Health Article

အရိုးပွခြင်း -အရိုးကိုတစ်စတစ်စနှင့်ဖျက်ဆီးသူ

Share:

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏အဆိုအရ ကမ္ဘာတစ်ဝန်းရှိ အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသော အရိုးပွခြင်းသည် ထင်ရှားသော ကျန်းမာရေးပြဿာနာ တစ်ရပ်ဖြစ်လာပါတယ်။ အရိုးထုထည်၊အရိုးအင်အား လျော့နည်းလာခြင်းကြောင့် အရိုးတွင် ပြဿနာပေါ်လာခြင်း ဖြစ်သည်။

အရိုးများသည် အရိုးပါးလာခြင်းကြောင့် အလွယ်တကူ အားနည်း၍ ကျိုးပဲ့လွယ်လာသည်။ အဖြစ်များသော နေရာများ က ကြောရိုး၊ တင်ပဆုံ နှင့် လက်ကောက်ဝတ်ရိုး တို့ဖြစ်သည်။ သိသာထင်ရှားသော ကြိုတင်လက္ခဏာများ မပြသဘဲ ဖြစ်ပွားတတ်သောကြောင့် အရိုးကို တဖြည်းဖြည်း ပျက်စီးစေသောရောဂါဟုလည်း သတ်မှတ်ထားကြပါတယ်။

အရိုးပွားခြင်းဖြစ်စေသောအကြောင်းများနှင့် ဖြစ်နိုင်သောအန္တရာယ်များ

 

  • ကယ်ဆီယမ်လျော့နည်းလာခြင်း
  • Vitamin D လျော့နည်းလာခြင်း
  • အီစရိုဂျင် ပမာဏလျော့နည်းလာခြင်း
  • လေ့ကျင့်ခန်း မပြုလုပ်ခြင်း

အရိုးကို တဖြည်းဖြည်း ပျက်စီးစေသောရောဂါ ဟုခေါ်ခြင်းမှာ ရောဂါလက္ခဏာမပြဘဲ လူနာသည် အရိုးကျိုးသွားပြီး အရိုး ပျက်စီးမှုကိုပင် သတိမထားမိဘဲ ဖြစ်လေ့ရှိသည်ကို ကြုံရသောကြောင့် ဖြစ်ပါသည်။ ထိုရောဂါသည် ခံတွင်းကျန်းမာရေးကို လည်း သက်ရောက်မှုရှိပါသည်။ သွား၏ဘေးပတ်လည်ရှိအရိုးသိပ်သည်းဆ လျော့နည်းလာသောအခါ သွားများ လျော့ရဲလာတတ်ပါတယ်။

ကျန်းမာသောအရိုးဖြစ်အောင်နေထိုင်နည်း ၅နည်း

  • ငါး၊အသီးအနှံနှင့်အရွက်များသာမက နို့ထွက်စာများပါဝင်သော အစားသောက်များကို မျှတစွာစားသုံးပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် အရိုးရှိ ကယ်ဆီယမ် ဓာတ်ကိုထိန်းပေးပြီး အရိုးပျက်စီးမှုကိုကာကွယ်ပေးပြီးသားဖြစ်ပါတယ်။
  • ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကိုရှောင်ရှားပါ။
  • ဗီတာမင်ဒီရရှိရန် နံနက်စောစောနေရောင်ခြည်ကိုခံယူပါ။
  • အရိုးကျန်းမာရေးအတွက် စိတ်ဖိစီးမှုများကိုလျှော့ချပါ။

အရိုးပွခြင်းလက္ခဏာ ၃ မျိုး

  • အရပ်နိမ့်ကျခြင်း
  • ကြောရိုးကွေးလာခြင်း
  • အရိုးကပုံမှန်ထက်ပို၍ ကျိုးလွယ်ပါတယ်

အရိုး မည်မျှထူခြင်း နှင့် အရိုးသိပ်သည်းဆကို Bone mineral density test (BMD) ဖြင့် စမ်းသပ် စစ်ဆေးနိုင်ပါတယ်။ အရိုးပါးခြင်းအတွက် တိတိကျကျ ကုသကာကွယ်မှု မရှိသေးသော်ငြားလည်း ကာကွယ်ကုသရန်နည်းလမ်းတော့ရှိပါတယ်။ အစားသောက်နှင့် ပုံမှန်လေ့ကျင့်ခန်းက အရိုးသိပ်သည်းဆကို မြင့်တင်ပေးနိုင်ပါတယ်။ အချို့ပြဿနာများတွင် ဆရာဝန်က အရိုးဆုံးရှုံးမှုအတွက် ဆေးဝါးကုသခြင်းကို ညွှန်းနိုင်ပါတယ်။

  • Readers Rating
  • Rated 4.5 stars
    4.5 / 5 (2 )
  • Your Rating




Related Posts