
    3.8 / 5 (4 )
  • Your Rating




Related Posts