Health Article

သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကြာလာတာနဲ့အမျှ မျက်စိကွယ်နိုင်ချေရှိပါသည်

Share:

သွေးချိုဆီးချိုရှိသောလူများတွင်မှန်ကန်သောအစားသောက်နှင့်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သွေးတွင်းသကြားဓာတ်ကိုထိန်းထားခြင်းအပြင်ပို၍ဂရုစိုက်ကြည့်ရှုနေသင့်ပါသည်။အကယ်၍အချိန်ကြာမြင့်စွာသွေးတွင်းသကြားဓာတ်တက်နေပါက ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်းအပြင် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများအား နောက်ဆက်တွဲဆိုးကျိုး သက်ရောက်နိုင်ပါသည်။ 

ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်း သည် ဆီးချိုသွေးချို၏ ဆိုးရွားသော အမြင်အာရုံထိခိုက်မှုတစ်ခုလည်းဖြစ်သည်။ မျက်ကြည်လွှာအတွင်းရှိ သွေးကြောများ တဖြည်းဖြည်း ပျက်စီးလာရာမှ အမြင်မှုန်ဝါးရာမှ အစပြု၍ မျက်လုံးကွယ်သည်အထိဖြစ်စေနိုင်ပါသည်။  

ဆီးချိုသွေးချိုနှင့်နွယ်သောမျက်လုံးရောဂါများ

  1. ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်း – ဆီးချိုသွေးချိုမထိန်းနိုင်ခြင်းကြောင့်ဖြစ်သော အဖြစ်များဆုံး မျက်လုံးထိခိုက်ခြင်း ကနေ လုံးဝမျက်လုံးကွယ်ခြင်း နှင့် အတွင်းတိမ်တို့ ဖြစ်နိုင်ပါသည်။ 
  1. ရေတိမ် – မျက်လုံးရဲ့မှန်ဘီလူးတွင်တိမ်ဖုံးခြင်းသည် ဆီးချိုမရှိသောသူထက် ဆီးချိုရှိသောသူများသည် ၂ ဆဖြစ်နိုင်ချေရှိပါသည်။ 

ဆီးချိုသွေးချိုနှင့်မျက်လုံးအခြေအနေ

  • ဖြစ်စတွင် ရောဂါလက္ခဏာများပြလေ့မရှိပါ။ 
  • အမြင်အာရုံကိုသက်ရောက်သည့်တိုင် ရောဂါအခြေအနေဆိုးရွာလာခြင်းမသိသာပါ။ 
  • ပုံမှန်မဟုတ်သောသွေးကြောများစတင်ကြီးထွားလာပြီးနောက်မျက်ကြည်လွှာထဲသို့စိမ့်ဝင်နိုင်ပါသည်။ 
  • ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်းများမှ ဆိုးရွားသောအခြေနေဖြစ်သည့် အမြင်အာရုံဆုံးရှုံးမှုနှင့် မျက်လုံးကွယ်မှုများကို ဖြစ်စေနိုင်ပါသည်။ 

Diabetic-th-2-1

ကုသခြင်းနှင့်ကာကွယ်ခြင်း

ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်း မဖြစ်မီတွင် လူနာသည် သွေးတွင်းသကြားဓာတ်၊သွေးဖိအား၊ ကိုလက်စရော များကို ကျန်းမာသောနေထိုင်မှု ကိုရွေးချယ်၍ ထိန်းထားသင့်သည်။ တစ်နှစ်တစ်ခါ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်လုံးစစ်ဆေးခြင်းဖြင့်စောစီးစွာ သိရှိကာကွယ်နိုင်ပါသည်။ ရောဂါရင့်သောအခြေနေများတွင် စိမ့်ထွက်သွားသောသွေးကြောများကို ပြန်လည် ဖာထေးရန်နှင့် အသစ်ထပ်၍ မစိမ့်ထွက်နိုင်ရန်လေဆာခွဲစိတ်ကုသမှု လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။ 

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating



Related Posts