Health Article

မပေါ့သင့်သော ဝမ်းထဲတွင် သွေးပါခြင်း

Share:

ဝမ်းသွားခြင်းသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို စွန့်ပစ်ရန်အတွက် အရေးကြီးသောလုပ်ငန်းဆောင်တာ တစ်ခုဖြစ်ပါတယ်။ ဝမ်းအရောင်ကို ကြည့်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှ နေ့စဉ်စားသုံးသော အစားစာများ၊ အူမကြီး ကျန်းမာရေး နှင့် ကျန်းမာရေး ပြဿနာများကို သိနိုင်ပါတယ်။ ဥပမာအားဖြင့် ဝမ်းအမာ၊ ဝမ်းအနက်ရောင် သို့မဟုတ် သွေးပါခြင်းသည် အန္တရာယ်လက္ခဏာများ၏ အစဖြစ်ပါသည်။

အောက်ပါအခြေနေများရှိပါက သတိထားသင့်သော ဆရာဝန်နှင့် ပြသသင့်သော အခြေနေများဖြစ်ပါတယ်

လိပ်ခေါင်း – ဝမ်းချုပ်သောသူများတွင် ပုံမှန်ဝမ်းသွားလေ့ရှိသူများထက် လိပ်ခေါင်းဖြစ်နိုင်ချေများပါတယ်။ ဝမ်းအမာသွားခြင်းကြောင့် စအိုပတ်ပတ်လည်ရှိ အရေပြားနှင့် ပါးလွှာသော သွေးကြောနံရံများ ပျက်စီးစေနိုင်ပြီး လိပ်ခေါင်းဖြစ်ခြင်းကို ဦးတည်စေပါတယ်။ထို့အပြင် ဝမ်းသွားလျှင်သွေးထွက်ခြင်းနှင့် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

အစာဟောင်းအိမ်သွေးထွက်ခြင်း – အစာဟောင်းအိမ်သွေးထွက်ခြင်းသည် သွေးစိမ်း၊သွေးခဲနှင့်ဝမ်းရော၍ နာကျင်မှုမရှိဘဲ ဝမ်းသွားခြင်းဖြစ်ပါသည်။ သွေးအမြောက်အများပါခြင်းသည် ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသဖို့လိုအပ်လာပါသည်။

အစာအိမ်နှင့်အူလမ်းကြောင်းသွေးထွက်ခြင်း – သွေးထွက်ခြင်းသည်အစာအိမ်နှင့်အူလမ်းကြောင်း၏ မည်သည့်အစိတ်အပိုင်းမှ မဆိုထွက်နိုင်ပါတယ်။အကယ်၍ ကော်ဖီရောင်သွေးအန်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်းကဲ့သို့ ဖြစ်ပွားခဲ့ပါက စောစီးစွာ ဆေးရုံသို့ သွားရောက်ပြသသင့်ပါတယ်။

အူလမ်းကြောင်းဆိုင်ရာ သွေးကြောပိတ်ခြင်း – အစာဟောင်းအိမ်သွားသော သွေးလွှတ်ကြောတွင်ပိတ်ဆို့ခြင်းကြောင့် ဖြစ်လာပါသည်။ ကြာရှည်ပိတ်ဆို့ခြင်းရှိပါက အခြေနေ ပိုမိုဆိုးရွားနိုင်ပါသည်။ထိုရောဂါသည် ရုတ်တရက် ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်းလက္ခဏာတို့ဘဲဖြစ်ပါတယ်။ ထိုသွေးကြောပျက်စီးခြင်းမှသည် အူနံရံသို့ ရောဂါပိုးကူးစက်ဝင်ရောက်ပြီး မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

အူမကြီးကင်ဆာ – အစာဟောင်းအိမ်မှသွေးထွက်ခြင်း သို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်းသည် အူမကြီးကင်ဆာဖြစ်နိုင်ချေရှိပါတယ်။အများအားဖြင့် အသက် ၄၀-၅၀ ကြားတွင် ဖြစ်ပွားလေ့ရှိပါတယ်။ မိသားစုတွင် ဖြစ်ပွားခဲ့ဖူးခြင်းရာဇဝင် ရှိပါက အသက်ကြီးပိုင်းတွင် သာမက သက်လတ်ပိုင်းတွင်လည်းဖြစ်နိုင်ပါတယ်။သွေးပါခြင်း သည် အစားသောက်နှင့် ဆေးဝါးများက သက်ရောက်ခြင်းထက် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ကြောင့် ဖြစ်နိုင်ပါသည်။တစ်ချို့တွင် ကျန်းမာသော အစားသောက်နေထိုင်မှုအားဖြင့် ပြန်လည်ကောင်းမွန်နိုင်ပါတယ်။ သွေးဝမ်းသွားမပျောက်ဘဲ ကြာရှည် ဖြစ်နေပါက ဆရာဝန်နှင့်ပြသ ဆွေးနွေးသင့်ပါတယ်။



Related Posts