Health Article

မပေါ့ဆသင့်တဲ့ နာတာရှည် ဗိုက်နာခြင်း (Stomach Pain) နှင့်

Share:

အစာအိမ်မှန်ပြောင်းကြည့်စစ်ဆေးခြင်း(Esophagogastroduodenoscopy)

   ကြာရှည်စွာ ဗိုက်အောင့်ခြင်း (Chronic stomach pain)/နာခြင်း၊မကြာခဏ အော့အန်ခြင်း၊အစာမကြေ၍် ရင်ခေါင်းပူစပ်ပူလောင်ဖြစ်ခြင်း၊အစာမျိုရခက်ခြင်း(သို့)အစာမျိုချလျင်နာကျင်ခြင်း၊သွေးအန်ခြင်း၊သွေးဝမ်းသွားခြင်း၊ဝမ်းအရောင်မည်းခြင်း၊သွေးထွက်များခြင်းကြောင့် သွေးအားနည်းခြင်းတို့ ဖြစ်လာလျှင် မှန်ပြောင်းကြည့်ခြင်းဖြင့် တိကျသည့် အဖြေကို ရှာနိုင်ပါတယ်။

အကယ်၍ မိတ်ဆွေတို့မှာ နာတာရှည်ရောဂါရှိပြီး ဆေးစွဲသောက်ရတဲ့လူဆိုလျှင် မှန်ပြောင်းမကြည့်ခင်တပတ်လောက်အကြိုကို ဆရာဝန်နဲ့တွေ့ပြီးမိမိသောက်နေတဲ့ဆေးကို ပြသင့်ပါတယ်။👌👌

  မှန်ပြောင်း (Esophagogastroduodenoscopy) ကြည့်မည်ဆိုလျှင် ၆နာရီ (သို့)၈ နာရီခန့်ကြိုပြီး အစာ/ရေ ဖြတ်ထားရပါမယ်။

မှန်ပြောင်း (Esophagogastroduodenoscopy) ကြည့်ခါနီးမှာ နာကျင်မှုမရှိအောင် လည်ချောင်းမှာထုံဆေးဖြန်းပေးပါမယ်။ပြီးနောက် မိမိနဲ့သင့်တော်မယ့်ပမာဏရှိ အိပ်ဆေးထိုးပေးပါမယ်။ အိပ်ပျော်ပြီဆိုမှ ဆရာဝန်ကမှန်ပြောင်းစကြည့်ပါမယ်။မှန်ပြောင့်ကြည့်ကြာချိန်ကတော့ ၁၅ မိနစ်ခန့်သာရှိပါတယ်။

မှန်ပြောင်း (Esophagogastroduodenoscopy) ကြည့်ပြီးလူနာမှာအိပ်ဆေးအရှိန်ရှိနေသေးတဲ့တွက် အနဲဆုံး နာရီဝက်(သို့) တစ်နာရီခန့်အိပ်နေရပါမယ်။ နိုးလာပြီဆိုတာနဲ့ ဆရာဝန်နဲ့တွေ့ပြီး အဖြေနားထောင်လို့ရပါပြီ။     မှန်ပြောင်း (Esophagogastroduodenoscopy) ကြည့်ခြင်းကြောင့် အစာမျိုပြွန် အစာအိမ် အူသိမ်ပိုင်း မှာဖြစ်တဲ့ ရောဂါကိုသိရှိနိုင်ပြီး မှန်ကန်တဲ့ကုသမှုကို ရနိုင်မှာဖြစ်တယ်။

  • Readers Rating
  • Rated 2.6 stars
    2.6 / 5 (4 )
  • Your Rating



Related Posts